လူတို့၏အနီးဆုံးရန်သူ
mmtimes.com
|
2018-12-20

စည်ပင်က ခန့်အပ်ထားသည့် ကြွက်ဖမ်းကျွမ်းကျင်ဝန်ထမ်းအချို့ ကြွက်များကို ရှင်းလင်းသုတ်သင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ • ဇာနည်ဖြိုး/မြန်မာတိုင်းစ်

မနက်မိုးလင်းပြီဆိုတာနဲ့ တယုတယစိုက်ထားတဲ့ ပန်းပင်တွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေတာ တွေ့ရရင် ဒေါ်ထိုက် တစ်ယောက်အင်မတန် စိတ်ညစ်ရပါတယ်။ မြေညီထပ်ကနေ သူနေထိုင်ရာ ပထမထပ်အထိအမြင့်ကို တက်လာပြီး ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ လက်သည် တရားခံကတော့ ကြွက်တွေပါပဲ။ တစ်နေ့တစ်နေ့ ကြွက်ကိုက်လို့ ပြန့်ကျဲနေတဲ့ ပန်းပင်အစအနတွေကို ကောက်ပြီး သန့်ရှင်းရေးလုပ်ရတာကလည်းအလုပ်တစ်ခုလိုပါပဲ။

ကြွက်တွေက ဘာကြောင့် ဒေါ်ထိုက်တို့နေတဲ့ ပထမထပ်အထိ တက်လာတာပါလဲ။အဖြေကတော့ ရှင်းပါတယ်။ သူတို့ စားသောက်ဖို့အတွက်အစာရှိနေလို့ပါပဲ။

စာကလေးငှက်တွေကို ပုံမှန်အစာကျွေးတဲ့ခွက်မှာ ထမင်းစေ့အကျန်တွေ ရှိနေတတ်ရင်ဖြစ်ဖြစ်၊ သန့်ရှင်းမှုမရှိလို့ဖြစ်ဖြစ် စားစရာ ကျန်နေခဲ့ရာကတစ်ဆင့် ကြွက်တွေဟာ မိလ္လာပိုက်တွေ၊ ရေပိုက်တွေကတစ်ဆင့် ပထမထပ်အထိ တက်လာပြီး ရှာဖွေ စားသောက်ကြတဲ့အထိ သောင်းကျန်းလာပါတယ်။ ဒေါ်ထိုက်နေထိုင်ရာ ပုဇွန်တောင်မြို့နယ်အပါအဝင် ရန်ကုန်က မြို့နေ လူထုကတော့ ဒီပြဿနာတွေနဲ့ စိမ်းမယ်မထင်ပါဘူး။

"အရင်အိမ်ဟောင်း၊အောက်ထပ်မှာ နေတုန်းက မြေ ကြွက်မနက်မိုးလင်းပြီဆိုတာနဲ့ တယုတယစိုက်ထားတဲ့ ပန်းပင်တွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေတာ တွေ့ရရင် ဒေါ်ထိုက် တစ်ယောက်အင်မတန် စိတ်ညစ်ရပါတယ်။ မြေညီထပ်ကနေ သူနေထိုင်ရာ ပထမထပ်အထိအမြင့်ကို တက်လာပြီး ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ လက်သည် တရားခံကတော့ ကြွက်တွေပါပဲ။ တစ်နေ့တစ်နေ့ ကြွက်ကိုက်လို့ ပြန့်ကျဲနေတဲ့ ပန်းပင်အစအနတွေကို ကောက်ပြီး သန့်ရှင်းရေးလုပ်ရတာကလည်းအလုပ်တစ်ခုလိုပါပဲ။ မနက်မိုးလင်းပြီဆိုတာနဲ့ တယုတယစိုက်ထားတဲ့ ပန်းပင်တွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေတာ တွေ့ရရင် ဒေါ်ထိုက် တစ်ယောက်အင်မတန် စိတ်ညစ်ရပါတယ်။ မြေညီထပ်ကနေ သူနေထိုင်ရာ ပထမထပ်အထိအမြင့်ကို တက်လာပြီး ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ လက်သည် တရားခံကတော့ ကြွက်တွေပါပဲ။ တစ်နေ့တစ်နေ့ ကြွက်ကိုက်လို့ ပြန့်ကျဲနေတဲ့ ပန်းပင်အစအနတွေကို ကောက်ပြီး သန့်ရှင်းရေးလုပ်ရတာကလည်းအလုပ်တစ်ခုလိုပါပဲ။တွေအိမ်ထဲဝင်တာ ကြုံဖူးပေမဲ့ ဒီလောက်အထိ မဆိုးရွားဘူး။အခုအိမ်ပေါ်တက်လာတဲ့ ြွကက်တွေကအကောင်တော်တော်ကြီးသလိုအရင်ကထက် ကြွက်ကောင်ရေပိုများလာတယ်လို့ထင်တယ်"လို့အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ထိုက်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။


ရန်ကုန်မှာ ကြွက်ဘယ်လောက်ပေါသလဲ

ရန်ကုန်မြို့မှာ ကြွက်က်ကောင်ရေ ငါးသန်းလောက် ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားပါတယ်။ ဒီကိန်းဂဏန်းဟာ ခန့်မှန်းအရေအတွက်ဖြစ်ပေမဲ့ ရန်ကုန်မြို့မှာနေထိုင်တဲ့ လူဦးရေ စုစုပေါင်းအရေအတွက် နီးပါးဖြစ်နေပါတယ်။

