ဝိတ်မကျလု့ိစိတ်ညစ်နေတယ်ဆိုရင် ဒီဖျော်ရည်လေးကိုအဓိကထားပြီးသောက်သုံးသင့်တယ်ဆိုတဲ့အကြောင်း စာဖတ်ပရိသတ်ကြီးကိုအကြံကောင်းဉာဏ်ကောင်းပေးပါရစေ။ ဘာဖျော်ရည်လဲဆိုတော့ ရှားစောင်းလက်ပတ်ဖျော်ရည်ပါပဲ ။အရင်ကလည်း ကြားဖူးကြမှာပါ။ရှားစောင်းလက်ပတ်
ဖျော်ရည်ကို ဝိတ်ချတဲ့နေရာမှာသုံးတယ်ဆိုတာ။ဒါပေမဲ့ ဘယ်လိုတွေအထောက်အကူပြုတယ်၊ဘယ်လိုတွေသောက်ပေးရမယ်ဆိုတာ သေချာသိကြသေးမယ်မထင်ပါဘူး။ဒါကြောင့်ဆက်ဖတ်ကြည့်နော်
ရှားစောင်းလက်ပတ်ဟာ ဈေးမှာလည်းအလွယ်တကူရပြီးအရသာလည်းမဆိုးတဲ့အတွက်အားလုံးသောက်နိုင်ကြမှာပါ။ဒီရှားစောင်းလက်ပတ်ပင်ကိုတစ်ချို့ကလည်း မျက်လှည့်ပင်လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ ရှားစောင်းလက်ပတ်က ကျန်းမာရေးအကျိုးအာနိသင်တွေတော်တော်များများရှိနေလို့ပါပဲ။ရှားစောင်းလက်ပတ်မှာ ရေဓာတ် ၉၉ ရာခိုင်နှုန်းပါဝင်ပြီး antioxidants ၊ antibiotics ဓာတ်တွေပါဝင်လို့ ဆဲလ်တွေပြုပြင်ပြောင်းလဲတဲ့နေရာမှာအများကြီးအသုံးဝင်နေပါတယ်။
ရှားစောင်းလက်ပတ်မှာ ဗီတာမင်မျိုးစုံပါဝင်ပါတယ်။ကိုလက်စထရောကိုလည်းညီမျှစေပြီးအစာချေစနစ်ကောင်းမွန်စေတဲ့ polysaccharide ၊ fatty acids တွေလည်းပါဝင်ပါတယ်။ဒါ့အပြင် ဆီးချိုနဲ့သက်ဆိုင်ရာရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချပေးပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်သောက်ပေးတာက ကိုယ်အလေးချိန်ကျစေရုံသာမကအရိုးအဆစ်နာကျင်တာတွေ၊နောက်ကျောနာကျင်တာတွေ၊အစာမကြေတာတွေလည်း သက်သာစေပါတယ်တဲ့။ဒူးနာတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လေးကိုလိမ်းပေးရင် သက်သာသွားတာကိုမြင်တွေ့ရမှာပါ။
ရှားစောင်းလက်ပတ်ဖျော်ရည်သောက်တာဝိတ်ကျတယ်ဆိုပေမဲ့ သရေစာတွေမလျှော့ရင်၊မဖြတ်ရင်တော့ ဒီတိုင်းပဲဖြစ်နေမှာပါ။ဒီဖျော်ရည်ကသင့်ရဲ့ခန္ဓာကိုယ်ခုခံစွမ်းအားကိုမြှင့်တင်ပေးပြီးအထဲကအညစ်အကြေးတွေကိုသန့်စင်ဖယ်ထုတ်ပေးတဲ့အတွက် ဒီလိုအချိန်မှာ သရေစာတွေကိုစားမြဲစားနေမယ်ဆိုရင် ဘာမှထူးလာမှာမဟုတ်ပါဘူး။အဲ့ဒီလိုအချိန်မှာ ဟင်းသီးဟင်းရွက်တွေ၊အသီးအနှံတွေပဲပိုပြီးစားပေးသင့်ပါတယ်။
