
ဒီတစ်ခေါက်မှာတော့ Her World မဂ္ဂဇင်းကနေ ကောက်နုတ်ပြီး အောက်တိုဘာလထဲ ပျိုမေတို့ရဲ့ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးသွားမှာပါ။ ကိုယ့်ရာသီခွင်အလိုက် ဘယ်လိုအရာတွေကို ရှောင်ပြီး ဘယ်လိုအရာတွေကိုသတိထားလုပ်ဆောငရမယ်ဆိုတာ ကြည့်လိုက်ရအောင်။
Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ
အရာရာဉာဏ်သုံးဆင်ခြင်ပြီးတော့ ဆုံးဖြတ်ရမယ့်ကာလဖြစ်ပါတယ်။ ဘာမှမလုပ်ခင်မှာ ရှုထောင့်ပေါင်းစုံက စဉ်းစားပြီးကာမှ ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ အရာရာကို ဆုံးဖြတ်ပါ။
ကံကောင်းမယ့်အရောင်- အပြာနုရောင်
Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ
မလိုအပ်တဲ့ ဒရာမာတွေကြားထဲ ညပ်ဖို့ လမ်းမြင်နေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဒရာမာတွေကို ရှောင်ကျဉ်ပြီးတော့ ကိုယ့်လမ်းကြောင်းပေါ်မှာပဲ ကိုယ်လျှောက်ပါ။
ကံကောင်းမယ့်အရောင်- ငွေရောင်
Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ
သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကစလို့ ဘော့စ်အဆုံး အကုန်လံးကို သတိထားရမယ့် ကာလပါပဲ။ အလုပ်မှာ ပြဿနာတွေတက်တတ်တဲ့အတွက် တိုက်ပွဲဝင်ဖို့ကို အဆင်သင့်ပြင်ထားပါလေ။
ကံကောင်းမယ့်အရောင်- ရွှေရောင်

Freepik- lookstudio
Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ
အထက်လူကြီးကို တည့်အောင်နေပါ။ တန်းတူလုပ်ဖော်ကိုင်ဖက်တွေထဲက သင်နဲ့ ပြိုငဆိုင်ချင်တဲ့လူ ပေါ်လာပါလိမ့်မယ်။
ကံကောင်းမယ့်အရောင်- အစိမ်းနုရောင်
Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ
ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ ခေါင်းအေးအေးထေားပြီး စဉ်းစားဆံးုဖြတ်ပါ။ စိတ်လှုပ်ရှားလွန်ပြီး ပြဿနာပိုတက်အောင် မလုပ်ပါနဲ့။
ကံကောင်းမယ့်အရောင်- မီးခိုးနုရောင်
Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ
အရာရာကို လောဘမကြီးပါနဲ့လို့ မှာချင်ပါတယ်။ သင့်ရဲ့လက်ရှိအခြေအနေဟာ ပန်းတိုင်ကိုမရောက်သေးပေမယ့်လို့ သင့်ရဲ့တိုးတက်မှုကိုတော့ မြင်နေရပါပြီ။ ဒါကြောင့် စိတ်အေးလက်အေးလေးတော့ ဒီတစ်လမှာ နေလိုက်ပါ။
ကံကောင်းမယ့်အရောင်- မိုးပြာရောင်

Freepik- lookstudio
Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ
ပတ်ဝန်းကျင်ဆိုတာ အမြဲတမ်းပြောင်းလဲတတ်တယ်ဆိုတာကို သတိထားပါ။ ဒါကြောင့် သင်ဟာလည်း ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်နဲ့လိုက်ပြီးတော့ ပြောင်းလဲနိုင်အောင် သတိထားပါ။
ကံကောင်းမယ့်အရောင်- အဝါရောင်တောက်တောက်
Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ
သူများတွေရဲ့ဝေဖန်မှုတွေထက် ကိုယ့်ရဲ့စိတ်ကိုပဲ ကိုယ်ယုံကြည်မှုရှိခြင်းဟာ ဒီကာလအတွင်း သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။
ကံကောင်းမယ့်အရောင်- အပြာရောင်အရင့်တောက်တောက်
Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ
လူတိုင်းကို မယုံကြည့်သင့်တဲ့ ကာလတစ်ခုပါ။ အထူးသဖြင့် အလုပ်ကလူတွေကိုပေါ့။ သတိထားဆက်ဆံပေးပါ။
ကံကောင်းမယ့်အရောင်- အနီရောင်ခပ်မှိုင်းမှိုင်း

Freepik- freepik
Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ
ဒီအချိန်မှာ အဆက်အသွယ်ကောင်းရှိထားဖို့က အရေးကြီးပါတယ်။ လူတွေဟာ သင့်ရဲ့ ကျွမ်းကျင်တတ်မြောက်မှုကို ခုတုံးလုပ်အသုံးချဖို့အတွက် ကြံစည်နေကြပါတယ်။ နောက် သင်ကိုယ်တိုင်ဟာလည်း ကိစ္စအမျိုးမျိုးကြောင့် စိတ်ခံစားချက်တွေ ဟိုးအောက်ဆုံးကို ရောက်နေတဲ့ကာလတစ်ခုပါ။
ကံကောင်းမယ့်အရောင်- ပန်းဆီရောင်
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ
ဒီကာလအတွင်းမှာ သင့်ရဲ့ပြဿနာတွေဟာ လွယ်လွယ်ကူကူနဲ့ဖြေရှင်းလို့ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြဿနာတွေကိုပဲ အာရုံစိုက်ဖြေရှင်းပြီး တခြားကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့။
ကံကောင်းမယ့်အရောင်- မီးခိုးရောင်နု
Pisces: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ
ကိစ္စတိုင်းကို လွယ်လွယ်ကူကူလျှင်လျှင်မြန်မြန်နဲ့ လုံးဝဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ အထူးသဖြင့် သင်အမြဲတမ်းဖြစ်ချင်နေတဲ့ ကိစ္စမျိုးတွေမှာပေါ့။
ကံကောင်းမယ့်အရောင်- အပြာရောင်

Freepik- lookstudio
penny