ကိုယ်က ဘယ်လိုဝတဲ့အမျိုးအစားထဲ ပါနေတာလဲ။  ဘယ်လိုဖြေရှင်းရမလဲ။   ။
hellosayarwon.com
|
2018-12-19

 

တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခုနောက်ပိုင်းလူနေမှု ပုံစံတွေအရဆို လူကြီးတွေတင်မဟုတ်ပါဘူး။အဝလွန်တာဟာအရွယ်တိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ပြီးရင်အဝလွန်တဲ့ ပြဿနာကလည်း တစ်ခြားနာမည်ကြီး

း၊

တို့ရဲ မြစ်ဖျားခံတစ်ခုဖြစ်တာကြောင့် သူ့ကိုအရင်ဆုံး ဖြေရှင်းမှ ရမှာပါ။

ကိုယ်အဝလွန်တယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ. ။ ။
ရိုးရိုးလေးပဲပြောမယ်ဆိုရင်တော့ ဝတ်နေကျအင်္ကျီတွေ ကြပ်သွားမယ်။ ဗိုက်နဲ့ ခါးမှာ

ပိုတွေ စုနေမယ်။

ာနေပြီးအထိုင်အထလည်း မကောင်းတော့ဘူးဆိုရင် သင်ဝနေပါပြီ။အချက်အလက်နဲ့ သေချာပြောရမယ်ဆိုရင်တော့

(Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့အရပ်အမြင့်ကို ပြန်ချိန်ဆတဲ့အခါ BMI ရဲ့ တန်ဖိုးက ၃၀ ထက်ကျော်နေပြီဆိုရင် ဝနေပြီလို့ပြောလို့ရပါပြီ။

ဝခြင်း ၆ မျိုး။ ။
ဝခြင်း ၆ မျိုးရှိတယ်ဆိုတာ သင်သိပါသလား။ ဝိတ်ချဖို့အရင်မစဉ်းစားခင် ကိုယ့်က ဘယ်လိုဝတဲ့အမျိုးအစားထဲ ပါတယ်ဆိုတာ သေချာသိတော့မှအနာနဲ့ဆေးတွေ့သလို ကိုယ်ဖြစ်နေတဲ့အဝလွန်တဲ့ ပြဿနာကို ဖြေရှင်းလို့ရမှာပါ။ ၁. ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ဝခြင်း။ ။

မရှိရင် ဝလာတတ်တယ်ဆိုတဲ့ကိစ္စကိုအထူးပြောနေစရာတောင် မလိုပါဘူး။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေကနေ ရတဲ့

ကို ပြန်လောင်ကျွမ်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုရှိမှရတာပါ။ စားတာကတော့ တစ်နေ့၃ နပ် တစ်နပ်တောင် မလျှော့ဘူး၊ လှုပ်ရှားမှုလည်း မရှိဘူးဆိုရင် စားသမျှအကုန်စုပြီး ဝလာတော့ မှာပါ။ ဒါကြောင့် ဒီလိုဝတဲ့အမျိုးအစားထဲပါတဲ့သူတွေ တတ်နိုင်သမျှအချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြပါ။  ။ ၂ .အစားသောင်းကျန်းလို့ဝခြင်း။ ။ အစားသောင်းကျန်းတယ်ဆိုတည်းက ကိုယ်တစ်နေ့လိုအပ်တဲ့

က်ပိုအောင် စားမိနေတဲ့သူချည်းပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တာရော၊ ကျန်းမားရေးနဲ့ညီညွတ်မှုမရှိတဲ့

တွေ စားတာအကုန်ပါပါတယ်။ သွင်းလိုက်သမျှ ကယ်လိုရီတွေကို လောင်ကျွမ်းအောင် ပြန်မလုပ်နိုင်ဘူးဆိုရင် သေချာပါတယ်။ ကယ်လိုရီအပိုတွေက

အဖြစ်ပြောင်းသွားတော့မှာပါ။ ဒီလို ဝတဲ့အမျိုးအစားကတော့ ဖြေရှင်းရလွယ်ပါတယ်။အစားလျှော့စားလိုက်ပါ။ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့အဓိကနဲ့အများဆုံး တရားခံကအစားအသောက်ဖြစ်နေလို့ပါ။ ၃ . စိတ်ဖိစီးမှုကြောင့်ဝခြင်း။ ။

