ခြင်တွေက ဘာလို့ကိုယ့်ကိုပဲ ကိုက်နေကြတာလဲ
myanmaplatform.com
|
2020-10-18



အတူတူထိုင်နေတဲ့ လူအချင်းချင်းတောင် ကိုယ့်ကိုပဲ ခြင်တွေကိုက်နေတာမျိုး ကြုံဖူးကြမှာပါ။ဘာလို့ ခြင်တွေက ကိုယ့်ကိုပဲကိုက်နေရတာလဲဆိုတာ သိထားမယ်ဆိုရင် ခြင်မကိုက်အောင်နေလို့ရမှာပါ။



၁— အဝတ်အစား
ခြင်တွေက အမြင်အာရုံကောင်းကြပြီးတော့သူတို့ရဲ့ အမြင်မှာ ထင်းနေစေမယ့် အရောင်တွေကို ပိုပြီးမြန်မြန်တွေ့ပါတယ်။အနီရောင် အနက်ရောင် နဲ့ နက်ပြာဝတ်ထားတဲ့လူဆိုရင် ပိုပြီး ခြင်ကိုက်ခံရတာကို သတိထားမိမှာပါ။



၂ — သွေးအမျိုးအစား
ခြင်အကိုက်ခံရဆုံးသွေးကတော့ O သွေးပါ။တခြား A နဲ့ B ထက်စာရင် O သွေးက ခြင်တွေကိုပိုပြီးဆွဲဆောင်နိုင်ပါတယ်။




၃ — ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့

လူတွေက အသက်ရှူတဲ့အခါမှာ အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်ကြပါတယ်။ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့ကို ပေ ၁၆၀ လောက်ကနေတောင်ရနိုင်တာမလို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များနေရင် ခြင်တွေပိုလာမှာပါ။နှာခေါင်းနဲ့ ပါးစပ်က ရှုထုတ်တာမလို့ ခေါင်းနားမှာ တဝီဝီလုပ်နေရတာပဲဖြစ်ပါတယ်။




၄ — အပူနဲ့ချွေး

လူ့ရဲ့ချွေးမှာပါတဲ့ လက်တစ်အက်ဆစ် ယူရစ်အက်ဆစ်နဲ့ အမိုးနီးယားအနံ့က ခြင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ခြင်တွေက ခန္ဓာကိုယ် နွေးနေတာကိုလည်း သဘောကျကြပါတယ်။ရေမချိုးရသေးလို့ ချွေးထွက်ပြီး ခန္ဓာကိုယ်နွေးနေတဲ့အချိန်ဆို ခြင်ပိုကိုက်မှာပါ။




၅ — အသားအရေ

ခြင်တွေက ဘက်တီးရီးယားတွေများတဲ့အသားအရည်ကို ပိုကိုက်ပါတယ်။ခြေထောက်တွေ တံတောင်တွေမှာ ခြင်ပိုကိုက်တာက အဲ့ဒီနေရာတွေက ဘက်တီးရီးယားတွေကပ်နေတတ်လို့ပါ။

ခြင်ခဏခဏကိုက်ခံနေရတဲ့ အကြောင်းအရင်းကို သိပြီးပြီဆိုတော့ ခြင်ကိုက်မခံရအောင် သတိထားလို့ရမယ်လို့ထင်ပါတယ်။




Some text some message..