ကျောက်ကပ်ရောဂါ ကိုယ့်ဆီမှာမဖြစ်ပေါ်ခင် အစောပိုင်းကာလတွေမှာ ခန္ဓာကိုယ်ကနေ သတိပေးတဲ့ လက္ခဏာရပ်တွေ ပေါ်လာတတ်ပါတယ်။ဒီလက္ခဏာရပ်တွေကို ကြုံတွေ့နေရပြီဆိုရင်တော့ ကျန်းမားရေးနှင့် ညီညွတ်အောင် စားသောက်နေထိုင်ပြီး ဆရာဝန်နှင့် ပြသပြီး အကြံညဏ်များ ရယူဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ကျောက်ကပ်ရောဂါ ရဲ့ အစောပိုင်းရောဂါ လက္ခဏာရပ်တွေကတော့
၁။ကောင်းကောင်းမွန်မွန်မအိပ်စက်နိုင်ခြင်း
ကျောက်ကပ်ဟာ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်နိုင်တော့ဘဲ နာမကျန်းဖြစ်လာတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးနှင့် ဆီးများကို စွန့်ထုတ်သင့်သလောက် မစွန့်ထုတ်နိုင်တော့ပါဘူး။ အဲ့ဒီ့လိုအချိန်မှာ သွေးထဲမှာ အညစ်အကြေးပမာဏနှင့်အဆိပ်အတောက်များ များ ပြားလာပြီး ကောင်းကောင်းမွန်မွန် အိပ်စက်ဖို့အတွက် ခက်ခဲတဲ့ ပြသာနာရပ်တွေကို စတင်ရင်ဆိုင်ရပါလိမ့်မယ်။နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူတွေအဖို့ ညဘက်အိပ်စက်ချိန်မှာ အသက်ရှုခက်ခဲ တာတွေတောင် ကြုံတွေ့ရနိုင်ပါတယ်။
၂။သွေးနီဥပမာဏနည်းပါးလာမယ်။
ကျန်းမားပြီး ကောင်းမွန်စွာ အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ဟာ ဗီတာမင်ဒီဓာတ်ကို အီးပီအို လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးကို ပြောင်းလဲပေးလိုက်က်ပါတယ်။ အဲ့ဒီ့ဟော်မုန်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥထုတ်လုပ်မှုမှာ အဓိက ပါဝင်တာပဲဖြစ်ပါတယ်။ ကျောက်ကပ်ပုံမှန်အလုပ်မလုပ်တော့တဲ့အချိန်မှာတော့ သွေးနီဥ ပမာဏ နည်းပါးလာပြီး ဦးနှောက်နှင့် ကြွက်သားများ မောပန်းခြင်းကို ခံစား ရပြီး ခေါင်းကိုက်ခြင်း၊မောပန်းခြင်းနှင့် ခန္ဓာကိုယ်အားနည်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။
၃။အသားအရေ ခြောက်သွေ့ပြီး ယားယံခြင်း
ကျောက်ကပ်ရောဂါ ရဲ့ အစောပိုင်း ရောဂါလက္ခဏာရပ်တွေမှာ အသားအရေယားယံခြင်းလည်း အပါအဝင်ဖြစ်ပါတယ်။ တစ်ခုခုကို ဓာတ်မတည့်လို့ ယားယံတာမျိုး မဟုတ်ဘဲ ကျောက်ကပ်က ပုံမှန်အလုပ်မလုပ်နိုင်တာကြောင့် ခန္ဓာကိုယ်ကနေ သတိပေးတဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။
၄။ခံတွင်းနံ့မကောင်းခြင်း
ကျောက်ကပ်ရဲ့ အလုပ်ဖြစ်တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ခြင်း ပုံမှန်မလုပ်နိုင်တော့တဲ့အခါမှာသွေးထဲမှာ အညစ်အကြေးအဖြစ်ရှိနေနိုင်ပါတယ်။ဒါကြောင့်မို့ အစားစားတဲ့အခါတိုင်း အရသာအမှန်ကို မရဘဲ ခံတွင်းထဲမှာ သံဓာတ်ကဲ့သို့သော မကောင်းတဲ့ အရသာကို ခံစားမိနေမှာပါ။သွေးထဲက အညစ်အကြေးတွေကြောင့် ခံတွင်းနံ့လည်း ကောင်းမွန်ခြင်း မရှိဘဲ ဆိုးရွားစေနိုင်ပါတယ်။
၅။ခန္ဓာကိုယ်ဖောရောင်လာခြင်း
ကျောက်ကပ်ပျက်စီးလာတဲ့အချိန်မှာ ခန္ဓာကိုယ်က မလိုအပ်တဲ့ အရည်များကို စွန့်ထုတ်ဖို့အတွက် ခက်ခဲလာပါတယ်။အဲ့ဒီလိုအချိန်တွေမှာ ခန္ဓာကိုယ်ရှိ မျက်နှာ၊လက်ချောင်း၊ခြေချောင်းစတာတွေဟာ ဖောရောင်လာပြီး လေးလံခြင်းကို ခံစားလာရနိုင်ပါတယ်။ ဒီလက္ခဏာရပ်ကိုတော့ ကျောက်ကပ်ရောဂါရှင်တွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။
ကျောက်ကပ်ရောဂါ ကို ကြိုတင်ကာကွယ်ဖို့အတွက် ရေကို တစ်နေ့တွင် အနည်းဆုံး ၄ လီတာလောက်သောက်သုံးပေးပြီး ဆေးလိပ်သောက်ခြင်းကို လည်းဖြတ်တောက်ပေးသင့်ပါတယ်။ အသီးအနှံများကို များများစားသုံးပေးပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ပါလို့ အကြံပြုလိုက်ရပါတယ်။