Placenta Previa (အချင်းရှေ့ရောက်နေခြင်း)
healthcare.com.mm
|
2018-12-19

အကျဉ်းရှင်းလင်းချက်အချင်းရှေ့ရောက်နေခြင်းဆိုသည်မှာ မိခင်ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားနှင့် ဆက်ထားသောအချင်းသည် မိခင်၏ မွေးလမ်းကြောင်းအဝတွင် တစ်ပိုင်းတစ်စ သို့မဟုတ် လုံးဝပိတ်နေခြင်းဖြစ်သည်။(ပုံမှန်အားဖြင့်ဆိုသော်အချင်းသည် သားအိမ်၏အပေါ်ဘက်အခြမ်းတွင် ရှိနေရမည်ဖြစ်သည်။)အချင်းရှေ့ရောက်နေခြင်းကြောင့် မွေးဖွားချိန်တွင် သွေးဆင်းများခြင်းများ ဖြစ်လေ့ရှိသည်။အချင်း၏အဓိက လုပ်ငန်းဆောင်တာမှာ မိခင်ထံမှအောက်ဆီဂျင် နှင့်အခြားအာဟာရဓာတ်များကို ကလေးထံသို့  ပို့ဆောင်ပေးပြီး ကလေးထံမှ ပြန်ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် စွန့်ပစ်ပစ္စည်းများကိုအမေထံသို့ ပြန်လည်ပို့ဆောင်ပေးရခြင်းဖြစ်သည်။အချင်းသည် မိခင်၏ သားအိမ်နံရံနှင့် ကလေး၏ ချက်ကြိုးရှိ သွေးကြောမကြီးသို့ဆက်ထာပြီး ကိုယ်ဝန်ဆောင်အများစုတွင်အချင်း၏အနေအထားမှာ ပုံမှန်အားဖြင့် သားအိမ်၏အပေါ်ပိုင်းတွင် တွယ်လေ့ရှိသည်။အချင်းရှေ့ရောက်နေသောသူများတွင်မူအချင်းသည် ပုံမှန်အတိုင်းမဟုတ်ပဲ မွေးလမ်းကြောင်းအဝတွင် သွားပိတ်နေခြင်းဖြစ်သည်။အချင်းရှေ့ရောက်နေသော ကိုယ်ဝန်ဆောင်များတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ခြင်းကို ကိုယ်ဝန်ဆောင်ကာလ တစ်ခုလုံးတွင် ရှောင်ရှားရမည်ဖြစ်ပြီး လိုအပ်ပါ ကလေးအား ခွဲစိတ်၍ မွေးဖွားရလေ့ရှိသည်။လက္ခဏာများကိုယ်ဝန် ဒုတိယ ၃လတွင် ( ကိုယ်ဝန်ဆောင်ချိန် ၃လမှ ၆လခန့်တွင်) သွေးဆင်းခြင်းအထူးသဖြင့် သွေးရဲရဲဆင်းခြင်းသည်အချင်းရှေ့ရောက်ခြင်းတွင်အဓိက ပြတတ်သော လက္ခဏာများဖြစ်သည်။အချို့သော သူများတွင် သွေးဆင်းနည်းသော်လည်းအချို့သောသူများတွင်မူ သွေးဆင်းများလေ့ရှိပြီးအလိုလျောက် သွေးဆင်းပြန်နည်းသွားလေ့ရှိသည်။ သို့သော်လည်း ရက်အနည်းငယ်အကြာတွင် သွေးပြန်ဆင်းလေ့ရှိပြီးအချို့သောသူများတွင် သားအိမ်ညစ်ခြင်းပါ ဖြစ်လာလေ့ရှိသည်။ဖြစ်ပွားရသောအကြောင်းရင်းများအချင်းသည် သန္ဓေသားလောင်း တွယ်သောနေရာတွင် ဖြစ်ခြင်းဖြစ်ပြီးအချို့သောကိုယ်ဝန်ဆောင်များတွင်အချင်းရှေ့ရောက်ရခြင်းမှာ သန္ဓေသားလောင်းသည် သားအိမ်အဝနားတွင် တွယ်သောကြောင့်အချင်းသည် သားအိမ်အဝနားတွင်ရှိနေပြီးအချင်းရှေ့ရောက်ရခြင်းဖြစ်သည်။အချင်းရှေ့ရောက်ခြင်းကိုအများအားဖြင့် ကိုယ်ဝန် ဒုတိယ ၃လပတ် ( ကိုယ်ဝန် ၃လမှ ၆လအတွင်း)တွင် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်းအားဖြင့်သိလေ့ရှိသည်။အကယ်၍အချင်းသည်မွေးလမ်းကြောင်းအဝနားတွင် ရောက်သည်ဆိုရုံမျှရှိနေပါက ကိုယ်ဝန်ပတ်ရင့်လာသည်နှင့်အမျှအချင်းနေရာသည်အပေါ်သို့တက်လာပြီးအချင်းနေရာ ရွေ့သွားလေ့ရှိသည်။သို့သော်အချင်းသည် မွေးလမ်းကြောင်းအဝတွင် တည့်တည့်ရှိနေပါက ကိုယ်ဝန်ပတ်ရင့်လာသော်လည်း ရွေ့မသွားပဲ မွေးဖွားချိန်အထိအချင်းရှေ့ရောက်နေတတ်သည်။ ကိုယ်ဝန်လရင့်သည်အထိအချင်းရှေ့ရောက်ရခြင်းမှာ- သားအိမ်တွင် ခွဲကြောင်းရာ ရှိခြင်း(အထူးသဖြင့် ယခင်ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားဖူးသူများ)အချင်းကြီးခြင်း(အထူးသဖြင့် ကလေးအများကြီးမွေးထားသူများ)အသက် ၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သူများဖြစ်နိုင်ချေများသူများယခင်က သားအိမ်နှင့် ပတ်သတ်၍ ခွဲစိတ်မှု လုပ်ဖူးသူများတွင်အချင်းရှေ့ရောက်ခြင်းပိုဖြစ်လေ့ရှိသည်။အထူးသဖြင့် ယခင်က ကလေးခွဲစိတ်မွေးဖွားဖူးသူများ သားအိမ်မှအလုံးအကျိတ်ခွဲစိတ်ဖူးသူများ ယခင်ကိုယ်ဝန်များတွင်အချင်းရှေ့ရောက်ခြင်း ဖြစ်ဖူးသူများ သားအိမ်ခြစ်ဖူးသူများအသက် ၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သူများ ဆေးလိပ်သောက်သူများ မူးယစ်ဆေးသုံးသူများတွင်အဖြစ်များလေ့ရှိသည်။ နောက်ဆက်တွဲ ပြဿနာများအကယ်၍ သင့်တွင်အချင်းရှေ့ရောက်သည်ဟုသိရှိထားပါက သင့်ဆရာဝန်ထံသို့ ပုံမှန်ကိုယ်ဝန်လာပြရမည်ဖြစ်ပြီး မွေးဖွားချိန်တွင်လည်းအောက်ဖော်ပြပါအခြေအနေများ ကြုံနိုင်ပါသည်။ သွေးဆင်းခြင်း-အသက်အန ္တရာယ် ထိခိုက်နိုင်သော သွေဆင်းမှုမျိုး မွေးဖွားချိန်နှင့် မွေးဖွားပြီး နာရီအနည်းငယ်အကြာတွင်ဖြစ်တတ်သည်။ မွေးဖွားချိန်စောခြင်း- မွေးဖွားချိန်မတိုင်မီ သွေးဆင်းများပါက ကလေးအသက်အန ္တရာယ် စိုးရိမ်ရသောကြောင့်အရေးပေါ် ခွဲစိတ်မွေးဖွားရလေ့ရှိသည်။ ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များအကယ်၍ ကိုယ်ဝန် ဒုတိယ ၃လပတ်နှင့် တတိယ ၃လပတ်များတွင် သွေးဆင်းပါက ဆရာဝန် နှင့်အမြန်ဆုံးသွားပြရန်လိုအပ်ပါသည်။စစ်ဆေးမှုများ·        အချင်းရှေ့ရောက်ခြင်း သည် ပုံမှန် ကိုယ်ဝန်ပတ်စစ်ဆေးရန်အတွက် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်သောအခါတွင် သိရလေ့ရှိသည်။·        အကယ်၍ သင့်တွင်အချင်းရှေ့ရောက်နေပါက မမွေးဖွားမည်အချိန်တွင်အချင်း၏အနေအထားကိုသေချာစွာ သိနိုင်ရန် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ရန်လိုပြီး ကလေး၏ နှလုံးခုန်နှုန်းကိုလည်း ပုံမှန်စမ်းသပ်ရန်လိုပါသည်။ ကုသခြင်းအချင်းရှေ့ရောက်ခြင်းကို ကုသရန်အတွက်အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သွေးဆင်းသော ပမာဏ သွေးဆင်းခြင်းအလိုလိုရပ်သွားခြင်းရှိမရှိ လက်ရှိ ကိုယ်ဝန်အနုအရင့် မိခင်၏ ကျန်းမာရေးအခြေအနေ ကလေး၏ ကျန်းမာရေးအခြေအနေ ကလေး၏အနေအထားနှင့်အချင်း၏အနေအထားအချင်းရှေ့ရောက်နေသည်ဟုသိရှိပြီး သွေးအနည်းငယ်သာ ဆင်းပါက-·       အိမ်တွင်နားနေပါ။အထူးသဖြင့် လှဲအိပ်ပြီးနားနေပါ။ မလိုအပ်ဘဲအထိုင်အထ မလုပ်ပါနှင့်။·       အမျိုးသားနှင့်အတူနေခြင်းကိုရှောင်ပါ။·        သွေးဆင်းလာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားပါ။အချင်းရှေ့ရောက်နေသည်ဟုသိရှိပြီး သွေးအများအပြား ဆင်းပါက-·        နီးစပ်ရာဆေးရုံတွင်အမြန်ဆုံးတက်ရောက်၍ ဆေးဝါးကုသမှုခံယူပါ။·        သွေးဆင်းသည့် ပမာဏများပြားပါက သွေးသွင်းကုသရန် လိုအပ်နိုင်ပါသည်။·       အကယ်ကလေးအတွက်အသက်အန ္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန်ပတ် ၃၆ပတ်ကျော်ပါကအရေးပေါ် ခွဲစိတ်မွေးဖွားရန် လိုအပ်ပါမည်။အကယ်၍ သွေးဆင်းလုံးဝမရပ်ပါက ကလေးအားအသက်အန ္တရာယ်ရှိနိုင်သောကြောင့်အရေးပေါ် ခွဲစိတ်မွေးဖွားရန် လိုအပ်ပါမည်။ကာကွယ်ခြင်းကိုယ်ဝန်ဆောင်ချိန်အတွင်းအချင်းရှေ့ရောက်နေသည်ဟုသိရှိပါက- မိသားစုဝင်များနှင့် မိမိ၏အမျိုးသားအားအသိပေးပါ။ ဆောင်ရန်ရှောင်ရန်များကို လိုက်နာပါ။အချင်းရှေ့ရောက်သော ကိုယ်ဝန်ဆောင်များတွင် ဖြစ်တတ်သော လက္ခဏာများ၊ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖတ်မှတ်လေ့လာပါ။ မိခင်နှင့် ကလေးအသက်အန ္တရာယ် စိတ်ချရစေရန်အတွက် လိုအပ်ပါက ခွဲစိတ်မွေးဖွားနိုင်ရန် ပြင်ဆင်ထားပါ။အိပ်ရာပေါ်တွင် ငြိမ်သက်စွာအနားယူပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ Dr.Aye Myat Myintmo Ref: Mayo Clinic သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..