Relationship တစ်ခုမှာ ဒါတွေမပါဘူးဆိုရင် အရသာမရှိတဲ့ဟင်းတစ်ခွက်လိုပဲ ပေါ့ရွှတ်ရွှတ်ဖြစ်ပြီး နောက်ဆုံးမှာ သွန်ပစ်ရတဲ့အဆင့်ကို ရောက်မှာပါ။
၁။ best friends နှင့် lover ပေါင်းစပ်ထားတဲ့အချစ်ရေးမျိုး ဖြစ်ရပါမယ်
ကိုယ့်ပါတနာနဲ့ ပထမဆုံး ရင်းနှီးမှု (friendship) တည်ဆောက်ခြင်းက Relationship အောင်မြင်မှုအတွက် ပထမခြေလှမ်း ဖြစ်နိုင်ပါတယ်။ ခင်မင်ရင်းနှီးမှုကို ပိုအလေးထားပါက မတူညီတဲ့ အဆင့်ပေါ်မှာ အချင်းချင်း သိလာကြပြီး တစ်ယောက်ကို တစ်ယောက် ပိုနားလည်လာပါလိမ့်မယ်။ ဘယ်သူမှ ပေါ့ရွှတ်ရွှတ် အချစ်ရေးမျိုး (သို့) လိင်ပိုင်းဆိုင်ရာသာ ပတ်သတ်တဲ့ အချစ်ရေးမျိုးမှာ မဖြစ်သင့်တာကြောင့် ချစ်စိတ်ပြင်းပြမှုက ခင်မင်ရင်းနှီးမှုလိုပဲ ညီတူညီမျှ အရေးပါသင့်ပါတယ်။ Relationship ကောင်းတွေကတော့ ဒီအချက်နှစ်ချက်အကြား မျှတမှုပေါ်မှာ အခြေခံပါတယ်။
၂။ ရိုးသားမှုနှင့် ယုံကြည်မှုရှိရပါမယ်
ရိုးသားမှုကို ရှာဖို့ခက်ခဲပြီး ယုံကြည်မှုကို ထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ သို့သော် သူတို့မရှိဘူးဆိုရင် Rs ကအချည်းနှီးဖြစ်သွားပါလိမ့်မယ်။ ကိုယ့်စကားကိုယ် တာဝန်ယူတတ်တဲ့သူကို သင်လိုချင်မှာပါ။ တစ်ယောက်ကိုတစ်ယောက် သံသယအကျိုးပေးပြီး အပြန်အလှန် နားလည်မှုပေးတာကိုပဲသင်လိုချင်မှာပါ။ သင်ဟာ တစ်စုံတစ်ယောက်ရဲ့ လှုပ်ရှားမှုတိုင်းကို မေးခွန်းထုတ်ချင်မှာ မဟုတ်သလို နေ့စဉ် မနာလိုမှုတွေနဲ့ ပွင့်ထွက်လာမှာကိုလည်း လိုချင်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းက ပိုပြီးချိတ်ဆက်မှု ပေးပါတယ်။
လိမ်ညာမှုက အချစ်ရဲ့ဇာတ်သိမ်းခန်းကို မြန်မြန်ရောက်စေပါလိမ့်မယ်၊ သင်တို့နှစ်ယောက်စလုံးက ယုံကြည်မှုနှင့် ရိုးသားမှုပေါ်မှာ မှီခိုမယ်ဆိုရင် မကျရှုံးနိုင်ပါဘူး။
၃။ အပြန်အလှန်လေးစားမှုရှိရပါမယ်
တစ်ယောက်ကို တစ်ယောက် တကယ်ချစ်ကြတယ်၊ သက်ဆုံးတိုင်လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိထားသင့်ပါတယ်။ လေးစားခြင်းဆိုတာက တစ်ယောက်ကိုတစ်ယောက် privacy ပေးထားတာ၊ ကိုယ့်အတွက်ကိုယ် နေရာပေးထားတာကို ဆိုလိုပါတယ်။ တစ်ယောက်ရဲ့ ခံစားချက်နှင့် လိုအပ်ချက်တွေကို တစ်ယောက်က တန်ဖိုးထားခြင်းဟာ အပြန်အလှန်လေးစားမှုရဲ့ အကောင်းဆုံးပုံစံ ဖြစ်ပါတယ်။