မြို့တော်သန့်ရှင်းသပ်ရပ်မှုကိုအကျည်းတန်စေရုံမက လူတွေကိုအန္တရာယ်ပြုတဲ့ ကူးစက်ရောဂါပိုးတွေ သယ်ဆောင်နိုင်လို့ ကြွက်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နေ့စဉ်နဲ့အမျှသုတ်သင် ရှင်းလင်းနေပါတယ်။

အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၄ တစ်နှစ်လုံးမှာ မြို့တော်စည်ပင်သာယာရေးကော်မတီဟာ ရန်ကုန်မြို့အတွင်းမှာ ကြွက်အကောင်ရေသုံးသိန်းခွဲနီးပါး ရှင်းလင်းသုတ်သင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်းအများဆုံးရှင်းလင်းနိုင်ခဲ့တဲ့ စံချိန်တစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ရှင်းလင်းခဲ့တဲ့ ကြွက်အကောင်ရေဟာ ၃၂၅,ဝဝဝ ကျော်နေပြီဖြစ်တဲ့အတွက် ဒီဇင်ဘာလကုန်အထိ ရှင်းလင်းနိုင်တဲ့ ကြွက်ကောင်ရေကို ထည့်တွက်မယ်ဆိုရင် ၂၀၁၄ က တင်ထားတဲ့ စံချိန်ကို ချိုးနိုင်မယ့်အနေအထား ရှိနေပြီလို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

နှစ်တိုင်းအကောင်ရေ သိန်းနဲ့ချီ ရှင်းလင်းသုတ်သင်နေပေမဲ့ ကြွက်အကောင်ရေ လျော့မသွားတဲ့အပြင် ပိုများလာတဲ့အကြောင်းရင်း နှစ်ခုရှိတယ်လို့ မြို့တော်စည်ပင်က တာဝန်ရှိသူတွေနဲ့ သတ္တဗေဒ ကျွမ်းကျင်သူတွေ တညီတညွတ်တည်း လက်ခံကြတဲ့အခြေအနေ နှစ်ရပ်ရှိပါတယ်။

ရှင်သန်နေထိုင်ဖို့အစားအသောက်တွေအလွယ်တကူရနိုင်တဲ့အပြင်အဲဒီလိုအစာရေစာ ပြွေါကယ်တဲ့နေရာတွေဟာ ကြွက်တွေ ဘေးကင်းကင်း ပေါက်ရောက်နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖြစ်နေတာကြောင့် ရန်ကုန်မြို့ရဲ့ လမ်းတွေ၊အိမ်နောက်ဖေးလမ်းကြားတွေနဲ့အမှိုက်ပုံတွေမှာ ကြွက်တွေ မင်းမူနေတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကြွက်တွေဟာ သူတို့ရဲ့ သဘာဝအရအဲဒီလို ပတ်ဝန်းကျင်မျိုးကို ရွှေ့ပြောင်းနေထိုင်ကြလို့ပါပဲ။ ဒီအခြေအနေ နှစ်ရပ်နဲ့ ပြည့်စုံနေတဲ့ ရန်ကုန်မြို့က နေရာတော်တော်များများဟာ ကြွက်တွေအတွက်တော့ သုခဘုံလို ဖြစ်နေပါတယ်။

မြို့ပြဟာ ကျေးလက်နဲ့မတူတဲ့အချက်တစ်ချက်လည်း ရှိနေပါသေးတယ်။အစာကွင်းဆက် သဘောတရားအရ မြို့ပြဝန်းကျင်ဟာ ကျေးလက်ဒေသလိုကြွက်တွေကို ရှာဖွေ စားသောက်၊အမဲလိုက်လေ့ရှိတဲ့ ဇီးကွက်၊ သိမ်းငှက်၊ ြွမေ စတဲ့ သတ္တဝါတွေ မရှိတာကြောင့် သဘာဝနိယာမအရ တန်ပြန်ထိန်းညှိမှု ပျက်ယွင်းနေပါတယ်။

အဲဒီလို သဘာဝအရ ထိန်းညှိမှုမရှိခြင်းက ကြွက်အကောင်ရေ တိုးပွားလာဖို့အားပေးနေတဲ့အချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ တိရစ်ဆာန်ဆေးကုဆရာဝန်များအသင်းအထွေထွေအတွင်းရေးမ∙းဒေါက်တာ စိုးမင်းက သုံးသပ်ပါတယ်။

"သူတို့ကိုစားတဲ့ တိရစ်ဆာန်ကမရှိတော့ သူတို့က သွားချင်တိုင်းသွားနေတာပေါ့။ မသေတော့ဘူး။ ဒီအချက်တွေကြောင့် ကြွက်တွေပိုများလာရတာပါ"လို့ သူက ဆိုပါတယ်။


စည်းကမ်းမဲ့အမှိုက်ကြောင့် ကြွက်ပေါများ

ရန်ကုန်မြို့မှာ ကြွက်တွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်လို့မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ သတ္တဗေဒ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒီလို များပြားလာတဲ့အရေအတွက်က ရန်ကုန်မြို့က သန်းပေါင်းများစွာသော နေထိုင်သူတို့ရဲ့အမှိုက်နဲ့ စားြွကင်းစားကျန်တွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ကြလို့ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

