အရိုး အပွင့်ကျိုးခြင်း (Open Fracture) ကို ပြုစုနည်း
healthcare.com.mm
|
2020-12-24


အရိုးကျိုးပြီး အရေပြားများ ပေါက်ပြဲကာ အရိုးများ ငေါထွက်နေမည်။ အရိုး အပွင့်ကျိုးခြင်းလက္ခဏာများ ၁။ အရေပြားပေါက်ပြဲ၍ သွေးများထွက်ခြင်း။ ၂။ အရေပြားကို ဖောက်၍ အရိုးများငေါထွက်နေခြင်း။ ၃။ အရိုးကျိုးသော အစိတ်အပိုင်းကို အထိမခံနိုင်ခြင်း။ ၄။ လှုပ်ရှားလျှင် ပိုမိုနာကျင်ခြင်း။ ၆။ သွေးဆုတ်သွေးလန့် (Shock) လက္ခဏာများတွေ့ရခြင်း။ အရိုး အပွင့်ကျိုးခြင်းဒဏ်ရာအားပြုစုခြင်း ၁။ လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ပြုစုပါ။ မိမိလုပ်ဆောင်ချက်များကို ရှင်းလင်း၍ အားပေးစကားပြောပါ။ ၂။ အပွင့်ဒဏ်ရာအား ပြုစုရာတွင် လက်အိတ် (သို့) သန့်ရှင်းသော ကြွပ်ကြွပ်အိတ်ကို အသုံးပြု၍ ကိုင်တွယ်ပါ။ ၃။ ပိုးသတ်ထားသော ဆေးထည့်ပိတ်ပါးစနှင့် ပိုးမဝင်စေရန် သန့်ရှင်းစွာပြုစုပါ။ ၄။ သွေးများထွက်နေပါက သွေးတိတ်စေရန်ပြုစုပါ။ ၅။ အရိုးများငေါထွက်နေပါက ကရွတ်ခွေခံ၍ ပတ်တီးစည်းရမည်။ ၆။ သွေးဆုတ်သွေးလန့်ခြင်းကို ပြုစုပါ။ သွေးဆုတ်သွေးလန့်ခြင်းအား ပြုစုရာတွင် ခြေထောက် အစိတ်အပိုင်းကျိုးနေသော လူနာအား ကြပ်စည်းပြီးမှ ခြေပိုင်းကိုမြှင့်၍ ပြုစုပါ။ ၇။ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ပေးပါ။ ရှောင်ကျဉ်ရမည့် အချက်များ ၁။ မလိုအပ်ဘဲ လူနာကို ရွှေ့ပြောင်းခြင်းမပြုရပါ။ ၂။ ပတ်တီးကို တင်းကြပ်အောင်မစည်းရပါ။ (သွေးလျှောက်မှုနှောင့်နှေးပိတ်ဆို့နိုင်သည်) ၃။ လက်ဖျား၊ ခြေဖျားများဖုံးအောင် မစည်းရပါ။ (သွေးလည်ပတ်မှုကို စစ်ဆေးနိုင်ရန်) ၄။ အပွင့်ကျိုးသောဒဏ်ရာကို ပြုစုလျှင် တိုက်ရိုက်ကိုင်တွယ်ခြင်း မပြုရ။ ၅။ ငေါထွက်နေသော အရိုးအားပြန်သွင်းရန် မကြိုးစားပါနဲ့။ ၆။ လူနာအား မည်သည့်အစားအစာမှ မကျွေးရ၊ ရေမတိုက်ရ။ Credit : အခြေခံရှေးဦးပြုစုခြင်း သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..