Gum Bleeding(သွားဖုံးသွေးယိုခြင်း)
healthcare.com.mm
|
2018-12-20

သင့်သွားဖုံးဟာအလိုလိုနေရင်း ဒါမှမဟုတ် သင်သွားတိုက်ရင်း သွေးထွက်လာခဲ့မယ်ဆိုရင် သွားဖုံး သွေးယိုစိမ့်တယ်လို့ ဆိုနိုင်ပါပြီ။ တကယ်လို့များ သင့်သွားဖုံးမှာသေးွယိုစိမ့်လာပြီဆိုရင်အောက်ပါမေးခွန်းများကို ဖြေကြားသင့်ပါတယ်။  ၁။ သင့်သွားဖုံးမှ သွေးယိုစိမ့်နေတာ ဘယ်လောက်ကြာနေပြီ ဖြစ်ပါသလဲ။ သင့်အဖြေဟာသင့်ခံစားနေရတဲ့ ရောဂါဟာ နာတာရှည်လား ။အခုမှ ဖြစ်ပေါ်တာလားဆိုတာသင်ခွဲခြားသိလာပါလိမ့်မယ်။  ၂။ သင့်သွားဖုံးမှ သွေးယိုမှု ဖြစ်ပွားအောင် သင့်မှာ ထိခိုက်ဒါဏ်ရာရရှိဖူးပါသလား။ တကယ်လို့ သင့်မှာအဲလို ထိခိုက်ဒါဏ်ရာ မရှိခဲ့ဖူးဆိုရင်အလိုအလျှောက်ဖြစ်တတ်တဲ့အခြားသောအကြောင်းအရာများကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ ၃။ တခြားနေရာမှအလိုအလျှောက် သွေးယိုစိမ့်သော လက္ခဏာများကို သင်ခံစားနေရပါသလား။ ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊အရေပြားတွင်သွေးချေဥလွယ်ခြင်း၊ သင့်ရဲ့အဆစ်များ ယောင်ယမ်းနေခြင်း၊ စသည့်တို့ ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သွေးနှင့်ဆိုင်တဲ့ သွေးမတိတ်တဲ့ရောဂါရှိမရှိကို သေချာ စစ်ဆေးဖို့ လိုတယ်ဆိုတာ ပြတာပါပဲ။ ၄။အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်းနာခဲ့ဖူးပါသလား။ လည်ချောင်းနာတာဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုးတခုခု တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတဆင့်ဖြစ်ပေါ်တတ်တဲ့ သွေးမတိတ်တဲ့ ရောဂါရှိမရှိကိုသေချာစစ်ဖို့လိုပါတယ်။  ၅။ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး သင့်ရဲ့ သွားဆရာဝန်ကို နောက်ဆုံးဘယ်အချိန်က ပြခဲ့ ပါသလဲ။ မှန်မှန်ပြသခဲ့ပါသလား။ သွားပိုးစားနေတာရှိပါသလား ။ တကယ်လို့အဲဒါတွေ ကို မှန်မှန်မလုပ်ခဲ့မိဘူး။ သွားပိုးစားတာလေးတွေ ရှိနေမယ်ဆိုရင်တော့သင့်မှာ သွားဖုံးယောင်တဲ့ရောဂါ ကို သေချာစစ်ဆေးဖို့ လိုပါတယ်။ တခါတလေမှာ တခြားသော ရောဂါလက္ခဏာများကလည်း သင့်ရောဂါ ကိုတွေ့ရှိဖို့အကူအညီ ပေးတတ်တာကြောင့် ဒီရောဂါလက္ခဏာလေးတွေ ရှိမရှိကို သင်စစ်ဆေး ကြည့်စေချင်ပါတယ် ။  ၁။ သွေးခြေဥလွယ်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မိန်းကလေးများတွင် ရာသီလာသော ပမာဏများနေတတ်ခြင်း စတာတွေဟာ သွေးမတိတ်တဲ့ရောဂါဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ပါပဲ။ ၂။ မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ကျလာခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ ညဖက်ချွေးထွက်ခြင်း စတာတွေကတော့ Lymphoma နဲ့ သွေးကင်ဆာလို ရောဂါမျိုးမှာ ပိုမိုတွေ့ရတတ်ပါတယ်။  ၃။ သွားဖုံးမှာအနာရှိခြင်းကတော့ သွားဖုံးယောင်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါ လက္ခဏာ တခုပါပဲ။  ၄။အရေပြားမှာအစက်အပျောက်တွေကို တွေ့လာရမယ်ဆိုရင်တော့ သွေးမတိတ်တဲ့ရောဂါတချိုကို စဉ်းစားရပါလိမ့်မယ်။  ၅။အာခေါင်ခြောက်ခြင်း ကတော့ ဆီးချိုရောဂါ၊ တချို့သောဆေးများ ၊ သွေးအားနည်းခြင်း၊ခုခံအားကျဆင်းမှုရောဂါ စသည်တို့တွင်တွေ့ရတတ်ပြီး ပါးစပ်ခြောက်ခြင်းကြောင့် သွားဖုံးယောင်ခြင်းကိုအားပေးစေပါတယ။်  ဘာ့ကြောင့်လဲသွားဖုံးသွေးယိုစိမ့်ခြင်းဟာ သွားဖုံးကြောင့်ဖြစ်သောရောဂါအပြင်အခြားသောအကြောင်းအရာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်အခြာအကြောင်းအရာ များကိုလည်း ရှာဖွေ ကုသသင့်ပါတယ်။ သွားဖုံးသွေးယိုစိမ့်ခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့  -သွားဖုံးယောင်ခြင်း -သွားဖုံးတွင်ရောဂါတခုခုရှိခြင်း -သွေးမတိတ်သော ရောဂါများကြောင့်ဖြစ်ခြင်း  -သွေးကင်ဆာ  -ကိုယ်ဝန်ရှိစဉ် သွားဖုံးသွေးယိုခြင်း  -ဗိုက်တာမင် စီနှင့်အခြားဗိုက်တာမင်များ ချို့တဲ့ခြင်း  -သွားပိုးစားခြင်းမှ တဆင့် သွားဖုံးသွေးယိုခြင်း  -ပါးစပ်အတွင်း ပိုးဝင်ခြင်းအရက်သေစာ သောက်စားသော လူများတွင် သွားဖုံးသွေးယိုခြင်း သွားဖုံးသွေးယိုစိမ့်ခြင်းဟာ များသောအားဖြင့် သွားဖုံးယောင်ခြင်းကြောင့် ဖြစ်ပါတယ်။အချို ဓါတ်များစွာပါဝင်သောအစာများကိုစားသောက်ခြင်း၊ သွားပုံမှန်မတိုက်ခြင်း သို့မဟုတ် ခံတွင်း သန့်ရှင်းရေးကို သေချာ မလုပ်ခြင်းများဟာ သွားများနဲ့ သွားဖုံးများ ပတ်ဝန်းကျင်မှာ စားကျွင်းစားကျန်စုမှုကိုအားပေးပါတယ။်အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားများ ခိုအောင်ဖို့ နေရာ တခုအဖြစ် တည်ရှိကာ သွားဖုံးယောင်ခြင်းကိုအားပေးပါတယ်။  ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် သွားဖုံးတွင်ရှိသောအသားစများ လျော့ရဲကာ ပျော့ပြောင်းလာခြင်း၊ သွေးလျှောက်များလာခြင်းတို့ကြောင့် သွားဖုံးသွေးယိုတာဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း ၊ ဆေးလိပ်သောက်ခြင်း၊အစာအဟာရ မျှတစွာ စားသောက်မှု မရှိခြင်းတို့ကလည်း သွားဖုံးသွေးယိုခြင်းကို ပိုမိုဖြစ်စေပါတယ်။ ဆီးချိုဝေဒနာရှင်များ ဆီးချိုရောဂါ ထိန်းသိမ်းမှုအား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင်သလို၊ တချို့သော ဆေးများကလည်း သွားဖုံးသွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။ သင်ဘယ်လိုခံစားလာရမလဲ ရောဂါတခုခုရှိပြီဆိုရင်တော့ သွားဖုံးတွေဟာ နီပြီးယောင်လာပါတယ်။ နောက် သွားတိုက်တဲ့အခါ သွေးထွက်လာတတ်ပါတယ။် သွားဖုံးယောင်လာတာကို သေချာ မကုရင်တော့အနီးနားမှာရှိတဲ့အသားမျှင်တွေနဲ့အရွတ်တွေကိုပါ ထိခိုက်စေပြီး သွားယိုင်နဲ့တာတွေ၊ သွားနဲ့ သွားဖုံးကြားမှာအခေါင်းပေါက်ဖြစ်လာတွေဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ သွားကျွတ်ထွက်တာ၊ သွားဖုံးမှာအနာဖြစ်တာတွေအထိဖြစ်တတ်ပါတယ်။ သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင်များ၊ ဗိုက်တာမင်စီ ချိုတဲ့သူများ ၊ သွားဖုံးနှင့် သွားခြေယောင်သော သူများတွင်လည်း ဖြစ်တတ်ပါတယ်။ ဗေလုံး Hodgkin lymphoma ၊ သွေးကင်ဆာ ၊Lupus erythemtosus ၊ သွေးမတိတ်သော ရောဂါများ ၊ရိုးတွင်းချဉ်စီမှာသွေးနှင့်ဆိုင်သောပစ္စည်းများ မထုတ်လုပ်နိုင်သော သွေးအားနည်းရောဂါများတွင်ဗေလုံးကြီးနေတတ်ပါတယ်။သွေးချေဥခြင်းအကြောင်းအမျိုးမျိုးကြောင့် သွေးတိတ်စေသောအရာ ( platelets ) နည်းနေသောအခြေအနေများတွင် ခန္ဓာကိုယ်အနှံ့အပြား၌သွေးခြေဥကလေးများ (အနီရောင်အစက်အပျောက် ကလေးများ ) ထွက်တတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များ သွားဖုံးမှာသာမက တခြားနေရာများကပါအလိုအလျှောက် သွေးထွက်နေပြီးဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် သွားဖုံးတခုတည်းက သွေးထွက်နေတယ်ဆိုရင်တော့ သွားနှင့်ခံတွင်းကို ကောင်းမွန်သန့်ရှင်းအောင်ထားတာဟာ သွားသွေးယိုစိမ့်တာကို ကာကွယ်ဖို့နဲ့ကုသဖို့အကောင်းဆုံး နည်းလမ်းတရပ်ပါပဲ။ ဒါကြောင့် သင့်ရဲ့သွားတွေကို သွားတိုက်ဆေးနဲ့ မနက်တကြိမ် ၊ ညအိမ်ရာဝင်တကြိမ်အနည်းဆုံးတိုက်သင့်ပြီး တကြိမ်တိုက်လျှင်လည်း နှစ်မိနစ်ခန့်ကြာအောင် တိုက်ပေးရပါမယ်။သွားတိုက်တဲ့အခါ သင့်သွားဖုံးတွေသွေးထွက် တာတတ်တယ်ဆိုရင်တော့ သင်သွားတိုက်တာ ကြမ်းမကြမ်း၊ သင့်ရဲ့ သွားဖုံးတွေကိုကြွတက်လာစေပြီးအောက်က သွားခြေတွေ ပေါ်လာအောင် သင်တိုက်မိသလား ဆိုတာကိုအနည်းငယ် စမ်းစစ်ဖို့လိုပါလိမ့်မယ်။ တကယ်လို့ပြုမူမိခဲ့မယ် ဆိုရင်တော့အဲဒီအကျင့်ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းအတိုင်း တိုက်သင့်ပါတယ်။  