HIV ပိုးကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ
hellosayarwon.com
|
2018-12-18

HIV ဟာ

စနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေအလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့

ဆဲလ်တွေကိုအဓိက ဖျက်ဆီးပါတယ်။ တခြားသော ရောဂါပိုးတွေနဲ့ မတူပဲ HIV ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ဖျက်လို့ မရပါဘူး။ HIV ပိုးဟာ သွေးကနေ တစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့

ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။အများဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့အကာအကွယ်မဲ့

ရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။

HIV ပိုးကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။
ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေအမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က လိင်အပျော်အပါး လိုက်စားတတ်တဲ့သူ၊ တစ်ဦးထက်ပိုတဲ့ လိင်ဆက်ဆံဖော်တွေ ရှိတယ်ဆိုရင် ၃လ တစ်ကြိမ် သွေးစစ်ပါ။

တဲ့အခါမှာလည်းအကာအကွယ်ကိုအမြဲသုံးပေးပါ။

HIV ပိုး ကူးစက်ခံရပြီးနောက် ပထမအဆင့် လက္ခဏာတွေက ဘာတွေလဲ။
HIV ပိုး ကူးစက်ခံရပြီး ၂ပတ်ကနေ ၄ပတ်အတွင်းမှာ

တုပ်ကွေးနဲ့ ရောဂါလက္ခဏာချင်း ဆင်တူတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့ရပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့ ပထမအဆင့်မှာအများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့
ကိုယ်ခန္ဓာမှာအဖုအပိမ့်ထွက်တာ၊
အပြင်းဖျားတာ၊
လည်ချောင်းနာတာ၊
ပြင်းပြင်းထန်ထန် ခေါင်းမူးတာတို့ပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေအပြင် တွေ့နိုင်ခြေနည်းတဲ့ ရောဂါလက္ခဏာတွေကတော့
အလွန်အမင်းမောပန်းတာ၊
ခံတွင်း ဒါမှမဟုတ် လိင်အင်္ဂါပတ်လည်မှာ ulcer လိုအနာပေါက်တာ၊

နာကျင်ကိုက်ခဲတာ၊
အရိုးအဆစ်ကိုက်တာ၊
မူးဝေအော့အန်တာ၊
ညအိပ်နေရင်း ချွေးထွက်တာတို့ပဲ ဖြစ်ပါတယ်။ HIV ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဒီရှေ့ပြေးလက္ခဏာတွေဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်ပါတယ်။ ပုံမှန်အားဖြင့် တုပ်ကွေး၊

တဲ့ ရောဂါလက္ခဏာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုးကူးစက်ခံရပြီလို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးမှုခံယူရပါမယ်။

HIV ပိုး ကူးစက်ခံရပြီး ဒုတိယအဆင့်
ပိုးကူးစက်ခံရပြီး ပျမ်းမျှအားဖြင့် တစ်လအတွင်းမှာ ရှေ့ပြေးလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေ ပျောက်ကင်းသက်သာပြီး နောက် လတွေ နှစ်တွေနဲ့ ချီပြီး တခြားသော လက္ခဏာတွေ ထပ်ပြီး မဖြစ်လာပါဘူး။ ဒီအဆင့်မှာ တခြားသော ရောဂါလက္ခဏာတွေ မပြသေးပေမဲ့

ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓာထဲမှာအလျင်အမြန် ပွားများနေပါတယ်။ ဒါ့အပြင် တခြားသော ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်းအလွယ်တကူ ဝင်လာစေနိုင်ဖို့အတွက် CD4 လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်ထဲက ဆဲလ်တွေကို တိုက်ခိုက်နေပါပြီ။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုရောဂါလက္ခဏာမှ မပြသည့်တိုင်အောင် ကျန်းမာရေးကိုအမြဲစစ်ဆေးနေဖို့ လိုအပ်ပါတယ်။

HIV ပိုး ကူးစက်ခံရပြီး တတိယအဆင့်
ကုသမှုမရှိတဲ့ သူတွေမှာ HIV ပိုးကအနှေးနဲ့အမြန် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် ၃လတစ်ကြိမ် သွေးစစ်ဖို့ လိုအပ်ပြီး ကိုယ့်မှာ ရောဂါပိုးရှိလာရင်လည်း HIV ဗိုင်းရပ်စ်ပိုးကို မပြန့်ပွားအောင် ထိန်းပေးနိုင်မယ့် ဆေးတွေကို နေ့စဉ်အချိန်မှန် မပျက်မကွက် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးကုသမှုမခံယူတဲ့သူတွေမှာ တတိယအဆင့်အနေနဲ့ HIV ရဲ့ နောက်ဆုံးအဆင့် တစ်နည်းအားဖြင့်

