ရေခဲရေဆိုတာ သောက်လိုက်ရင် အေးနေလို့ လူတိုင်းက သောက်ကြပါတယ်။ပူအိုက်နေတဲ့ရာသီမှာ ရေခဲရေအေးအေးလေးသောက်ရင် ရင်ထဲအေးသွားပေမယ့် ခဏတာပဲအေးစေတာဖြစ်ပြီးတော့ ဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။ရေခဲရေကို အမြဲတမ်းသောက်နေတဲ့သူတွေ ဘယ်လိုဆိုးကျိုးတွေကြုံရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။
— အစာခြေဖို့ခက်ခဲသွားစေတယ်
ရေခဲရေအစာအိမ်ထဲကိုရောက်သွားတဲ့အခါမှာ အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ကို ပိုမိုခက်ခဲသွားစေပါတယ်။ရေခဲရေကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်တာ လေထတာ အစာမကြေတာတွေလည်းဖြစ်နိုင်ပါသေးတယ်။
— လည်ချောင်းနာစေတယ်
ရေခဲရေသောက်ပါများရင် လည်ချောင်းကို ခြောက်သွေ့စေပြီးတော့ လည်ချောင်းနာတာဖြစ်စေပါတယ်။လည်ချောင်းထဲက ချွဲတွေက လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းပေးဖို့ အတွက်အနွေးဓာတ်တစ်ခုအနေနဲ့ပါရှိနေတာပါ။ရေခဲရေကြောင့်ချွဲတွေက လေပြွန်ထဲမှာ ပိတ်ပြီးတော့ လည်ချောင်းနာလာစေတာပဲဖြစ်ပါတယ်။
— အဆီပိုတွေစုလာစေတယ်
ရေခဲရေသောက်လိုက်တာနဲ့ ခန္ဓာကိုယ်တွင်းက အပူချိန်တွေကျသွားပါတယ်။အပူချိန်ကျသွားတာနဲ့ အဆီတွေစုသွားစေတာမလို့ ချေဖျက်ဖို့ပိုပြီးခက်ခဲစေပါတယ်။အစာချေတဲ့လမ်းကြောင်းထဲမှာ အဆီတွေခဲသွားစေတာက ချေဖျက်ဖို့လည်းခက်ခဲစေသလို အဆီပိုတွေစုလာစေပါတယ်။
— ဝမ်းချုပ်စေတယ်
ရေခဲရေက စားလိုက်တဲ့ အစာတွေကို ခဲသွားစေတာမလို့ အစောမချေနိုင်ပဲ ဝမ်းချုပ်တာတွေဖြစ်လာစေပါတယ်။အစာစားရင် ရေခဲရေသောက်ပြီးမစားသင့်ပါဘူး။
— ခေါင်းကိုက်စေတယ်
ရေခဲရေသောက်လိုက်တာနဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံအကြောဆီရောက်သွားပြီးတော့ ဦးနှောက်ကို အချက်ပြပေးလိုက်ပါတယ်။ရုတ်တရပ်အအေးဓာတ်ကို အာရုံခံလိုက်ရတဲ့ ဦးနှောက်က ခေါင်းကိုက်တာမျိုးထပြီးဖြစ်စေနိုင်တာပါ။
ရေခဲရေက သောက်ရင်သာ အေးမြမှုကိုရစေတာ သူ့ကိုအမြဲသောက်ရင် ဆိုးကျိုးတွေရှိနေတာမလို့ တတ်နိုင်သလောက် လျှော့သောက်ကြပါ။