
ကလေးမွေးပြီး ပထမ (၆)ပတ် သို့ ၄၂ ရက်ကို မီးတွင်းကာလလို့ခေါ်ဆိုပါသည်။ထိုကာလအတွင်းအမျိုးမျိုးသော ဇီဝကမ္မဖြစ်စဉ်များဖြစ်ပေါ်ပါသည်။-နှလုံးနှင့်သွေးကြောဆိုင်ရာ လုပ်ငန်းဆောင်တာများသည် ဝန်ပိုထမ်းဆောင်နေရခြင်းမှ ၂ ပတ်အတွင် ပုံမှန်အခြေအနေသို့ ရောက်ရှိလာပါသည်။-အချင်းမွေးဖွားပြီးသည် နှင့် တပြိုင်နက် သားအိမ်၏အရွယ်အစားသည် ကိုယ်ဝန်အပတ်၂၀အရွယ်အစားသို့ ရောက်ရှိကာ တရက်လျှင် လက်တလုံးခန့် မျှ ဆက်၍ သေးငယ်သွားပြီး မွေးဖွားပြီး ၁၂ရက်မြောက်နေ့တွင်ဝမ်းဗိုက်ပေါ်မှစမ်းသပ်၍မရတော့ပေ။-ပထမ ၃-၄ ရက်အတွင်း မီးနေသွေးအရောင်သည်အနီရောင်ရှိ၍ ရက်ကြာလာသည်နှင့်အမျှအရောင်ဖျော့ကာ ၁၂ရက်အတွင်းအဝါရောင်သို့ပြောင်းလဲခြင်းဖြစ်ပေါ်ပါသည်။မီးတွင်းကာလဖြစ်တတ်သော ပြဿနာများ-မိန်းမကိုယ်အနီးတဝိုက်နာကျင်ခြင်း-ချုပ်ရိုးအနီးတဝိုက်နာကျင်ခြင်း-ဆီးအောင့်ခြင်း၊ဆီးမထိန်းနိုင်ခြင်း-ဝမ်းချုပ်ခြင်း နှင့် လိပ်ခေါင်းရောဂါဖြစ်ခြင်း၊ပို၍ ဆိုးရွားလာခြင်း-ရင်သားရောင်ရမ်းခြင်း၊ပိုးဝင်ခြင်း နှင့် ပြည်တည်နာဖြစ်ခြင်း-လိင်ဆက်ဆံစဉ်နာကျင်ခြင်း-လအတော်ကြာသည်အထိ ခါးကိုက်ခြင်းကို ခံစားရခြင်း-သွေးအားနည်းခြင်း-မီးတွင်းစိတ်ဖောက်ပြန်ခြင်း တို့ဖြစ်ပါသည်။မီးတွင်းကာလစိတ်ဖောက်ပြန်ခြင်းအမျိုးသမီးများသည် ပုံမှန်အချိန်ထက် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း စိတ်ကျန်းမာရေးရောဂါ ခံစားရဖို့အခွင့်အလမ်းပိုများပါသည်။အမျိုးသမီး ၁၀-၁၅% ခန့် သည် ကလေးမီးဖွားပြီး ၁နှစ်အတွင်း စိတ်ကျန်းမားရေးရောဂါခံစားရပါသည်။စိတ်ရောဂါသည် ၅-၁၅ ရက်အတွင်း စိတ်ပူခြင်း၊ဂဏာမငြိမ်ဖြစ်ခြင်း၊ကယောင်ခြောက်ခြားဖြစ်ခြင်း နှင့် ဝမ်းနည်းခြင်း စသည့်လက္ခဏာရပ်များဖြင့်အစပြုတတ်ပါသည်။မရှိ ၊ မဖြစ်သည့်အကြောင်းအရာများကို မြင်တွေ့ခံစားနေရခြင်း(ဥပမာ-မိမိကလေးသေဆုံးသွားပြီဟုထင်မှတ်ခြင်း) စသည်တို့ ဖြစ်ပေါ်လာပါကဆေးရုံသို့အမြန်သွားရောက်သင့်ပါသည်။မီးတွင်းကာလ သွေးသွန်ခြင်းမီးဖွားပြီးစ ၂၄ နာရီအတွင်း သွေး ၅၀၀ စီစီအထက် ပိုဆင်းပါက မီးတွင်းကာလသွေးသွန်ခြင်းဟုသတ်မှတ်နိုင်ပါသည်။ပုံမှန်အားဖြင့်ဆိုလျှင် ၂၀၀-၆၀၀ စီစီ ပမာဏအထိ မီးတွင်းကာလ သွေးဆင်းနိုင်ပါသည်။အချင်းကပ်ခြင်းနှင့်သားအိမ်ညှစ်အားလျော့နည်းခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။မိန်းမကိုယ်စုတ်ပြဲခြင်း၊သားအိမ်ပေါက်ပြဲခြင်း နှင့် သွေးမတိတ်သော ရောဂါများကြောင့်လည်း