ဒီတော့ရှားစောင်းလက်ပတ်ဖျော်ရည်ကိုဘယ်လိုလုပ်ရမလဲ…
ပထမဆုံးရှားစောင်းလက်ပတ်တွေကို ရေနဲ့သေချာသန့်စင်အောင်ဆေးပါ။ပြီးရင်အပေါ်ယံအလွှာကိုခွာလိုက်ပြီး ဂျယ်လ်တွေကိုခြစ်ထုတ်ပါ။ရလာတဲ့အသားတွေကို ကြိတ်စက်ထဲမှာထည့်မွှေလိုက်ပြီးအရည်ရအောင် စစ်ထုတ်ပါ။အရည်တွေရလာပြီဆိုရင် ရေခဲသေတ္တာထဲအအေးခံလို့သောက်
လို့ရပါပြီ။အရသာကိုမကြိုက်ဘူးဆိုရင် ပျားရည်နည်းနည်းထည့်ပေးနိုင်ပါတယ်။အဲ့ဒါက သင့်ရဲ့အစာအိမ်အတွက်ကောင်းမွန်စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည် ၃၀ ml ကို ညအိပ်ရာမဝင်ခင်ပုံမှန်သောက်သုံးပေးသွားတာက သင့်ရဲ့ကိုယ်အလေးချိန်ကို
သိသိသာသာလျှော့ချပေးနိုင်ပါလိမ့်မယ်။ တစ်ပတ်နှစ်ပတ်လောက်ဆိုတာနဲ့ လူက ပေါ့ပါးသွားတာခံစားရမှာပါ။
ကဲ ဒီတော့ ရှားစောင်းလက်ပတ်လေးမြန်မြန်ပြေးဝယ်ပြီး ဝိတ်ချဖို့ပြင်တော့နော်
Source:practo/timesnownews
Unicode
၀ိတ်မကျလို့စိတ်ညစ်နေတယ်ဆိုရင် ဒီဖျော်ရည်လေးကို အဓိကထားပြီးသောက်သုံးသင့်တယ်ဆိုတဲ့အကြောင်း စာဖတ်ပရိသတ်ကြီးကို အကြံကောင်းဉာဏ်ကောင်းပေးပါရစေ။ဘာဖျော်ရည်လဲဆိုတော့ ရှားစောင်းလက်ပတ်ဖျော်ရည်ပါပဲ။အရင်ကလည်း ကြားဖူးကြမှာပါ။ရှားစောင်းလက်ပတ်
ဖျော်ရည်ကို ၀ိတ်ချတဲ့နေရာမှာသုံးတယ်ဆိုတာ။ဒါပေမဲ့ ဘယ်လိုတွေအထောက်အကူပြုတယ်၊ဘယ်လိုတွေသောက်ပေးရမယ်ဆိုတာ သေချာသိကြသေးမယ်မထင်ပါဘူး။ဒါကြောင့်ဆက်ဖတ်ကြည့်နော်
ရှားစောင်းလက်ပတ်ဟာ စျေးမှာလည်းအလွယ်တကူရပြီး အရသာလည်းမဆိုးတဲ့အတွက် အားလုံးသောက်နိုင်ကြမှာပါ။ဒီရှားစောင်းလက်ပတ်ပင်ကိုတစ်ချို့ကလည်း မျက်လှည့်ပင်လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ ရှားစောင်းလက်ပတ်က ကျန်းမာရေးအကျိုးအာနိသင်တွေတော်တော်များများရှိနေလို့ပါပဲ။ရှားစောင်းလက်ပတ်မှာ ရေဓာတ် ၉၉ ရာခိုင်နှုန်းပါဝင်ပြီး antioxidants ၊ antibiotics ဓာတ်တွေပါဝင်လို့ ဆဲလ်တွေပြုပြင်ပြောင်းလဲတဲ့နေရာမှာအများကြီးအသုံးဝင်နေပါတယ်။