"အစားအသောက်၊ နေထိုင်မှုစနစ်တွေ ပြောင်းလာတာနဲ့အမျှ လမ်းဘေးဈေးဆိုင်တွေ၊အမှိုက်စွန့်ပစ်မှုတွေ ထူထပ် များပြားလာတာက ကြွက်တွေအတွက်အားသာချက်လို ဖြစ်လာတယ်။ ကြွက်တွေပေါက်ပွားမှုကလည်း ရှင်းလင်းနေတဲ့ကြားက ပိုပြီးတော့ များလာတယ်"လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ်ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန လက်ထောက်ညွှန်ကြားရေမ·း ဒေါက်တာလွင်မင်းစိုးက မှတ်ချက်ပြုပါတယ်။

၂၀၁၀ နောက်ပိုင်း နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူမြို့နေလူထုရဲ့ သုံးစွဲနိုင်မှုစွမ်းအား မြင့်တက်လာခြင်းက စားသောက်ဆိုင်လုပ်ငန်းအပါအဝင်အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ စည်ကားလာစေပါတယ်။ ဒီလို တိုးတက်လာပေမဲ့အမှိုက်သရိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်ခြင်းမရှိတဲ့အလေ့အထကြောင့် ကြွက်တွေရှင်သန်ပေါက်ရောက်ဖို့အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်နိုင်တဲ့အပြင် ရှိပြီးသား ကြွက်တွေကို ပွားမလာအောင် ထိထိရောက်ရောက် မထိန်းချုပ်နိုင်တာကလည်း ရန်ကုန်မြို့မှာအင်မတန် ကြွက်ပေါနေရတဲ့အကြောင်းရင်းတစ်ခုပါပဲ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မှတ်တမ်းတွေအရ တစ်နေ့ကို ရန်ကုန်မြို့က စွန့်ပစ်တဲ့အမှိုက်ပမာဏဟာ တန်ချိန်ပေါင်း ၂,၅၀ဝ လောက် ရှိပါတယ်။ ရန်ကုန်မြို့တွင်း နေထိုင်တဲ့အိမ်ထောင်စုတစ်သန်းကျော်ရှိတဲ့အနက် လေးသိန်းလောက်ကပဲ သတ်မှတ်ထားတဲ့အိတ်တွေနဲ့အမှိုက်ကို စနစ်တကျစွန့်ပစ်တယ်လို့အဲဒီမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ကျန်တဲ့အိမ်ထောင်စု ခြောက်သိန်းကျော်ကတော့ စည်းကမ်းမဲ့စွန့်ပစ်နေဆဲဖြစ်တယ်လို့ မှတ်တမ်းက ဖော်ပြထားပါတယ်။ ဒါ့ပြင် စွန့်ပစ်မီးဖိုချောင်ထွက် စားြွကင်းစားကျန်အမှိုက်တွေရဲ့ ၇၅ ရာခိုင်နှုန်းကို ရန်ကုန်မြို့နေသူတွေက သတ်မှတ်ထားတဲ့ ပုံးတွေထဲ စနစ်တကျ မထည့်ဘဲအမှိုက်ပုံဘေးမှာပဲ ချထားလေ့ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

"စားြွကင်းစားကျန်ကို ချန်ထားမယ်ဆိုရင် ြွကက်က နေတော့မှာပေါ့။အိမ်သန့်ရှင်းဖို့အဓိကကအိမ်ဟာ ကြွက်တွေအတွက် နေရာမဖြစ်ဖို့လိုတယ်"လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအငြိမ်းစားညွှန်ကြားရေးမ∙း ဒေါက်တာ ခင်မောင်လွင်က ပြောပါတယ်။


ကြွက်တို့၏ သဘာဝ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူတွေကို ဒုက္ခအပေးဆုံး ကြွက်အမျိုးအစားနှစ်မျိုး ရှိပါတယ်။ မြေကြွက်နဲ့အိမြွ်ကက်တွေပါ။ မြေကြွက် တွေကိုတော့ ကိုင်းလို့ လူသိများပြီးအရက်၊ ထန်းရည်ဆိုင်တွေမှာအကင်၊အမြည်းအဖြစ် ရောင်းချလေ့ရှိပါတယ်။

သူတို့ရဲ့အရွယ်အစားက ကြီးမားသလို ခန္ဓာကိုယ်ပေါ်ကအမွေးအမှင်တွေကလည်း ရှည်ပြီး ကြမ်းတမ်းပါတယ်။အများအားဖြင့် သူတို့ဟာအိမ်တွေ၊အဆောက်အအုံတွေမှာ မနေဘဲ မြေကြီးထဲ တွင်းတူးနေထိုင်ပါတယ်။ ြွကက်ဂေဟဗေဒပညာရှင်တွေရဲ့အဆိုအရ မြေကြွက်တွေဟာ၂၄ လအထိအသက်ရှင်ကြပါတယ်။သူတို့ကိုယ်တိုင် ရောဂါကူးစက်မခံရဘူး၊ တခြားတိရစ်ဆာန်တွေရဲ့ တိုက်ခိုက်တာ မခံရဘူးဆိုရင်အနည်းဆုံး လပေါင်း ၁၈ လအထိအသက်ရှင်နိုင်ပါတယ်။

