ကွာရန်တင်းကာလပြီးဆုံးသွားလို့ နေအိမ်ပြန်ခွင့်ရခဲ့တဲ့ Kim Chung Ha
Kim Chung Ha ရဲ့ COVID-19 ကွာရန်တင်းကာလပြီးဆုံးသွားပြီဖြစ်ပါတယ်။
MNH Entertainment က Kim Chung Ha ဟာ ဒီဇင်ဘာလ ၇ ရက်နေ့ကစတင်ပြီး ရောဂါကုသရေးစင်တာမှာ ကွာရန်တင်းဝင်ခဲ့တာဖြစ်ပြီး အခုတော့ သတ်မှတ်ကွာရန်တင်းရက်ပြည့်သွားပြီလို့ဆိုပါတယ်။
COVID-19 ရောဂါပိုးတွေ့ရှိသူတွေဟာ အနည်း ဆုံး ၁၀ ရက်လောက်က ရောဂါလက္ခဏာမပြသတတ်ဘူးလို့သိရပါတယ်။
Kim Chung Ha ကတော့ ကွာရန်တင်းကာလပြီးဆုံးသွားတဲ့အချိန်အထိ ဘာရောဂါလက္ခဏာမှမပြသတာကြောင့် နေအိမ်ပြန်ခွင့်ပြုခံခဲ့ရပါ တယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ COVID-19 ရောဂါကူးစက်နှုန်းကလည်း မြင့်တက်လျက်ရှိတာကြောင့် Kim Chung Ha အနေနဲ့လည်း COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းကမ်းတွေကို သေချာစွာ လိုက်နာဆောင်ရွက်နေပြီး သူမရဲ့ကျန်းမာရေးကို ဂရုစိုက်နေပါတယ်လို့ အေဂျင်စီကပြောကြားခဲ့ပါတယ်။
အဆိုတော် Kim Chung Ha ကတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အနုပညာလောကထဲ စတင် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။