ဖစ်တဲ့ AIDS ရောဂါအခြေအနေကို ရောက်ရှိလို့လာပါပြီ။ ဒီအဆင့်ကိုရောက်နေတဲ့ ပိုးကူးစက်ခံရသူတွေမှာ ကိုယ်ခံအားစနစ်ဟာ ဆိုးရွားစွာ ထိခိုက်နေမှာဖြစ်ပြီး တခြားသော ရောဂါတွေ ဝင်လာနိုင်ခြေအလွန်မြင့်လာပါတယ်။ သာမန်လူတွေမှာအလွယ်တကူ တိုက်ခိုက်နိုင်တဲ့ ရောဂါပိုးတွေတောင်မှ HIV ပိုးကြောင့် ကိုယ်ခံအားနည်းနေတဲ့ သူတွေအတွက်အလွန်အန္တရာယ်ရှိပါတယ်။ ဒီအဆင့်မှာ မကြာခဏအအေးမိ၊ ဖျားနာမယ်၊ မှိုရောဂါတွေ ဖြစ်လွယ်မယ်။ တခြားသော လက္ခဏာတွေအနေနဲ့
မူးဝေအော့အန်တာ၊
ဆက်တိုက် ဝမ်းလျှောတာ၊
နာတာရှည် ဖျားနာတာ၊
ကိုယ်အလေးချိန်အလျင်အမြန်ကျဆင်းတာ၊
ချောင်းမကြာခဏဆိုးတာ၊
အသက်ရှူမဝတာ၊
ဖျားနေချိန် ကိုယ်လက်ချမ်းတုန်တာ၊ ညဘက်တွေမှာ ချွေးထွက်တာ၊
ကိုယ်ခန္ဓာအနှံ့၊ ခံတွင်း၊ နှာခေါင်း၊ လိင်အင်္ဂါမှာအဖုအပိမ့်တွေ၊အနာတွေ ဖြစ်တာ၊
မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏမေ့တတ်တာ၊ ဦးနှောက်နဲ့အာရုံကြော ထိခိုက်တာအစရှိတဲ့ လက္ခဏာတွေကို HIV ရဲ့ နောက်ဆုံးအဆင့်မှာ တွေ့နိုင်ပါတယ်။

HIV နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အရာတွေ။
HIV ရောဂါပိုးဟာအသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်နိုင်ပါတယ်။ သွေး၊ သုက်ရည်၊ မိန်းမကိုယ်က ထွက်တဲ့အရည်တွေကို ထိတွေ့မိရာကနေ ကူးစက်နိုင်တယ်။ ကွန်ဒုံးမသုံးပဲအကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို တစ်ဦးထက်ပိုပြီး ဝေမျှသုံးစွဲရာကနေ ကူးစက်နိုင်ပါတယ်။အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုပ်တာ၊ တံတွေးကနေတစ်ဆင့် HIV ပိုး မကူးစက်နိုင်ပါဘူး။ ကိုယ်ဟာ လိင်မှုကိစ္စမှာ တက်ကြွတဲ့သူဆိုရင် HIV ရောဂါပိုး ကူးစက်နိုင်ပုံ၊ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ၊ ရောဂါပိုးကို ထိန်းပေးထားနိုင်တဲ့ နည်းလမ်းတွေကို သိထားဖို့ လိုအပ်သလို ၃လတစ်ကြိမ် သွေးပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။ ပိုးကူးစက်ခံရတဲ့အခါမှာလည်း ဆရာဝန်က ပေးတဲ့ ပိုးထိန်းဆေးတွေကို နေ့စဉ်အချိန်မှန် သောက်ပေးပါ။ ကျန်းမာပြီးအာဟာရဖြစ်စေတဲ့အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းအားကစားလုပ်ပါ။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆေးကိုသာ ဂရုတစိုက် သောက်မယ်ဆိုရင်တော့ HIV ပိုးရှိနေတဲ့သူ ဖြစ်နေရင်တောင် သာမန်လူတွေလို ကျန်းကျန်းမာမာနဲ့အသက်ရှည်ရှည်နေထိုင်သွားနိုင်ပါတယ်။  

 သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။




Some text some message..