မြေကြွက်တွေဟာ စတင်ပေါက်ဖွားချိန်ကနေ နှစ်လသားအရွယ်ရောက်ပြီဆိုရင် မျိုးပွားနိုင်ပါပြီ။ ၂၁ ရက်ခြား တစ်ခါ သားပေါက်နိုင်ပြီး တစ်နှစ်ပတ်လုံးအစာရေစာရရှိပြီး ရှင်သန်လို့ကောင်းတဲ့ ဝန်းကျင်ဆိုရင် တစ်နှစ်ပတ်လုံး သားပေါက်နိုင်ပါတယ်။ တစ်ကြိမ်မှာ ရှစ်ကောင်ကနေ ၁၀ ကောင်အထိ ပေါက်ဖွားတတ်ပါတယ်။ တစ်နှစ်ပတ်လုံး ရှစ်ကြိမ်အထိ သားပေါက်နိုင်တယ်လို့ ြွကက်ဂေဟဗေဒပညာရှင်တွေက ဆိုပါတယ်။

"ပွားများနှုန်းကို ကြည့်မယ်ဆိုရင် ကြွက်အဖိုနဲ့အမ နှစ်ကောင်တည်းရှိတဲ့နေရာမှာဆိုရင် တစ်နှစ်အတွင်းမှာ ကောင်ရေ ၅၀ဝ ထိ ဖြစ်သွားနိုင်တယ်။ ပထမဆုံးပေါက်တဲ့အကောင်တွေက သိပ်မကြာခင်အရွယ်ရောက်ပြီး ထပ်ပေါက်လိုက် ထပ်ပွားလိုက်နဲ့ဆိုရင်အရမ်းကို ပေါက်ဖွားမှုက မြန်ပါတယ်" လို့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက ကြွက်ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီထွေးက ရှင်းပြပါတယ်။

နောက်ထပ် ကြွက်တစ်မျိုးကတော့ ကြွက်ဖလောင်း (သို့မဟုတ်) ကြွက်ဝမ်းဖြူလို့လည်း လူသိများတဲ့အိမ် ကြွက်တွေ ဖြစ်ပါတယ်။ လူနေအိမ်အဆောက်အအုံတွေမှာအသိုက်အမြုံနဲ့ စုဖွဲ့နေထိုင်လေ့ရှိပြီးအဝတ်အစား၊ စောင် စတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို ကိုက်ဖြတ်၊ ဖျက်ဆီးလေ့ရှိပါတယ်။

သူတို့ကိုအိမ် ကြွက်တွေလို့လည်း ခေါ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သုတ်သင်ရှင်းလင်းတဲ့အထဲမှာတော့အိမ် ကြွက်တွေ မပါဝင်ပါဘူး။


ကြွက်ကြောင့် ဖြစ်တဲ့ရောဂါ

ကြွက်တွေပေါများနေတာဟာ ရန်ကုန်မြို့တော် သန့်ရှင်းသပ်ရပ်မှုကိုအကျည်းတန်စေရုံမက မြို့တော်သူ၊ မြို့တော်သားတွေရဲ့ ကျန်းမာရေးကိုလည်း တစ်နည်းတစ်ဖုံ ခြိမ်းခြောက်နေပါတယ်။ ြွကက်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်နေထိုင်တဲ့ သန်း (လှေး)တွေ ရှိပါတယ်။ ဒီသန်းတွေက ပလိပ်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး (ရာစီးနီးယားပက်စ်တစ် -Yersinia pestis)ကို သယ်ဆောင်ပါတယ်။

ကြွက်တွေပေါများနေတာဟာ ရန်ကုန်မြို့တော် သန့်ရှင်းသပ်ရပ်မှုကိုအကျည်းတန်စေရုံမက မြို့တော်သူ၊ မြို့တော်သားတွေရဲ့ ကျန်းမာရေးကိုလည်း တစ်နည်းတစ်ဖုံ ခြိမ်းခြောက်နေပါတယ်။ ြွကက်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်နေထိုင်တဲ့ သန်း (လှေး)တွေ ရှိပါတယ်။ ဒီသန်းတွေက ပလိပ်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး (ရာစီးနီးယားပက်စ်တစ် -့နမျငညငေ စနျအငျ)ကို သယ်ဆောင်ပါတယ်။

တိရစ်ဆာန် (သန်း)က တစ်ဆင့် လူကို ကူးစက်စေနိုင်ပြီး ပြန့်ပွားနှုန်းအင်မတန် မြင့်မားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပလိပ်ရောဂါဟာကမ္ဘာ့သမိုင်းမှာ လူအသေအပျောက်အများဆုံးဖြစ်စေခဲ့တဲ့ ကပ်ရောဂါတစ်မျိုးဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၄ ရာစုအတွင်း ကမ္ဘာ့လူဦးရေရဲ့ သန်း၈၀ နီးပါးကိုအစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၇၀ ပြည့်နှစ်ဝန်းကျင်များက ရန်ကုန်၊ ပဲခူးနဲ့ မန္တလေး စတဲ့ ဒေသတွေမှာ ပလိပ်ရောဂါဖြစ်ပွားခဲ့ပြီး လူဦးရေ ၁,၅၀ဝ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

