ဘာလို့အမြဲဗိုက်ဆာနေရတာလဲ
healthcare.com.mm
|
2020-11-20


ဘာလို့အမြဲဗိုက်ဆာနေရတာလဲကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ပင်မစွမ်းအင်အရင်းအမြစ်ကို စားသောက်ခြင်းကနေရရှိတာကြောင့် ဗိုက်ဆာတယ်ဆိုတာ သိပ်တော့မထူးဆန်းပါဘူး။ နာရီအနည်းငယ်ကြာတိုင်းဗိုက်ဆာတယ်၊ ဒါ့ကြောင့် အစာပြေတစ်ခုခုဖြစ်ဖြစ်၊ ထမင်းဟင်းဖြစ်ဖြစ်စားသောက်တယ်ဆိုတာ ပုံမှန်ပါပဲ။ သို့ပေမဲ့လို့ စားပြီးပြီးတာမကြာသေးခင်၊ ဒါမှမဟုတ် စားသောက်ပြီးပြီးခြင်းကို ဗိုက်ပြန်ဆာနေတယ်ဆိုရင်တော့ သိပ်မဟုတ်တော့ပါဘူး။ ဒီလိုမကြာခဏ ဗိုက်ပြန်ဆာနေတတ်တာကို ဆေးပညာအရတော့ Polyphagia လို့ခေါ်ဆိုပါတယ်။ တစ်ချိန်လုံးဗိုက်ဆာနေတတ်တာမျိုးပေါ့။ ဒါဆို ဘာတွေကြောင့်ဖြစ်နိုင်ပါသလဲ?ဆီးချိုလားခန္ဓာကိုယ်က စားလိုက်တဲ့အစားအစာထဲက သကြားဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတယ်။ ဆီးချိုရောဂါရှိနေတဲ့သူတွေမှာ ဒီလိုစွမ်းအင်ကိုပြောင်းလဲမသိုလှောင်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ်တွင်းဆဲလ်တွေမှာ ဘာစွမ်းအင်သိုလှောင်မှမရှိတော့ လူနာအနေနဲ့ အမြဲဗိုက်ဆာနေတတ်သလို စားနေဖို့လည်း လိုအပ်တယ်။ စားနေလျက်နဲ့ကို ကိုယ်အလေးချိန်ကျသွားတာမျိုးတွေဖြစ်လာပါတယ်။ ဆီးချိုရဲ့ လက္ခဏာတွေထဲမှာ ဗိုက်အမြဲဆာနေတာအပြင် ရေအရမ်းဆာတာ၊ ဆီးခဏခဏသွားတာ၊ အမြင်အာရုံဝေဝါးလာတာ၊ပင်ပန်းနွမ်းနယ်နေတာ စတာတွေပါဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်ထားလို့လားအိပ်ရေး၀၀ မအိပ်စက်ထားဘူးဆိုရင် ကျွန်တော်တို့ကိုယ်တွင်းက ဗိုက်ဆာမှုကိုထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေထိခိုက်ကုန်ပါတယ်။ ဒါ့ကြောင့်အိပ်ရေးပျက်ထားတဲ့သူတွေဆို ခဏခဏဗိုက်ဆာနေလေ့ရှိသလို စားပြီးရင်လည်း ဗိုက်ပြည့်ဖို့ခက်ပါတယ်။ စားလိုက်ရင်လည်း အဆီတွေ၊ ကယ်လိုရီတွေနဲ့ပြည့်နေတဲ့ အစာမျိုးတွေပဲ ပိုစားချင်တယ်။ အိပ်ရေးပျက်ထားရင် ဗိုက်ဆာတာအပြင် စိတ်အပြောင်းအလဲမြန်တာ၊ ဂဏာမငြိမ်တာ၊ လုပ်လိုက်တိုင်းလည်းအလွဲလွဲတွေဖြစ်တာ၊ ညဆိုတော်တော်နဲ့အိပ်မပျော်တာ၊ တဖြည်းဖြည်းဝလာတာ စတာတွေလည်းဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလို့လားလူတစ်ယောက်ဟာ စိတ်လှုပ်ရှားနေမယ် ဒါမှမဟုတ် စိတ်တင်းကျပ်နေမယ်ဆိုရင် ခန္ဓာကိုယ်ထဲက cortisol လို့ခေါ်တဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီဟော်မုန်းကြောင့် ဗိုက်ဆာတဲ့စိတ်မြင့်တက်လာပါတယ်။ နောက်ပြီး စိတ်လှုပ်ရှားလို့ဗိုက်ဆာပြီဆိုရင်လည်း အချိုတွေ၊ အဆီတွေပါတဲ့အစားအစာတွေကို ပိုတောင့်တလေ့ရှိတယ်။ ဗိုက်ဆာတာအပြင် စိတ်တိုဒေါသထွက်လွယ်တာ၊ ခေါင်းကိုက်တာ၊ အိပ်ရေးမဝတာ၊ ဗိုက်အောင့်တာတွေပါဖြစ်လေ့ရှိပါတယ်။ စားတဲ့အစားအစာတွေကြောင့်လားစားလိုက်တဲ့အစားအသောက်တိုင်းက ဗိုက်ပြည့်စေတာမဟုတ်ပါဘူး။ အကောင်းဆုံးဗိုက်ပြည့်စေတဲ့အစားအစာတွေကတော့ ပရိုတင်းဓာတ်ပြည့်ဝတဲ့အစားအစာတွေဖြစ်တဲ့ ငါး၊ နို့နဲ့ နို့ထွက်အစားအစာတွေ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေပဲဖြစ်ပါတယ်။ ဖြူဖွေးနေတဲ့ပေါင်မုန့်တွေ၊ အသင့်စားအစားအသောက်တွေက စားလို့တော့ကောင်းပေမဲ့ အာဟာရပြည့်ဝခြင်းမရှိတဲ့အပြင် စားပြီး သိပ်မကြာခင်မှာတင်ဗိုက်ပြန်ဆာလာတတ်ပါတယ်။ ဒီလိုအာဟာရမပြည့်ဝတဲ့အစားအသောက်တွေစားတာများရင် မကြာခဏ ဝမ်းချုပ်တာ၊ ဝမ်းမာမာတွေသွားတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ သောက်ဆေးတစ်ခုခုကြောင့်လားတချို့ဆေးတွေသောက်နေရင် ပုံမှန်ထက်ဗိုက်ပိုဆာတတ်တယ်။ ဥပမာ- စိတ်ကျရောဂါမှာပေးတဲ့ဆေးတွေ၊ စတီးရွိုက်ဆေးတွေ၊ ဓာတ်မတည့်တာနဲ့ နှာစေးချောင်းတာတွေမှာပေးလေ့ရှိတဲ့ဆေးတွေ ကြောင့်အဖြစ်များပါတယ်။ ဒါ့ကြောင့် ဒီဆေးတွေသောက်နေပြီးမှ ဗိုက်ခဏခဏဆာနေပြီဆိုရင်တော့ ဆရာဝန်နဲ့တစ်ချက်ပြန်တိုင်ပင်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ရှိနေလို့လားဒါကတော့ အမျိုးသမီးတွေအတွက်ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရပြီဆိုတာနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စားသောက်မှုပုံစံပြောင်းလဲသွားလေ့ရှိပါတယ်။ ကလေးလွယ်ထားရလို့ ၂ ယောက်စာ စားရမယ်မဟုတ်ပေမဲ့ အရင်ကထပ်ပိုစားလာတာတော့အမှန်ပါ။ ဒါ့ကြောင့် ကိုယ်ဝန်ရှိနေတဲ့အမျိုးသမီးအများစုက ပထမသုံးလမှာတင် ကိုယ်အလေးချိန် ၄ပေါင်ကနေ ၆ ပေါင်လောက်အထိ တက်လာတတ်ပါတယ်။ အဲ့နောက်ပိုင်းဆိုရင်တော့ တစ်ပတ်ကို ပျမ်းမျှတစ်ပေါင်နှုန်းလောက်နဲ့တက်လာပါတော့တယ်။ ကိုယ်ဝန်ရှိတဲ့လက္ခဏာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ ရာသီသွေးမလာတော့ဘူး၊ ခဏခဏဆီးသွားချင်မယ်၊ မူးဝေဝေဖြစ်မယ်၊ ရင်သားတွေတင်းလာပါမယ်။ဒါတွေကတော့ မကြာခဏဗိုက်ဆာတဲ့သူတွေမှာ အတွေ့ရများတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ စာဖတ်သူတို့ထဲမှာရော စားပြီးရင်းထပ်ခါ ထပ်ခါ စားချင်နေတဲ့သူတွေရှိပါသလား။ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ကြာနေပြီလဲ၊ ဘယ်လောက်အထိ စားမိနေသလဲဆိုတာ ပြောပြပေးခဲ့ပါအုံး။ Crd : Dr. Oliver  





Some text some message..