သင့်ရဲ့ ရာသီခွင်လက္ခဏာအရ သင့်ရဲ့၂၀၂၁ က ဘာဖြစ်လာမလဲ?
lifestylemyanmar.com
|
2020-11-23



၁။ Aries (မိဿရာသီဖွား)

Aries ရေ…၂၀၂၁ က သင့်ရဲ့နှစ်ဖြစ်ပါလိမ့်မယ်နော်။ များသောအားဖြင့် သင့်ရဲ့အစီအစဉ်က တောဆို တောင်ရောက်သွားတတ်ပေမယ့် ဒီနှစ်မှာတော့ မဟုတ်ပါဘူး။ သင်ဟာ အချိန်တိုင်းနီးပါး ကျရှုံးနေပြီး ပြီးမြောက်အောင် အမြဲကြိုးစားနေခဲ့ရတယ်။ ဒီနှစ်ကတော့ သင့်အိမ်မက်တွေ အကောင်အထည်ပေါ်လာမယ့်နှစ် ဖြစ်ပါတယ်။

များသောအားဖြင့် သင့်ရဲ့စိတ်မရှည်ခြင်းက သင့်နဲ့ အောင်မြင်မှုအကြားကို ဝင်လာတတ်တာကြောင့် သင့်ကိုယ်သင် တမင်ဖျက်ဆီးနေသလို ဖြစ်စေပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ မိမိကိုယ်ကို ဖျက်ဆီးမိတာမျိုး မရှိတော့ဘဲ သင်မျှော်မှန်းထားတာထက် အောင်မြင်မှုတွေ ပိုရလာနိုင်ပါတယ်။




၂။ Taurus (ပြိဿရာသီဖွား)

၂၀၂၁က Taurus အတွက် အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်။ သင့်ကိုယ်သင် လုံးဝပြန်ရှာတွေ့ပါလိမ့်မယ်။ ကိုယ်လုပ်နိုင်စွမ်းရှိမှန်း ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့ အရာတွေကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။

မတ်လနှောင်းပိုင်းမှ မေလအစောပိုင်းအထိ စွမ်းအင်တိုးလာတာကို တွေ့ကြုံခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်စွမ်းအင်ကို ကောင်းကောင်း အသုံးချသင့်ပါတယ်။ အထူးသဖြင့် အလုပ်နဲ့ ဆက်နွယ်ပါက ဒီကာလအတွင်းမှာ သင့်လမ်းကြောင်းပေါ် ရောက်လာတဲ့ အခွင့်အရေးတိုင်းကို အသုံးချပါ။




၃။ Gemini (မေထုန်ရာသီဖွား)

၂၀၂၁ က အခြားနှစ်တွေတိုင်းလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မယ်နော်။ ကြီးမားတဲ့အပြောင်းအလဲတွေကို ကျော်ဖြတ်ပြီး သင်စိတ်ဝင်စားတဲ့ ဘယ်နယ်ပယ်ကိုမဆို အရှေ့ရောက်ဖို့ အခွင့်အရေးတိုင်းကို အသုံးပြုသင့်ပါတယ်။

ကံကောင်းမှုတွေ လိုက်ပါလာမှာဖြစ်တာကြောင့် အကောင်းဆုံးကို လုပ်ပါ။ ထို့အပြင် သင်ဟာ အရာအားလုံးကို အချိန်တိုင်း ရှာဖွေလေ့လာရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်က သင့်ကို ကံကောင်းလာစေမယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။




၄။ Cancer (ကရကဋ်ရာသီဖွား)

မကြာသေးမီက သင်ဟာ ကံဇာတာအများကြီး မကောင်းခဲ့သလို အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့မှာ မဟုတ်ပါဘူး။ ကောင်းပါပြီ။ ၂၀၂၁မှာ အကြီးအကျယ်ပြောင်းလဲပါလိမ့်မယ်။ ဒီဘဝနဲ့ လုံးဝခြားနားတဲ့ ဘဝကို ရှင်သန်နိုင်အောင် သင့်ကိုယ်သင် ပြင်ဆင်ထားပါ။ လာမယ့်နှစ်မှာ သင်မျှော်လင့်ထားတဲ့အရာတွေ၊ ကောင်းတဲ့အရာတွေ သင့်ဆီရောက်လာပါလိမ့်မယ်။




၅။ Leo (သိဟ်ရာသီဖွား)