"လှေးက တောက်လျှောက်တွယ်နေပြီး ြွကက်ကို ပလိပ်ရောဂါပိုးပေးလိုက်တယ်။ ဒီရောဂါကြောင့် ြွကက်က သေသွားရင် သူ့မှာရှိတဲ့လှေးက သွေးသောက်လို့မရတော့တဲ့အတွက် လှေးက ကြွက်သေကနေတစ်ဆင့် လူကို ခုန်ကူးပါတယ်။ လူကနေ တစ်ဆင့် ကပ်ရောဂါအသွင်ကူးစက်ပါတယ်"လို့ ကြွက်ဂေဟဗေဒပညာရှင် ဒေါက်တာ ညိုမီထွေးက ရှင်းပြပါတယ်။

ကြွက်တွေဟာ လက်ပ်တိုစပိုင်ရိုးစစ်လို့ခေါ်တဲ့ ရောဂါတစ်မျိုး လူကိုလည်း ကူးစက်စေတတ်ပါတယ်။ မြန်မာလိုတော့ ကြွက်သေးပန်းရောဂါလို့ ခေါ်ကြပြီး ကြွက်ရဲ့ ကျင်ငယ်ရည်မှာပါတဲ့ လက်ပ်တိုစပိုင်ရာလို့ခေါ်တဲ့ ဘက်တီးရီးယားမျိုးစုကတစ်ဆင့် လူကို ကူးစက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ရောဂါပိုးက လူကို တိုက်ရိုက်ကူးစက်စေနိုင်သလို တိရစ်ဆာန်တစ်ကောင်ကောင်ကို ကြားခံအဖြစ် ဖြတ်သန်းပြီးလည်း လူကိုတစ်ဆင့် ကူးစက်နိုင်ပါတယ်။

ဥပမာအားဖြင့်အိမ်မွေးခွေးတစ်ကောင်ကိုအစာကျွေးလို့ မကုန်တဲ့စားြွကင်းစားကျန်တွေကို ြွကက်က လာစားတတ်ပါတယ်။ ဒီလိုစားတဲ့အခါမှာအစာခွက်ထဲက ြွကက်က ရောဂါပိုးပါတဲ့ ကျင်ငယ်စွန့်နိုင်ပါတယ်။အိမ်မွေးခွေးက စားတဲ့အစားအသောက်ဟာ တစ်နည်းနည်းနဲ့ ကြွက်ကျင်ငယ်ရည်နဲ့ ထိတွေ့မိပြီဆိုရင်တော့ ဘက်တီးရီးယားကတစ်ဆင့် ခွေးကိုလက်ပ်တိုစပိုင်ရိုးစစ်ရောဂါကူးစက်ဖို့ သေချာသလောက် ရှိသွားပါပြီ။ ကူးစက်ခံရတဲ့ ခွေးကတစ်ဆင့် လူအပါအဝင် တခြားတိရစ်ဆာန်တွေကိုလည်းကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လူတွေစားသောက်တဲ့အစားအစာနဲ့အသုံးအဆောင်ပစ္စည်းတွေက တစ်ဆင့်လည်း လူကို ကူးစက်နိုင်ပါတယ်။ မီးဖိုချောင်သုံး ပစ္စည်းတွေဖြစ်တဲ့ ပန်းကန်ခွက်ယောက်တွေမှာ ရောဂါပိုးရှိတဲ့ ြွကက်က ကျင်ငယ်ရည်စွန့်သွားတာကို မဆေးကြောဘဲအစားအစာတွေ ထည့်စားရာကတစ်ဆင့်လည်း လူကို တိုက်ရိုက်ကူးစက် စေနိုင်ပါတယ်။

ဒီရောဂါဖြစ်စေတဲ့ လက်ပ်တိုစပိုင်ရာ ဘက်တီးရီးယားမျိုးစိတ်တွေဟာ စိုစွတ်တဲ့ ဝန်းကျင်မှာ ရှင်သန်ပေါက်ပွားတာဖြစ်လို့ မိုးရာသီရောက်ရင် ကြွက်တွေကို ပိုသတိထားသင့်တယ်လို့ ြွကက်ဂေဟဗေဒပညာရှင်တွေက သတိပေးပါတယ်။

လူကို ဘာကြားခံပစ္စည်းမှ မပါဘဲလည်း ကူးစက်နိုင်ပါတယ်။ မိုးရာသီ ရေကြီးချိန် ဘက်တီးရီးယားပိုးပါတဲ့ ကြွက်ကျင်ငယ်ရည် စွန့်ထားတဲ့ ရေထဲလမ်းလျှောက်မိတဲ့အခါ ရေနဲ့ ထိတွေ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (သို့မဟုတ်)အရေပြားမှာ ပွန်းပဲ့၊ ပေါက်ပြဲ ဒဏ်ရာတွေ ရှိနေခဲ့မယ်ဆိုရင်အနာကတစ်ဆင့် လူကို တိုက်ရိုက်ကူးစက်နိုင်ပါတယ်။