များတဲ့သူတွေဟာအစားပိုစားတတ်ကြတယ်ဆိုတာ သတိထားမိကြပါသလား။ တစ်ချို့လူတွေဟာ

များနေရင်အစားအသောက်တွေကို စိတ်ရဲ့ထွက်ပေါက်အဖြစ်အသုံးချတတ်ကြပါတယ်။ ဒီလိုနဲ့စိတ်ဖိစီးမှုများလေလေ ပိုစားမိလေလေနဲ့ ဝလာပါရော။ စိတ်ဖိစီးမှုများတဲ့ သူတစ်ယောက်ဆီကို တစ်ခြာရောဂါတွေကလည်း မဖိတ်ခေါ်ဘဲ ဝင်လာတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ပူပန်များတဲ့သူတွေအနေနဲ့အကောင်းဆုံးကတော့ စိတ်ကို လျှော့ပါ။ ဖိစီးမှု များလာရင်အစားသိပ်မစားဘဲ တစ်ခြား စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သီချင်းဆိုတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေလုပ်ပါ။ ၄ မျိုးရိုးလိုက်ပြီးဝခြင်း။ ။ ကိုယ့်မျိုးရိုးကအဝမျိုးရိုးဆိုရင် မျိုုးရိုးဗီဇမှာတည်းက ဝတဲ့ ဗီဇပါလာပြီးဖြစ်တဲ့အတွက် ကိုယ့်မှထူးပြီး ပိန်နေစရာအကြောင်းတော့မရှိပါဘူး။ တစ်ခုရှိတာက သူများတွေဝတိုင်း ကိုယ်မဝချင်ရင်အစားအသောက်ဆင်ခြင်ပါ၊

းလုပ်ပါ။ ၅ . သွေးပြန်ကြောပိတ်အဝလွန်ရောဂါ။ ။ ဒါကလည်း မျိုးရိုးလိုက်တဲ့အဝလွန်ခြင်းတစ်မျိုးပါပဲ။

ပိတ်တဲ့ ရောဂါ ကိုယ့်မျိုးရိုးထဲမှာရှိနေရင် ကိုယ်လည်းအလားတူအခြေအနေမျိုး ဖြစ်ဖို့များပါတယ်။ ဒီလိုအဝလွန်တာမျိုးကို ကိုယ်ဝန်သည်တွေမှာလည်းအတွေ့များပါတယ်။

ကြာင့် ခြေထောက်တွေဖောရောင်လာပြီး ကိုယ့်အလေးချိန်တက်လာတာကို ဆိုလိုတာပါ။ ဒီလိုအဝလွန်ခြင်းအတွက်အကောင်းဆုံးဖြေရှင်းနည်းကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။  ။ ၆ . တစ်နေရာတည်းအဆီစုပြီး ဝခြင်း။ ။ တစ်ချို့လူတွေရှိပါတယ်။ လူကသာ ပိန်နေပေမယ့် ဗိုက်ကလေး တစ်လုံးနဲ့ ဘီးကျဲကြီးတွေ ရှိပါတယ်။ စားသမျှ ဗိုက်မှာစု ဆိုတဲ့အတိုင်းအဆီတွေအားလုံး ဗိုက်မှာပဲလာစုပြီး တစ်နေရာတည်းကွက်ဝ နေတာမျိုးပါ။ ဒါမျိုးက

၊ ဘီယာသောက်တာနဲ့လည်း ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဗိုက်တစ်နေရာတည်းအဆီစုပြီး ဝတာကအခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့

ခက်တာ၊

သွားတာ၊

နှလုံးရောဂါတွေကိုပါ ဖြစ်စေပါတယ်။ ဒီပြဿနာကိုဖြေရှင်းချင်ရင်တော့အရက်ဘီယာကို ဖြတ်ပါ။အဆီများတာ လျှော့စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကဲ ဒီလောက်ဆို ကိုယ်က ဘယ်လိုဝတဲ့အမျိုးအစားထဲပါနေလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။အဝလွန်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးရှိတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ပါ။ ဝလို့လှလို့ပဲ ရှိတာဆိုပေမယ့်အဝလွန်သွားရင်တော့ လှတာမဟုတ်ဘဲ ရောဂါတွေ တစ်သီကြီးရတော့မှာပါ။

 သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။          




Some text some message..