Leo အတွက်တော့ ဒီနှစ်ဟာ စွန့်စားခန်းတွေ၊ အတွေ့အကြုံအသစ်တွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ် ဖြစ်ပါလိမ်မ့ယ်။ မတွန့်ဆုတ်ပါနဲ့။ သင့်လမ်းကြောင်းကို ရောက်လာတဲ့အရာအားလုံးကို ကြိုးစားကြည့်ပါ။

၂၀၂၁ခုနှစ်မှာ အရာအားလုံးက သင့်လမ်းကြောင်းအတိုင်း သွားနေပါလိမ့်မယ်။ သင့်ရဲ့အတ္တတွေကို ကောင်းတဲ့နေရာမှာ အသုံးချလိမ့်မှာ ဖြစ်တာကြောင့် သင့်အတ္တနဲ့ပတ်သတ်ပြီး ပြဿနာတွေ ရှိလာမှာ မဟုတ်ပါဘူး။




၆။ Virgo (ကန်ရာသီဖွား)

Virgo တွေအတွက်တော့ ၂၀၂၁ဟာ အပျက်သဘောဆောင်လိမ့်မှာ မဟုတ်ပါဘူး။ “ငါဒါကိုလုပ်နိုင်တယ်”ဆိုတဲ့ သဘောထား ရှိလာပါလိမ့်မယ်၊ ထိုအပြုသဘောက သင့်အား တစ်နှစ်ပတ်လုံးအောင် မြင်ဖို့ ဦးဆောင်လမ်းပြပါလိမ့်မယ်။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတိုင်းက ဖွံ့ဖြိုးလာပါလိမ့်မယ်။ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ့် အပြောင်းအလဲတွေ ရှိလာပါလိမ့်မယ်။ ဒါတွေကို လက်ခံဖို့ မကြောက်ပါနဲ့။

သင့်ကျန်းမာရေးကို သင့်ဦးစားပေးအဖြစ် သတ်မှတ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုကောင်းအောင် ဂရုစိုက်ပါလိမ့်မယ်။ သို့သော် ထိုအချိန်ကာလအတွင်းမှာ အချစ်ကို မသိကျိုးကျွန်ပြုလို့မရပါဘူး။ အခြေအနေတွေက သင့်အတွက် လေထန်ရေဆန်ကို သွားရမှာ ဖြစ်တဲ့အတွက် စီးပွားရေးအခွင့်အလမ်းတွေကို မပယ်ချပါနဲ့။ သင့်ရဲ့ကဒ်တွေကို မှန်မှန်ကန်ကန် ကစားနိုင်ရင် ကံကောင်းစေမယ့် အခွင့်အရေးရလာပါလိမ့်မယ်။




၇။ Libra (တူရာသီဖွား)

သင်ဟာ ဘေးကင်းလုံခြုံမှုကို ကြိုက်တာကြောင့် သင်သိတဲ့ အရာတွေကို စွဲစွဲမြဲမြဲလုပ်ရတာကိုပဲ နှစ်သက်တတ်ပါတယ်။ ကောင်းပါပြီ။ ၂၀၂၁မှာ အခြေအနေ အနည်းငယ် လှုပ်ခါမှုတွေ ရှိလာပါလိမ့်မယ်။ သင့်ဘဝကို ပြန်ပြီး လန်းဆန်းတတ်ကြွစေဖို့ အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်။ နောက်ဆုံးမှာ ရေရှည်ပျော်ရွင်မှုတွေ ရရှိပါလိမ့်မယ်။




၈။ Scorpio (ဗြိစ္ဆာရာသီဖွား)

ဒီနှစ်မှာတော့ လူတိုင်းက အမှားလုပ်မိကြတယ်ဆိုတာ Scorpioလေးတွေ သဘောပေါက်လာပါလိမ့်မယ်။ အမှားတွေကနေ လေ့လာရတာကြောင့် ဒါက ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ အရင်တုန်းက သင်ဟာ အမှားတွေပေါ်မှာပဲ ရစ်ဝဲနေပြီး အမှားတစ်ခုခုလုပ်နေခြင်းအတွက် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။၂၀၂၁မှာ ဒါတွေက ပြောင်းလဲသွားပါလိမ့်မယ်။




၉။ Sagittarius (ဓနုရာသီဖွား)

၂၀၂၁ခုနှစ်မှာ သင့်ကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ သင်ဟာ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ပြီး ပန်းတိုင် တစ်ခုပြီးတစ်ခု ပြီးမြောက်တဲ့အထိ ရပ်မနေလို့ပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို ဦးစားပေးနေရာမှာ ထားရပါမယ်။ ကိုယ့်အတွက်ကိုယ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အားလပ်ရပ်မှာ ခရီးသွား၊ အနားယူပြီး လန်းဆန်းမှုနဲ့ စိတ်ကျေနပ်မှုရတဲ့အထိ တတ်နိုင်သလောက် ပျော်ပျော်နေဖို့ လိုအပ်ပါတယ်။