ဒီရောဂါကူးစက်ခံရပြီး ပျောက်ကင်းအောင် မကုသဘူးဆိုရင် ကျောက်ကပ်နဲ့အသည်းကို ပျက်စီးစေနိုင်သလိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်သလို လူကို သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ခံရတဲ့သူတွေမှာအဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာ၊ ကိုယ်လက် မအီမသာဖြစ်ပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊အော့အန်တာတွေကတော့ ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။အသားဝါ ဖြစ်တာ၊ မျက်လုံးတွေနီရဲတာ၊ဝမ်းဗိုက်အောင့်တာအပြင် ဝမ်းလျှော ဝမ်းပျက်နဲ့အရေပြားပေါ်ကအနီရောင်အစက်အပြောက်တွေဟာလည်း ရောဂါရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။


အစိုးရရဲ့ လုပ်ဆောင်ချက်

လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ရောဂါဖြစ်လို့ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဂျာမနီနိုင်ငံနဲ့ ပူးပေါင်းပြီး RAT-ADAPT ဆိုတဲ့ စီမံကိန်းကတစ်ဆင့် သုတေသနပြုနေသလို ရောဂါမဖြစ်ခင်က ကြိုတင်ကာကွယ်ရေးအသိအမြင်ရှိဖို့ ပညာပေးအစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းသုံးနိုင်ငံက လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားသယ်ဆောင်တဲ့ ြွကက်တွေ၊ ရောဂါကို ဖြန့်ဖြူးရာမှာအဓိကကျတဲ့ ြွကက်အမျိုးအစားနဲ့ ကူးစက်နှုန်းကို သိရှိရဖို့ ဂျာမနီနိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ဓာတ်ခွဲစစ်ဆေးပြီး လေ့လာနေပါတယ်။အဲကြွက်တွေရဲ့ ခန္ဓာကိုယ်အတွင်းက တစ်ရှူးကို နမူနာယူပြီးဂျာမနီနိုင်ငံက ဓာတ်ခွဲခန်းတစ်ခုမှာ စမ်းသပ် စစ်ဆေးနေတာပါ။

"ဒီကအဖြေရလာခဲ့ရင်တော့ မြေကြွက်က Leptospirosisရောဂါပိုးကများနေတာလား၊အိမ်ကြွက်က ရောဂါပိုး သယ်ဆောင်တာ များနေတာလား၊ ဒါမှမဟုတ် နှစ်မျိုးစလုံးက သယ်ဆောင်တာလားဆိုတဲ့အဖြေ တိတိကျကျ သိရမှာပါ"လို့ ဒေါက်တာ ညိုမီထွေးက ပြောပါတယ်။


ကြွက်များကို ရှင်းလင်းရာတွင် လေးခွဖြင့်ပစ်၍လည်း ဖမ်းဆီးလေ့ရှိသည်။ ဓာတ်ပုံ • ဇာနည်ဖြိုး /မြန်မာတိုင်းစ်

ဓာတ်ခွဲစစ်ဆေးတဲ့ ရလဒ်တွေက ၂၀၁၉၊ ဧပြီလောက်မှ ထွက်နိုင်ဖို့မျှော်လင့်ရပေမဲ့ ကျွမ်းကျင်သူတွေကတော့ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟာ မြေကြွက်သာမကအိမ်ကြွက်ကတစ်ဆင့် လူကို ကူးစက်နိုင်တယ်လို့ ခန့်မှန်းသုံးသပ် ကြပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့အကြံပြုချက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ကြွက်တွေပေါများလာရာကတစ်ဆင့် နောက်ဆက်တွဲ ကူးစက်ရောဂါတွေမဖြစ်ပွားအောင် လုပ်ဆောင်ရမယ့်အချက်သုံးချက်ကို မဟာဗျူဟာတစ်ရပ်အနေနဲ့ လုပ်ဆောင်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

စားကြွင်းစားကျန်မထားဖို့၊ လူတွေနေထိုင်တဲ့ နေရာတွေမှာ ကြွက်က်တွေ ဝင်ရောက်မလာအောင် ပိတ်ဆို့တားဆီးဖို့နဲ့ ထောင်ချောက်ထောင်ပြီး ဖမ်းဆီးနှိမ်နင်းဖို့ ဆိုတဲ့အချက်သုံးချက်ပဲ ဖြစ်ပါတယ်။

ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့အင်တာနက်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် ဒီသတင်း၊အချက်အလက်တွေကို ကြေညာရုံမကကျန်းမာရေးဝန်ထမ်းတွေ သိရှိလာအောင်လည်း ညွှန်ကြားဖြန့်ဝေထားတယ်လို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဆိုပါတယ်။

"ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လူတစ်ဦးချင်းကရော မိသားစုအလိုက်ကပါ လိုက်နာမှရမယ်။ ကျွန်တော်တို့ ပညာပေးပြီးတော့ မလိုက်နာရင်တော့ မထိရောက်ပါဘူး"လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမ∙းချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ ြွကက်ထိန်းချုပ်နိုင်ရေးဌာနခွဲ (Rodent Control Unit) ကလည်းကြွက်ကတစ်ဆင့် လူကိုကူးစက်စေနိုင်တဲ့ ရောဂါအန္တရာယ်တွေနဲ့ပတ်သက်ပြီး စစ်တမ်းကောက်တာ၊ ရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ နေရာတွေကို လိုက်လံစစ်ဆေးတာမျိုး လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ပညာပေးလုပ်ငန်းတွေအပြင် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ဟုတ်မဟုတ်စစ်ဆေးနိုင်ဖို့ ရောဂါရှာဖွေရေးကိရိယာတွေနဲ့ ကုသဖို့ ဆေးဝါးတွေကိုလည်းအသင့်ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။