ရှားစောင်းလက်ပတ်မှာ ဗီတာမင်မျိုးစုံပါဝင်ပါတယ်။ကိုလက်စထရောကိုလည်းညီမျှစေပြီး အစာချေစနစ်ကောင်းမွန်စေတဲ့ polysaccharide ၊ fatty acids တွေလည်းပါဝင်ပါတယ်။ဒါ့အပြင် ဆီးချိုနဲ့သက်ဆိုင်ရာရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချပေးပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်သောက်ပေးတာက ကိုယ်အလေးချိန်ကျစေရုံသာမက အရိုးအဆစ်နာကျင်တာတွေ၊နောက်ကျောနာကျင်တာတွေ၊အစာမကြေတာတွေလည်း သက်သာစေပါတယ်တဲ့။ဒူးနာတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လေးကိုလိမ်းပေးရင် သက်သာသွားတာကိုမြင်တွေ့ရမှာပါ။
ရှားစောင်းလက်ပတ်ဖျော်ရည်သောက်တာဝိတ်ကျတယ်ဆိုပေမဲ့ သရေစာတွေမလျှော့ရင်၊မဖြတ်ရင်တော့ ဒီတိုင်းပဲဖြစ်နေမှာပါ။ဒီဖျော်ရည်ကသင့်ရဲ့ခန္ဓာကိုယ်ခုခံစွမ်းအားကိုမြှင့်တင်ပေးပြီး အထဲက အညစ်အကြေးတွေကိုသန့်စင်ဖယ်ထုတ်ပေးတဲ့အတွက် ဒီလိုအချိန်မှာ သရေစာတွေကိုစားမြဲစားနေမယ်ဆိုရင် ဘာမှထူးလာမှာမဟုတ်ပါဘူး။အဲ့ဒီလိုအချိန်မှာ ဟင်းသီးဟင်းရွက်တွေ၊အသီးအနှံတွေပဲပိုပြီးစားပေးသင့်ပါတယ်။
ဒီတော့ရှားစောင်းလက်ပတ်ဖျော်ရည်ကိုဘယ်လိုလုပ်ရမလဲ…
ပထမဆုံးရှားစောင်းလက်ပတ်တွေကို ရေနဲ့သေချာသန့်စင်အောင်ဆေးပါ။ပြီးရင်အပေါ်ယံအလွှာကိုခွာလိုက်ပြီး ဂျယ်လ်တွေကိုခြစ်ထုတ်ပါ။ရလာတဲ့အသားတွေကို ကြိတ်စက်ထဲမှာထည့်မွှေလိုက်ပြီး အရည်ရအောင် စစ်ထုတ်ပါ။အရည်တွေရလာပြီဆိုရင် ရေခဲသေတ္တာထဲအအေးခံလို့သောက်
လို့ရပါပြီ။အရသာကိုမကြိုက်ဘူးဆိုရင် ပျားရည်နည်းနည်းထည့်ပေးနိုင်ပါတယ်။အဲ့ဒါက သင့်ရဲ့အစာအိမ်အတွက်ကောင်းမွန်စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည် ၃၀ ml ကို ညအိပ်ရာမဝင်ခင်ပုံမှန်သောက်သုံးပေးသွားတာက သင့်ရဲ ့ကိုယ်အလေးချိန်ကို
သိသိသာသာလျှော့ချပေးနိုင်ပါလိမ့်မယ်။တစ်ပတ်နှစ်ပတ်လောက်ဆိုတာနဲ့ လူက ပေါ့ပါးသွားတာခံစားရမှာပါ။
ကဲ ဒီတော့ ရှားစောင်းလက်ပတ်လေးမြန်မြန်ပြေးဝယ်ပြီး ၀ိတ်ချဖို့ပြင်တော့နော်
Source:practo/timesnownews