သွားတိုက်ခြင်းက သွားများကို သန့်ရှင်းစေဖို့ တခုတည်းသော နည်းလမ်းဖြစ်သလို သွားများကြားကို သန့်ရှင်းဖို့လည်းအလွန်အရေးကြီးပါတယ်။ ဒါကြောင့် သွားများကြားကို သန့်ရှင်းစေဖို့ သွားကြားထိုးတဲ့ကြိုး ကလေးများကိုအသုံးပြုပြိး သန့်ရှင်းနိုင်ပါတယ်။ သင့်မှာအခြားသော ရောဂါများမရှိပဲ သွားနဲံ သွားဖုံးဆိုင်ရာရောဂါကြောင့် သွားသွေးထွက်ခဲ့ရင်တော့ သွားတိုက်ခြင်း သွားကြားထိုးတဲ့ကြိုးနဲ့ သွားကြားထိုးခြင်းတို့ဟာ သွေးဆက်ထွက်နိုင်ပေမယ့် နောင်ဖြစ်မဲ့ပြသနာများကို ကျော်လွှားနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆက်လုပ်သင့်ပါတယ်။ သွားတိုက်ပြီးသောအခါ ပလုတ်ကျင်းခြင်း၊ ခံတွင်းနံ့မွှေးစေသော ပစ္စည်းများကို သုံးခြင်းဟာလည်း သွားများကြားမှာ ကပ်တွယ်နေတဲ့အစာများကို ဖယ်ရှားပေးတာကြောင့်အကျိုးရှိစေပါတယ်။  သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်ခံတွင်းသန့်ရှင်းမှုကို နေ့စဉ်မပြတ်ပြုလုပ်ပြီနောက် သကြားလုံး၊ ချောကလက်၊အချိုရည် စသောအချိုများသည့်အစားအသောက်များကို လျှော့စားခြင်း၊ ၊ ကော်ဖီ လက်ဘက်ရည်ထဲသို့ သကြားများများ ထည့်သောက်ခြင်း များကို လျှောင်ကျဉ်သင့်ပါတယ်။အစာတခုနှင့် တခုကြားတွင်အစာပြေစားခြင်း များကလည်း သွားဖုံးယောင်ခြင်းကို တဖက်တလမ်းမှအားပေးသောကြောင့် ထိုသို့စားသောက်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ပမာဏကို နည်းပါးစေပြီး သွားဖုံးများက ိုမာကျောစေကာ သွားဖုံးကျန်းမာမှုကို ထိခိုက်စေပါတယ်။ ဆေးလိပ် သောက်သည့် ပမာဏကိုလျှော့ချခြင်း ၊ဖြစ်နိုင်လျှင်ဆေးလိပ် ဖြတ်ခြင်းက သွားဂျီးတက်ခြင်းကို ကာကွယ်ပေးသည့်အပြင် ဘက်တီးရီးယားများ ခိုအောင်းနိုင်သောအလွှာတခုဖြစ်ပေါ်မှုကိုလည်း နှောင့်နှေးစေပါတယ်။အကယ်၍များသင်ဟာအံကပ် တပ်ထားရတဲ့သူဖြစ်ပြီး သင့်ရဲ့အံကပ်ဟာ သင်နဲ့အဆင်မပြေသေးဘူးဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် တကယ်လိုအဲဒီ ပြသနာကိုလစ်လျှူရှုခဲ့မယ်ဆိုရင် သင့်ရဲ့အံကပ်ဟာ သွားဖုံးနဲ့ပွတ်တိုက်မိပြီး အနာဖြစ်ကာ ပိုးဝင်ရောက်ဖို့အခွင့်အလမ်းပိုများလာပါလိမ့်မယ်။ သင်ဟာ သင့်ရဲ့ သွားဆရာဝန်နဲ့အနည်းဆုံးတနှစ်ကိုတကြိမ် ၊ တကယ်လို့များသင့်မှာသွားနဲ့ခံတွင်းဆိုင်ရာပြသနာတခုခုရှိခဲ့မယ်ဆိုရင်တော့ တနှစ်ကို တကြိမ်ထက်ပိုပြီး သွားရောက်ကာ သင့် ကျန်းမာရေးအတွက် တိုင်ပင်သင့်ပါတယ။် Ref: မွန်းသက်ပန် (ဆေး-၁)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..