၁၀။ Capricorn (မကရရာသီဖွား)

သင်ဟာ အလုပ်အပေါ် အာရုံစိုက်ပြီး အရင်ကထက် ပိုပြီးအရည်အသွေးတောက်ပြောင်လာပါလိမ့်မယ်။ သင်လုပ်ချင်တာတွေအားလုံးဟာ အလုပ်နဲ့ ဆက်နွယ်နေပါတယ်။ သင့်ကို အောင်မြင်မှုရစေမှာဖြစ်တာကြောင့် စိတ်အားထက်သန်ရာကို လုပ်ပါ။ သင့်မှာ ခဏတဖြုတ် လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ခုရှိရင်လည်း စိတ်မပူပါနဲ့။ သင်သတိထားမိလာပြီး နောက်ဆုံးမှာ အောင်မြင်သွားပါလိမ့်မယ်။

ရည်းစားမရှိသူဆိုရင် အချစ်သစ်ရှာတွေ့ဖို့ အာရုံစိုက်ရပါလိမ့်မယ်။ Friendships တွေက ယခင်ကထက် ပိုအရေးပါလာပါလိမ့်မယ်။ အချစ်ရှိပြီးသားဆိုရင်တော့ သင်တို့အချစ်ရေးက အဆင့်သစ်ဆီကို ကူးပြောင်းပြီး ပိုနက်ရှိုင်းလာပါလိမ့်မယ်၊။




၁၁။ Aquarius (ကုံရာသီဖွား)

သင်ဟာ ကိုယ့်ကိုယ်ကို အမြဲသံသယဝင်နေတတ်ပြီး self-esteem သိပ်မရှိပါဘူး။ ဒါပေမယ့် ၂၀၂၁ခုနှစ်မှာ ဒါတွေအားလုံးကို မေ့သွားပါလိမ့်မယ်။ နောက်ဆုံးမှာ သင့်ရဲ့ self-esteem က ရှင်သန်၊ ကြီးထွားလာပါလိမ့်မယ်။

သင့်မှာ confidence ရရှိလာမှာဖြစ်ပြီး ထိုကဲ့သို့သော သဘောထားမျိုးနဲ့အတူ သင်စိတ်ထဲမှာရှိတဲ့အရာတွေကို လုပ်နိုင်ပါတယ်။ အချစ်ရေးက ပူပန်စရာတွေနဲ့ ဝေးနေတာကြောင့် အလုပ်မှာ ရင်ခုန်စရာကောင်းတဲ့ အချစ်မျိုးကို ဂရုတစိုက် ရှာကြည့်ပါ။ အားလုံးပြီးရင် အချစ်က သင်အလိုချင်ဆုံးအရာ ဖြစ်လာပါလိမ့်မယ်။ ဒါက လူတွေကို တွန်းအားပေးတဲ့အရာဖြစ်ပေမယ့် ၂၀၂၁ခုနှစ်မှာ ဒါကိုပါးနပ်စွာ ကစားလာနိုင်ပြီး သင်နဲ့ ထိုက်တန်သူတစ်ယောက်ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။




၁၂။ Pisces (မိန်ရာသီဖွား)

Pisces ရာသီဖွားတွေက တီထွင်ဖန်တီးသူတွေလို့ လူသိများသော်လည်း ၂၀၂၁မှာ သင်ရရှိမယ့် တီထွင်ဖန်တီးမှုပမာဏကို သင်အံ့အားသင့်သွားပါလိမ့်မယ်။ ပရောဂျက်တိုင်းကို သင်လုပ်ချင်ပေမယ့် သင့်စိတ်ကူးထဲ ပေါ်လာကိုလုပ်ဖို့ အချိန်ကို ရှာမတွေ့နိုင်ပါဘူး။ တစ်ခုချင်းစီကိုသာ လက်စသတ်ဖြစ်ပါလိမ့်မယ်။ လူတစ်ယောက်တည်းပေါ်မှာသာ အာရုံစိုက်ရတဲ့ ချစ်ခြင်းမေတ္တာကို သင်ခံစားချင်မှာမဟုတ်ပါဘူး။ သင့်မှာ အချစ်တွေ အများကြီးရှိနေတတ်ပြီး လိုချင်တဲ့သူတိုင်းကို ပေးချင်နေပါလိမ့်မယ်။


Lifestyle_Myanmar
LM_Nandar


Source-herway




Some text some message..