စည်ပင်ရဲ့အခန်းကဏ္ဍ

ကျန်းမာရေးဝန်ကြီးဌာနဘက်က လူတွေကို ကြွက်တွေနဲ့ ပတ်သက်တဲ့ကျန်းမာရေးအသိပညာပေးတာ၊ ဖြစ်လာတဲ့ ရောဂါတွေကို ဘယ်လိုကုသဖို့ ကြိုးပမ်းအားထုတ်နေချိန်မှာ မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း ရန်ကုန်မြို့ကြီးက သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ ကြွက်တွေကို နှိမ်နင်းဖို့အပတ်တကုတ် ဆောင်ရွက်နေပါတယ်။

မြေကြွက်တွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်ဖို့ ၁၉၉၅ လောက်ကတည်းက စတင်ပြီး ကြွက်ဖမ်းရာမှာ ကျွမ်းကျင်တဲ့သူတွေကို ငှားပြီး ကြွက်ရှင်းလင်းရေးကို စတင် ဆောင်ရွက်ခဲ့ပါတယ်။အဲဒီကအစပြုခဲ့တဲ့ ကြွက်သုတ်သင်ရေး ခရီးရှည်ဟာ ၂၀၁၀ မှာ ဌာနတစ်ခုအဖြစ် ဖွဲ့စည်းပြီး ကိုယ်ပိုင်ဝန်ထမ်းတွေ ခန့်အပ်နိုင်တဲ့အထိ တိုးတက်လာပါတယ်။ လက်ရှိဌာနမှာ ကျွမ်းကျင်ကြွက်ဖမ်းဝန်ထမ်းအယောက် ၄၀ ကျော် ရှိနေပါပြီ။

လတ်တလောမှာတော့ ကြွက်ရှင်းလင်းရေးအတွက် ရန်ကုန်မြို့ကိုအရှေ့နဲ့အနောက်ဆိုပြီး နှစ်ပိုင်း ပိုင်းချလိုက်ပါတယ်။ ကြွက်ဖမ်းဝန်ထမ်းအယောက် ၂၀ ပါဝင်တဲ့အုပ်စုနှစ်စုက တစ်ပိုင်းစီကို တာဝန်ယူရပြီး နေ့တိုင် ကြွက်တွေ လိုက်ဖမ်းရပါတယ်။

လူနေရပ်ကွက်တွေမှာ ကြွက်ရှင်းလင်းရေးလုပ်မယ်ဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေးမ∙းနဲ့ မြို့နယ်ရဲတပ်ဖွဲ့ကို သတင်းပို့ပြီး ည ၁၁ နာရီကနေ မနက် ၄ နာရီအတွင်း လှုပ်ရှားကြရပါတယ်။ ရန်ကုန်မြို့ နယ်နိမိတ်ထဲက သာမန်ဈေးတွေမှာ တစ်လတစ်ကြိမ် ကြွက်ရှင်းလင်းရေးလုပ်ပြီး ဈေးကြီးတွေမှာတော့ တစ်လနှစ်ကြိမ် ကြွက်ဖမ်းပွဲ ကျင်းပကြပါတယ်။

"ရပ်ကွက်တွေထဲမှာ ဖမ်းမယ်ဆိုရင် ဖမ်းရတာလွယ်တော့ လေးခွနဲ့ပစ်ဖမ်းတဲ့နည်းကို သုံးတယ်။ ဈေးတွေထဲက ကြွက်တွေကျ ဖမ်းရတာ နည်းနည်းခက်တော့ သူတို့ သွားလာတတ်တဲ့နေရာတွေမှာ ဝါးညှပ်ထောင်ချောက်ကိုချပြီးဖမ်းပါတယ်"လို့ ဝါရင့် ကြွက်ဖမ်းသူ ဦးရွှေတင်က ပြောပါတယ်။

ဦးတင်ရွှေဟာ ရန်ကုန်ကိုအပိုင်းနှစ်ပိုင်းခွဲထားတဲ့အနက်ကအရှေ့ပိုင်းအုပ်စုမှာ ပါဝင်ပြီး သူ့ရဲ့ ြွကက်ဖမ်းလာတဲ့ လုပ်သက်က ခုနစ်နှစ်ရှိပါပြီ။အရှေ့ရန်ကုန်အုပ်စုက ဖမ်းဆီးရရှိတဲ့ ကြွက်တွေကို သင်္ဃန်းကျွန်းမှာရှိတဲ့ စည်ပင်သန့်ရှင်းရေးဌာနက သိမ်းဆည်းပြီး ထားဝယ်ချောင်အမှိုက်ပုံမှာ ဖျက်ဆီးရှင်းလင်းပါတယ်။အနောက်ရန်ကုန်အုပ်စုအပ်နှံတဲ့ ြွကက်တွေကို ကမာရွတ်မှာရှိတဲ့ စည်ပင်သန့်ရှင်းရေးဌာနက လက်ခံပြီး ထိန်ပင်အမှိုက်ပုံမှာ ဖျက်ဆီးရှင်းလင်းလေ့ရှိပါတယ်။ ြွကက်သေကောင်တွေကို မြေမြှုပ်ပစ်လိုက်တာဖြစ်ပါတယ်။