၄။ အချိန်၊ ချစ်ခင်တွယ်တာမှုနှင့် ဂရုစိုက်မှုတွေကို လွတ်လပ်စွာ ပေးထားရပါမယ်
သင့်ကိုချစ်တဲ့ သူတစ်ယောက်ဟာ သင်နဲ့အချိန်ဖြုန်းဖို့ ပျော်ရွှင်တာထက် ပိုပါလိမ့်မယ်။ ချစ်ခင်တွယ်တာမှုနှင့် ဂရုစိုက်မှုက အတင်းအကျပ်လုပ်ယူလို့ မရနိုင်တဲ့အရာတစ်ခုဖြစ်ပြီး ကိုယ်ချစ်ရသူတစ်ယောက်ကို လွတ်လပ်စွာ ပေးထားရမယ့် အရာဖြစ်ပါတယ်။ သင့်မှာ အမှန်တကယ်ကောင်းတဲ့ ဆက်ဆံရေးမျိုးရှိတယ်ဆိုရင် ဒီအရာတွေက ပင်ကိုအားဖြင့် ပါလာမှာဖြစ်ပြီး ဘယ်တော့မှ မေးခွန်းတွေ သယ်လာမှာ မဟုတ်ပါဘူး။
၅။ တရားသဖြင့် ရန်ဖြစ်ခြင်း
ရန်ဖြစ်ခြင်းက ဘယ်Rs မျိုးမှာမဆို ရှောင်လွှဲလို့မရတဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးဆိုတဲ့ Rs မျိုးမှာတောင် ရှောင်လွှဲလို့မရပါဘူး။ ခြားနားတာတစ်ခုက relationship ကောင်းမှာ ရန်ဖြစ်ခြင်းက တစ်ယောက်ကိုတစ်ယောက် ပိုနားလည်စေပြီး ပိုနီးကပ်လာစေပါတယ်။ ရန်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲ၊ ဘယ်သူက နာကျင်သွားမလဲဆိုတာက အကြောင်းမဟုတ်ပါဘူး။ အခက်အခဲတွေကို ကျော်လွှားပြီး ပြဿနာတွေရဲ့ရှေ့မှာ အချစ်ကို ရှေ့တန်းတင်ရမယ့်အကြောင်းပါ။ ဒါက အပေးအယူနှင့် ပိုကောင်းတဲ့ နားလည်မှုပေါ်မှာ အလုပ်လုပ်ခြင်းနှင့်ပတ်သတ်ပါတယ်။
၆။ သူတို့ကို ချစ်ဖို့ မလွယ်တော့တဲ့အခါ သူတို့ကို သင်ချစ်ကြောင်း သတိရပါ
ဒီတစ်ခုက နောက်ဆုံးပါဝင်ရမယ့်အရာဖြစ်ပေမယ့် အရေးအကြီးဆုံးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါက ခက်ခဲတဲ့ အချိန်ကို ပိုလွယ်စေပါတယ်။ လူဆိုတာက အဆက်မပြတ် ပြောင်းလဲမှုတွေ ကြုံကြရတယ်။ သူတို့ဟာ ကြမ်းတမ်းတဲ့ ပြင်ဆင်ဖာထေးမှုတွေကတဆင့် ဖြတ်သန်းသွားရတယ်။ သူတို့နဲ့ အတူနေထိုင်ဖို့ မဖြစ်နိုင်တဲ့ အချိန်တွေလည်း ရှိခဲ့ကြတယ်။ ဒါပေမယ့် သူတို့ကို သင်ချစ်မြတ်နိုးတယ်ဆိုတာကို သတိရခြင်းက အဲဒါကို ဖြတ်သန်းဖို့ ပိုလွယ်စေပါလိမ့်မယ်။ Relationships တွေက ဘဝနဲ့ တူပါတယ်။ သူတို့မှာ အတတ်အကျရှိပါတယ်။ ဘယ်လောက်ပဲ အဆိုးတွေနဲ့ ကြုံပါစေ နှောင်ကြိုးကို အမြဲတမ်းခိုင်မြဲစေမယ့် အရာအဖြစ် ချစ်ခြင်းမေတ္တာရှိနေဖို့ အရေးကြီးပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-herway