
အဖျော်ယမကာ တစ်မျိုး ဖြစ်တဲ့ ဘီယာကတော့ မူးယစ်စေတဲ့အရာ ဆိုပေမယ့် လူတွေကို အထောက်အကူပြုနေပါတယ်။ ဘီယာကို အကြောင်းအမျိုးမျိုးနဲ့ သောက်သုံးကြပါတယ်။ ဘီယာကလည်း ကောင်းကျိုးအမျိုးမျိုး ပြန်ပေးလေ့ ရှိပါတယ်။ ဘီယာကို သောက်သုံးလို့ ရတဲ့ အကျိုးတွေ ရှိနေသလို ဘီယာကို တခြားသော နည်းနဲ့လည်း အသုံးဝင်အောင် ပြုလုပ်လို့ ရပါသေးတယ်။ ဘတ်စုံကနေ ကောင်းကျိုးတွေရှိနေတဲ့ ဘီယာရဲ့ အသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) အိပ်မပျော်ခြင်းကို ကုသပေးတယ်
ညအိပ်မပျော်တဲ့သူတွေအတွက် ဘီယာသောက်သုံးပေးခြင်းဖြင့် အိပ်ချိန်မှန်လာစေနိုင်ပါတယ်။ ဘီယာမှာ အိပ်ပျော်တာကို အားပေးတဲ့ လက်တိုဖလာဗင်နဲ့ နစ်ကိုတင်နစ်အက်စစ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ညအိပ်မပျော်တာကို ကုသပေးနိုင်တာ ဖြစ်ပါတယ်။

Dorte/Pexels
(၂) အသားအရေကို လှပစေတယ်
ဘီယာက အသားအရေအတွက် တကယ့်ကို အကျိုးထူးတဲ့အရာတစ်မျိုးပါ။ အသားအရေမှာ ရှိတဲ့ အညစ်အကြေးတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အသားအရေကို တင်းရင်းစေပါတယ်။ ဘီယာကို လီမွန်ရည်နည်းနည်း ထပ်ပေါင်းလိုက်ရင် ပျက်စီးနေတဲ့ အသားအရေပေါ်က အမည်းစက်တွေ မှဲ့ခြောက်တွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါ့အပြင် အသားအရေရဲ့ pH levels ကို ထိန်းညှိပေးပါသေးတယ်။

Photo by ELEVATE from Pexels
(၃) ဆံသားကိုလည်း ကျန်းမာစေတယ်
ဘီယာကို conditioner အစားထိုးပြီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဘီယာနဲ့ ဆံပင်ကို လျှော်ပေးမယ်ဆိုရင်တော့ ဆံသားဖွာနေတာတွေကို သက်သာစေပြီး ထူထဲလာစေမှာပါ။ ဆံသားတွေကိုလည်း ပိုပြီး တောက်ပြောင်လာစေပါတယ်။ ဒါ့အပြင် ဘီယာမှာ တဆေးနဲ့ ဗီတာမင်ဘီ ပါဝင်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဘီယာနဲ့ လျှော်ပေးမယ်ဆိုရင် ဦးရေပြားကို ကျန်းမာစေပြီး ဗောက်တွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

Photo by Ketut Subiyanto from Pexels
(၄) စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်
သုတေသနတွေအရ တစ်နေ့ကို ဘီယာ နှစ်ခွက် ပုံမှန် သောက်ပေးတာက အလုပ်ဖိအားတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကို လျော့ကျသွားစေပါတယ်။

Photo by ELEVATE from Pexels
(၅) ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
ဘီယာမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဘီယာမှာ ရေဓာတ်က ၉၀ ရာနှုန်းပါဝင်တာမို့ ကျောက်ကပ်အတွက် ကောင်းမွန်ပါတယ်။ ဘီယာသောက်သုံးပေးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘီယာသောက်တဲ့အခါ အပေါ့ပိုပြီး သွားချင်လာကြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
Kham