ဆောင်းတွင်းမှာပဲ ဖြစ်လေ့ရှိနေတဲ့ စိတ်ဓာတ်ကျရောဂါ SAD အကြောင်း
auntymay.com
|
2020-10-27

SAD ဆိုတာ Seasonal Affective Disorder လို့ခေါ်ပါတယ်။ ဆောင်းတွင်းမှာဖြစ်ပျက်တတ်တဲ့ စိတ်ခံစားချက် ကျဆင်းခြင်းရောဂါတစ်မျိုးပဲဖြစ်ပါတယ်။


SAD ဘာလို့ဖြစ်ရတာလဲ

ဆောင်းတွင်းမှာ နေရောင်ခြည်ဟာ တခြားသော ဥတုတွေထက်ပိုပြီး မရတတ်ကြပါဘူး။ ဒီလို လူ့ခန္ဓိကိုယ်ဟာ နေရောင်ခြည်လုံလောက်စွာ မရရှိနိုင်တဲ့အခါမျိုးမှာဆိုရင် hypothalamus ဆိုတဲ့ ဦးနှောက်ထဲက biochemical မမျှတမှုတွေဖြစ်လာနိုင်ပါတယ်။ Hypothalamus ဆိုတာ စိတ်ခံစားချက်ကို ထိန်းညှိုပေးတာဖြစ်တဲ့အတွက်ကြောင့် အိပ်မပျော်တာတွေ၊ anxiety နဲ့ စိတ်ဓာတ်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်းနဲ့ တစ်ခုခုဆိုရင် ပိုပြီးတော့ တုန့်ပြန်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါဟာ SAD ပါပဲ။

SAD အနေနဲ့ စတင်ဖြစ်တဲ့အချိန်ဟာ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းကစပြီးတော့ မတ်လလောက်အထိကို ဖြစ်လာနိုင်ပါတယ်။ စိတ်ခံစားချက် မတရားကျတဲ့ ကာလတွေကတော့ ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတို့ပဲဖြစ်ပါတယ်။


Freepik- wirestock


SAD ရဲ့ လက္ခဏာများ

NHS ရဲ့ဖော်ပြချက်အရ SAD ရဲ့လက္ခဏာတွေကတော့
ဆောင်းတွင်းမှ သိသိသာသာ mode changes တွေဖြစ်လာတယ်
ပုံမှန်လုပ်နေကျကိစ္စမျိုးတွေ၊ အားတက်သရောလုပ်နေကျ ကိစ္စမျိုးတွေကို စိတ်မဝင်စားတော့ပါဘူး
ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့သလိုခံစားရမယ်၊ အပြစ်ရှိသလိုခံစားရမယ်
နေ့ဖက်တွေမှာ အားအင်ကုန်ခမ်းနေပြီး မနက်ပိုင်းကျရင် အိပ်ယာက လုံးဝမထိုင်နိုင်ဘူးဖြစ်နေမယ်
တချို့တစ်လေမှာတော့ carbohydrates ကို ပိုတောင့်တလာပြီးတော့ ဝိတ်တွေတက်လာနိုင်တယ်


Freepik- @bunditinay


SAD ကို တိုက်ထုတ်နိုင်ဖို့ဆိုရင်

(၁) တတ်နိုင်သမျှအမှာင်ထဲမှာမနေပါနဲ့။ မိမိပတ်ဝန်းကျင်ကို အမြဲတမ်း လင်းထိန်နေအောင်ထားပြီးတော့ အမွှေးန့သာတွေပျက်ဖြန်းထားပါ။

(၂) ဗီတာမင် D ကိုသောက်ပါ။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည် လုံလောက်စွာမရတဲ့အခါမျိုးမှာ ဗီတာမင် D ဟာ ဖြည့်စွက်စာအဖြစ် အထောက်အကူဖြစ်စေပါတယ်။

(၃) တတ်နိုင်သမျှ အကောင်းမြင်စိတ်တွေးပါ။ စိတ်ရောကိုယ်ပါ ဒုံးဒုံးချပြီး မလွှတ်လိုက်ဘဲနဲ့ တတ်နိုင်သလောက် မပျော်ပျော်အောင် ဖန်တီးပါ။

(၄) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပါ။ သွေးကျတာပဲဖြစ်ဖြစ်၊ တက်တာပဲဖြစ်ဖြစ် SAD ဟာ ပိုဆိုးစေပါတယ်။

(၅) လှုပ်လှုပ်ရှားရှားနေပါ။ ဆောင်းတွင်းမှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေရုံသာမကဘဲ စိတ်ကိုပါ ပေါ့ပါးလာစေမှာပါ။


Freepik- yanalya


SAD ကို သက်သာစေနိုင်တဲ့အစားအသောက်တွေကတော့

(၁) ဆယ်လ်မွန်

(၂) အဆီထုတ်ထားတဲ့နွားနို့

(၃) ဥအမျိုးမျိုး

(၄) မှိုများ

(၅) လိမ္မော်ရည် တို့ပဲဖြစ်ပါတယ်။


penny




Some text some message..