
ဆေးဖက်ဝင် ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲကြတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က နေရာအနှံ့အပြားမှာ အသုံးပြုနေကြတာဖြစ်ပါတယ်။ ကလျာဏီကို အဆီထုတ်ပြီး အသုံးပြုကြသလို အပင်ကိုလည်း အခြောက်ခံပြီး အသုံးပြုကြပါတယ်။ အာရပ်လူမျိုးများနဲ့ တရုတ်လူမျိုးတွေအများစုက ကလျာဏီကို ဟိုးရှေးယခင်ကတည်းက တိုင်းရှင်းဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ ဒါကြောင့် အခုပြောပြမှာကတော့ ဆေးဖက်ဝင် ကလျာဏီပင်မှာ ကျန်းမာရေးဆိုင်ရာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။
၁။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို အထောက်အကူပြုခြင်း
ဆေးဖက်ဝင် ကလျာဏီအပင်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်းတွေဟာ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို အထောက်အကူပြုစေနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးခြင်း အားရုံစူးစိုက်မှုကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ အာရုံကြောအချက်ပြဓာတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အက်ဆီတိုင်းကိုလင် (ACH) လျော့နည်းမသွားအောင် ကာကွယ်ပေးပါတယ်။ ကလာဏီဆေးဖက်ဝင်အပင်က မှတ်ဉာဏ်ပိုင်းဆိုင်ရာကိုလည်း တိုးတက်စေနိုင်ပါတယ်။
၂။ ကိုယ်ခံစွမ်အားကို တိုးမြှင့်ပေးခြင်း
ကလျာဏီဆေးဖက်ဝင်အပင်မှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကလျာဏီကို လိမ်းဆေးအဖြစ်လည်း အသုံးပြုကြသလို အရေပြားမှ တစ်ဆင့် ခန္ဓာကိုယ်ဆီတို့ ကူးစက်တတ်တဲ့ ဘက်တီးရီးယားပိုးမွှားများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလျာဏီဆေးဖက်ဝင်အပင်ကို ဆေးဝါးဖော်စပ်ရာတွင် အသုံးများကြပါတယ်။
၃။ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်ခြင်း
ကလျာဏီဆေးဖက်ဝင်အပင်ကို ဟိုးရှေးယခင်ကတည်းက ဆံပင်ကျွတ်တာကို ကုသဖို့အတွက် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဆေးဖက်ဝင်ကလျာဏီအပင်က ဆံပင်ပြန်ပေါက်အောင် လည်းကူညီပေးနိုင်ပါတယ်။ ကလျာဏီ အပင်မှာ 5-alpha reductase ဒြပ်ပေါင်းပါဝင်တာကြောင့် အုန်းဆီ(သို့) သံလွင်ဆီနဲ့ ရောစပ်ပြီး လိမ်းပေးခြင်းက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံပင်တွေကိုလည်း သန်စွမ်းစေနိုင်ပါတယ်။
၄။ သွေးဆုံးချိန်မှာ ကြုံရတဲ့ ဝေဒနာများကို သက်သာစေနိုင်ခြင်း
ဆေးဖက်ဝင် ကလျာဏီအပင်မှာ သတ္တုဓာတ်များစွာ ပါရှိပါတယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အီစထရိုဂျင်ဟော်မုန်းကျဆင်းသွားတဲ့အတွက် ဝေဒနာအချို့ကို ခံစားကြရတာဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ ချွေးထွက်များခြင်း၊ မျက်နှာနှင့် ရင်ဘတ်ပူနေခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း စတဲ့ ရောဂါမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကလျာဏီမှာ အီစထရိုဂျင်နဲ့ ဆင်တူတဲ့ အာနိသင်ရှိခြင်းကြောင့် သွေးဆုံးချိန်မှာ ခံစားရတဲ့ အချို့သော ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
၅။ ချွေးထွက်လွန်ခြင်းကို သက်သာစေခြင်း
သုတေသီတွေရဲ့ သုတေသနပြုချက်အရ ကလျာဏီဆေးဖက်ဝင်အပင်မှ အရွက်ကို ပြုတ်ရည်ကိုသောက်သုံးပေးပါက ချွေးထွက်လွန်ခြင်းကို ၅၀ % ထိသက်သာစေနိုင်ပါတယ်။ ချွေးခြောက်ခြင်း၊ ခန္ဓာကိုယ်မှ အနံ့ဆိုးထွက်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။