သံပုရာသီးက ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အများကြီး အကျိုးရှိတဲ့ အသီးတစ်မျိုးပါ။သံပုရာသီးကနေ ရရှိမယ့် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကို အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။
— သံပုရာရည်
သံပုရာရည်ကိုသောက်သုံးရင် မောပန်းနွယ်းနယ်မှူကို ပျောက်ကင်းစေပြီးတော့ ဝမ်းဗိုက်ပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။သံပုရာရည်ကို သကြားထည့်ပြီးသောက်မယ်ဆိုရင် အစာအဆိပ်သင့်တာတွေ အရက်အမူးလွန်တာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။သံပုရာသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးရင် အထိုင်အထအချိန်မှာဖြစ်တတ်တဲ့ မိုက်ကနဲ မူးဝေခြင်းတွေကိုလည်း သက်သာလာစေမှာဖြစ်ပါတယ်။
— သံပုရာခွံ
သံပုရာသီးအစိမ်းရဲ့ အခွံကိုစားပေးရင် လေနာတာတွေ ရင်နာတာတွေကို သက်သာစေမှာပါ။ယားနာ ပွေးနဲ့ အရေပြားမှာ အမည်းကွက်တွေ ပေါ်လာရင် သံပုရာခြမ်းနဲ့ပွတ်တိုက်ပေးရပါမယ်။သိသိသာသာပျောက်ကင်းလာတာကိုခံစာရမှာပါ။ဆံပင်ကျွတ်ခြင်း ဗောက်ထခြင်းတို့ကို သံပုရာသီးနဲ့ ကြက်ဥအကာရောစပ်ပြီးလိမ်းပေးပါက တစ်လအတွင်း ဗောက်တွေကင်းဝေးသွားစေမှာပါ။
— သံပုရာသီးအစေ့
သံပုရာသီးက လွှင့်ပစ်စရာကိုမရှိတဲ့ အသီးပါ။ဆီးသွားရတာခက်ခဲနေတဲ့သူများအတွက် သံပုရာသီးအစေ့ကို ကြိတ်ပြီး ချက်မှာအုံပေးလိုက်ပါ။ပြီးရင် ဆန်ဆေးရင် အနည်းငယ်ကိုသံပုရာသီးအစေ့ ကြိတ်ထားတဲ့အပေါ်မှာဖြန်းပေးလိုက်မယ်ဆိုရင် ဆီးပြန်ရွှင်လာပါလိမ့်မယ်။
သံပုရာသီးက အကုန်အကျလည်း အရမ်းမများသလို ဝမ်းဗိုက်နဲ့ ပါတ်သတ်တဲ့ရောဂါတွေအပြင် အသားအရည်ကို လည်းကြည်လင်စေတဲ့ အသီးတစ်မျိုူပါ။ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ သံပုရာရည်ကို တစ်နေ့သုံးခွက်ထက်ပိုပြီးသောက်မိရင်တော့ အစာအိမ်အချဉ်ပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။သံပုရာသီးရဲ့ အသုံးဝင်ပုံတွေ ကအများကြီးပဲမလို့ အခုဖော်ပြပေးသွားတဲ့ နည်းလမ်းလေးတွေကိုမှတ်ထားလိုက်တာနဲ့ သံပုရာသီးကို သေချာအသုံးပြုရမယ်ဆိုတာသိရှိလာစေမှာပဲဖြစ်ပါတယ်။