Gastritis (အစာအိမ်ရောင်ခြင်း)
healthcare.com.mm
|
2018-09-14

အစာအိမ်ရောင်ခြင်း ဆိုသည်မှာအစာအိမ်အနာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊အကိုက်အခဲပျောက်ဆေးများ စွဲသောက်ခြင်းနှင့်အရက်အလွန်အကျွံ သောက်ခြင်းများကြောင့်အစာအိမ်၏အနားသတ် နံရံများ ရောင်ခြင်းကို ဆိုလိုသည်။လက္ခဏာများ   အစာအိမ်ရောင်ခြင်းသည် ရောဂါလက္ခဏာများကိုအမြဲတစေ မပြတတ်သော်လည်း များသောအားဖြင့် ဗိုက်အပေါ်ပိုင်းတွင် မီးစနှင့် ထိုးသကဲ့သို့အောင့်ခြင်း၊ ပျို့ခြင်း၊အန်ခြင်းနှင့်အစာစားပြီးချိန်တွင် ဝမ်းဗိုက်အပေါ်ပိုင်းတွင် ရင်ပြည့်ရင်ကယ် ခံစားနေရခြင်းများ ဖြစ်တတ်ပါသည်။ဖြစ်ပွားရသောအကြောင်းရင်းများ၁။ Helicobacter pylori ဟုခေါ်သော ဘက်တီးရီးယားကြောင့်အဖြစ်များသော်လည်းအခြားသော ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်များ ကြောင့်လည်း ဖြစ်နိုင်သည်။၂။အရက်နှင့် မူးယစ်ဆေးများအလွန်အကျွံ သုံးစွဲ၍ လည်းကောင်း၃။အကိုက်အခဲပျောက်ဆေးများ ဖြစ်သော Aspirin နှင့် Ibuprofen များကို ရေရှည်စွဲသောက်လျှင် လည်းကောင်း၄။ ထိခိုက်ဒဏ်ရာ ရခြင်း၊ ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းနှင့် ခွဲစိတ်မှု ပြူလုပ်ခါနီး ချိန်များတွင် စိတ်ဖိစီးမှု များခြင်းနှင့် ၅။အစာစားချိန် မမှန်ခြင်းများကြောင့်အစာအိမ်ရောင်ခြင်းများ ဖြစ်စေနိုင်သည်။နောက်ဆက်တွဲ ပြဿနာများအကယ်၍ မကုသပါက နောက်ပိုင်းတွင် -အစာအိမ်အနာများဖြစ်ခြင်း-အစာအိမ်တွင်း သွေးထွက်ခြင်းနှင့် တခါတရံ နာတာရှည်အစာအိမ်ရောင်ပါကအစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်သည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များအထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရသည်နှင့် တစ်ပြိုင်နက် နီးစပ်ရာ ကျန်းမာရေးဆေးခန်းသို့အမြန်ဆုံး သွားရောက်ပြသသင့်သည်။စစ်ဆေးမှုများဆရာဝန်မှ ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်၍အစာအိမ်ရောင်သည်ဟု သံသယရှိသည်နှင့် H.pylori ရှိမရှိကို သွေးဖောက်စစ်ခြင်း၊ ဝမ်းစစ်ဆေးခြင်းနှင့် Breath test ခေါ်အသက်ရှူ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ထို့ပြင်အစာအိမ်မှန်ပြောင်း ကြည့်ခြင်း၊ မှန်ပြောင်းကြည့်ရင်း လိုအပ်ပါကအသားစ ယူ၍ စစ်ဆေးခြင်းနှင့် Barium meal X-ray ခေါ် ဘေရီယမ်ကို မျိုချ၍ ဓာတ်မှန်ရိုက်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ကုသခြင်းအကယ်၍အစာအိမ်ရောင်ခြင်းသည်အရက်အလွန်အကျွံ သောက်ခြင်း၊အကိုက်အခဲပျောက်ဆေးများ စွဲသောက်ခြင်းနှင့်အပူအစပ်များအစားများခြင်းကြောင့် ဆိုပါက ထိုအရာများကို ရပ်လိုက်ခြင်းဖြင့်လည်း သက်သာစေနိုင်သည်။H.pylori ကြောင့်ဆိုပါက ပိုးသတ်ဆေး ၃ မျိုးကို ပေါင်း၍ ၂ပတ်ခန့်သောက်ပေးရမည်။ Proton pump inhibitor များကိုလည်းအစာအိမ်အက်ဆစ်အထွက်နည်းစေရန် သောက်သုံးနိုင်သည်။ သို့သော် ရေရှည်စွဲသောက်ပါက ခါး၊ လက်ကောက်ဝတ်နှင့် ကျောရိုးကျိုးခြင်းများ ဖြစ်နိုင်သည့်အတွက် ဆရာဝန် ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်ပါသည်။တခြားဆေးများအနေဖြင့်အက်ဆစ်ထွက်ခြင်းကို ဟန့်တားစေသော H2 blocker  များနှင့်အက်ဆစ်များကို ဓာတ်ပြယ်စေသော Antacids များသောက်ပေးခြင်းဖြင့်လည်းအစာအိမ်ရောင်ခြင်း လက္ခဏာများကို လျှင်မြန်စွာ သက်သာစေနိုင်သည်။သို့သော် ဘေးထွက်ဆေးကျိုးများအနေဖြင် တစ်ချို့Antacids များက့ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်ပါသည်။ကာကွယ်ခြင်းအစာအိမ်ရောင်ခြင်းမှ ကာကွယ်ရန်အပူအစပ်များ လျှော့စားခြင်း၊အစားကိုအချိန်မှန် စားခြင်း၊အရက်အလွန်အကျွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ H.pylori မကူးစက်စေရန်အစာမစားမီ လက်ကို ဆပ်ပြာနှင့် သေချာစင်ကြယ်အောင် ဆေးခြင်းနှင့်အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်ခြင်းများ ပြုလုပ်သင့်ပါသည်။Ref: NHS Choices, UKသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..