အမှိုက်ပြဿနာဖြေရှင်းရေးကအဓိကကျ

ြွကက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားအကျိုးဆက်တွေကို ဖြေရှင်းဖို့ဆိုရင် ဒီကိစ္စရဲ့ ဆက်စပ်ပြဿနာတစ်ခုလည်းဖြစ်တဲ့စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တဲ့အလေ့အထတွေကို ထိန်းချုပ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဥပမာအားဖြင့် စားြွကင်းစားကျန်ပါတဲ့အမှိုက်ထုပ်တွေကို စနစ်တကျ ချည်နှောင်ပြီးအမှိုက်ပုံးထဲအရောက်စွန့်ပစ်ဖို့ လိုအပ်ပါတယ်။

မြို့တော်စည်ပင်သာယာရေးကော်မတီကတော့ ရန်ကုန်မြို့မှာ ညနေ ၆ နာရီကနေ နောက်နေ့ မနက် ၁၀ နာရီအထိ သုံးကြိမ်တိတိ လိုက်လံအမှိုက်သိမ်းနေပါတယ်။ ဒါ့ပြင် မြို့နေသူတွေအမှိုက်စွန့်ပစ်ရ ပိုမိုလွယ်ကူအောင် သတ်မှတ်ထားတဲ့ ရက်၊အချိန်နဲ့ နေရာမှာအမှိုက်အိတ်ကိုလာရောက်ကောက်ခံတဲ့ 'အထုပ်ကောက်စနစ်'ကိုလည်း ကျင့်သုံးနေပါတယ်။ဒါပေမဲ့ လူတချို့က သတ်မှတ်ထားတဲ့ ရက်မတိုင်ခင်အမှိုက်တွေကို ကြိုတင်စွန့်ပစ်တာမျိုး ရှိနေလို့ကြွက်တွေအတွက်အစာခွင်ကောင်းတစ်ခုလို ဖြစ်နေတယ်လို့ မြို့တော်စည်ပင် တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

"ပြည်သူတွေအနေနဲ့ကတော့ သတ်မှတ်ထားတဲ့အချိန်တွေမှာအမှိုက်တွေ စွန့်ပစ်ထားဖို့ လိုတယ်။ မိမိအိမ်ထွက်အမှိုက်တွေကိုအိတ်နဲ့လုံခြုံစွာ ချည်နှောင်ပြီးမှ ပစ်ဖို့လိုတယ်။ ပြီးတော့အထုပ်ကောက်စနစ်သတ်မှတ်ထားတဲ့နေရာနဲ့အချိန်မှာ လာပြီး သိမ်းဆည်းတဲ့ သူတွေလက်ထဲကို ရောက်အောင်ပေးပစ်ဖို့ လိုအပ်တယ်" လို့ စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမ·း ဒေါက်တာအောင်မြင့်မော်က တိုက်တွန်းပါတယ်။

တိရစ်ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးမင်းကတော့ကြွက်တွေကို ထိန်းချုပ်ဖို့ဆိုရင်အမှိုက်စွန့်ပစ်တဲ့နည်းကို ပြုပြင်ပြောင်းလဲသင့်ပြီလို့အကြံပြုပါတယ်။

"အမှိုက်ကို ခွဲခြားပြီးပစ်ရမယ်ဆိုတဲ့ စနစ်ကလေးကို ပြည်သူလူထုများများမသိသေးဘူး။ ဒါကို များများသိအောင် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ရမယ်။အရမ်းကိုလိုအပ်ပါတယ်"လို့ သူက ဆိုပါတယ်။

တိရစ်ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနကလည်း လာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းမှာ မြေ ကြွက်တွေ ပေါက်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ ကျွမ်းကျင် ကြွက်ကက်ဖမ်းဝန်ထမ်းတွေ ပိုမိုခန့်ထားဖို့ စည်ပင်သာယာရေးဗဟိုကော်မတီကို တင်ပြထားပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်းမှာ နေထိုင်လာတဲ့ ခေတ်အဆက်ဆက် သူ့ရဲ့အတွေ့အကြုံအရ ကြွက်သောင်းကျန်းမှုဟာအခုအချိန်မှာအဆိုးဆုံးလို့ ဒေါ်ထိုက်က သတ်မှတ်ထားပါတယ်။ လူတွေကိုအကျိုးမပြုတဲ့အပြင်အခန့်မသင့်ရင်အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေကို သယ်ဆောင်တဲ့ ကြွက်တွေ လျော့နည်းသွားဖို့ ဒေါ်ထိုက်က မျှော်လင့်နေပါတယ်။

"ကြွက်တွေကတော့ မရှိရင်ကောင်းလေပဲ။ သူတို့က လူကိုကောင်းကျိုးပြုတာမဟုတ်ဘူး။ ဆိုးကျိုးပဲပေးတာ။အပင်တွေကို ကိုက်ဖြတ်မယ်။ပုလိပ်ရောဂါတွေ ဖြစ်မယ်လေ။ ဒါကြောင့် နည်းလေ ကောင်းလေပါပဲ"။




Some text some message..