အလှအပအတွက် သဘာဝကပေးတဲ့ လက်ဆောင်မွန် (ရှားစောင်းလက်ပတ်)
mystylemyanmar.com
|
2020-12-30

ရှားစောင်းလက်ပက်က အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုလို့ တကယ့်ကို သဘာဝကပေးတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။




ရှားစောင်းလက်ပက်ကို မိမိတို့ရဲ့ အိမ်နဲ့ ဥယျာဉ်ခြံမြေမှာ အလွယ်တကူ စိုက်ပျိုးလို့ရပါတယ်။ ရေနိုင်နိုင်လောင်းပေးဖို့သာလိုပြီး မြေသြဇာအနည်းငယ်ထည့်ပေးဖို့ပဲလိုတာပါ။ ရှားစောင်းလက်ပတ်အရွက်ကို လှီးလိုက်တာနဲ့ထွက်လာတဲ့ Gel တွေဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါအထောက်အကူပြုစေပါတယ်။ ဒီတော့ ဘာလို့ ဓါတုပစ္စည်းတွေကို အသုံးပြုနေတော့မှာလဲ။


အလှအပ




ရှားစောင်းလက်ပက်အနှစ်ကို လိမ်းရင် ဘာတွေထူးလဲ။


၁။ ဝက်ခြံနဲ့ နှင်းခူကို ပျောက်ကင်းစေပါတယ်။


၂။ အပူလောင်တာကို သက်သာစေတယ်။


၃။ အနာနဲ့ အဖုအပိတ်တွေကို သက်သာစေတယ်။


၄။ ပိုးကောင်ကိုက်လို့ ယားနာတာကို သက်သောစေတယ်။


၅။ အသားအရေ စိုပြေစေတယ်။


၆။ အရေးကြောင်းလျှော့နည်းစေတယ်။


၇။ ရှနာတာတွေကို ကုသပေးနိုင်တယ်။


၈။ ဆံပင်ပျော့ဆေးအနေနဲ့ အသုံးပြုနိုင်တယ်။


၉။ အမွှေးရိပ်တဲ့ Gel အနေနဲ့ အသုံးပြုနိုင်တယ်။

အလှအပအတွက် တကယ်ကို ပြိုင်ဖက်ကင်းပါပဲနော်။


ကျန်းမာရေး




ရှားစောင်းလက်ပက်အနစ်ကို သောက်တာဟာ ကျန်းမာရေးအတွက် ဘယ်လိုထိရောက်မှုရှိပါသလဲ။ အနှစ်ကိုမသောက်ချင်ရင် ဖျော်ရည်လုပ်ပြီး သောက်နိုင်ပါတယ်။ (ရှားစောင်းလက်ပက်ဖျော်ရည်ပြုလုပ်နည်းကို ကျွန်မတို့ Page ကနေ ဖော်ပြခဲ့ဖူးပါတယ်။)


၁။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။


၂။ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်တယ်။


၃။ အစာအိမ် အချည်ဆန်တက်တာကို သက်သာစေပြီး အစာမကြေတာကို ကုသပေးနိုင်တယ်။


၄။ သွားဖုံးကိုကျန်းမာစေတယ်။


၅။ နှလုံးနဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတယ်။


၆။ အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သောစေတယ်။


၇။ ဆီးမှန်စေတယ်။


၉။ သွေးဖြူဆဲလ်တွေကို တိုးပွားစေတယ်။


၁၀။ ဝမ်းဗိုက်က အဆီကို လျှော့ကျစေတယ်။

ရှားစောင်လက်ပတ်ဟာ မြောက်အာဖရိကမှာ စတင်စိုက်ပျိုးခဲ့တဲ့အပင်ဖြစ်ပြီး ရှေးပဝေသသီကတည်းကတည်းက ဆေးဖက်ဝင်အပင်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကျန်းမာရေးဆိုင်ရာပြဿနာတွေအတွက် အကောင်းဆုံးဆေးဝါးအဖြစ် အသုံးပြုနေကြပါပြိ။




Some text some message..