ရံဖန်ရံခါဖြစ်တတ်ပါသည်။၂၄နောက်ပိုင်းမှမီးတွင်းကာလ ၆ ပတ်အတွင်းသွေးဆင်းခြင်းသည် သားအိမ်ရောင်ရမ်းခြင်း၊အချင်းနှင့်သွေးခဲများ သားအိမ်တွင်းတွင်ကျန်ရှိနေခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။သွေးဆင်းလွန်ခြင်းဖြစ်ပေါ်ပါက သေချာစွာကုသမှုခံယူဖို့လိုအပ်ပါသည်။မီးတွင်းကာလအဖျားတက်ခြင်းမီးတွင်းကာလ ပထမ ၁၄ ရက်အတွင်း ကိုယ်အပူချိန် ၃၈ဒီဂရီစင်တီဂရိတ် နှင့်အထက် ရှိခြင်းကို ခေါ်ပါသည်။သားအိမ်နှင့်သားဥပြွန်တို့တွင်ပိုးဝင်ခြင်းကြောင့်အဖြစ်များပါသည်။တခါတရံ တင်ပဆုံအတွင်းထိပျံ့နှံ့ရောက်ရှိနိုင်ပါသည်။သွေးပြန်ကြော သွေးခဲပိတ်ဆို့ခြင်း/ပြုတ်ထွက်ခြင်းသွေးပြန်ကြောအတွင်း သွေးခဲခြင်း (DVT)-သွေးပြန်ကြောအတွင်း သွေးခဲလျှင်အများအားဖြင့် ရောဂါလက္ခဏာမပေါ်တတ်ပေ။ သို့မဟုတ် ရောဂါလက္ခဏာအနည်းငယ်ပေါ်သည်လည်း ဖြစ်နိုင်ပါသည်။တွေ့ရနိုင်သော ရောဂါလက္ခဏာများမှာ- ခြေသလုံးများ ရောင်လာခြင်း- ခြေသလုံးများ ပူလာခြင်း- ခြေသလုံး၊ ပေါင်တစ်လျှောက်အလိုလို နာလာခြင်း၊ သို့ ထိလိုက်၊ ကိုင်လိုက်၊ မတ်တပ်ရပ်၊ လမ်းလျှောက်မှ နာလာခြင်း- နီလာခြင်းသွေးပြန်ကြောတွင် သွေးခဲခြင်း မဟုတ်သောအခြားရောဂါများ(အရေပြား ရောင်ရမ်းခြင်း၊ ကြွက်သားရောဂါများ)တွင်လည်း ယခုလို ရောဂါလက္ခဏာများ တွေ့ရှိရနိုင်ပါသဖြင့် ဆရာဝန်နှင့် ပြသပြီး ရောဂါကိုအသေအချာ စစ်ဆေးစမ်းသပ်ရှာဖွေရန်အရေးကြီ်းပါသည်။မိခင်၏ပုံမှန်လုပ်ငန်းဆောင်တာများဖြစ်သော လမ်းလျှောက်ခြင်း၊အိမ်သာသို့သွားလာခြင်း နှင့်အနားယူခြင်းတို့ကိုလုပ်ဆောင်သင့်ပါသည်။မွေးဖွားစဉ်ဒဏ်ရာပြင်းထန်ပါက ပို၍အနားယူချိန်လိုအပ်ပါသည်။မွေးဖွားပြီးသော်လည်း သားအိမ်နာကျင်တာမျိုးသည်အချို့အမျိုးသမီးများတွင် ခံစားရလေ့ရှိသည်။မွေးဖွားပြီးစမှ ကလေးအသက် ၆ လ ထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါသည်။မိခင်နို့တိုက်ကျွေးခြင်းအားဖြင့် --ကလေး၏ ကိုယ်ခံစွမ်းအားကိုမြှင့်တင်နိုင်သောကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်ဝမ်းရောဂါများကိုကာကွယ်နိုင်စွမ်းရှိခြင်း-ငွေကြေးကုန်ကျမှုသက်သာခြင်း-မွေးစကလေးသေဆုံးမှုကိုလျော့ချပေးခြင်း-မိခင်နှင့်ကလေးကိုရင်းနှီးမှုတိုးစေခြင်း-ကိုယ်ဝန်ဆောင်ပြီးနောက်ကိုယ်အလေးချိန်တက်ခြင်း၊အဝလွန်းခြင်းကို ကာကွယ်ပေးခြင်း-ရင်သားကင်ဆာ၊မျိုးဥအိမ်ကင်ဆာ နှင့် ဆီးချိုဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း တို့ဖြစ်ပါသည်။နို့ဘူးတိုက်ကျွေးမည်ဆိုပါကလည်း ကျွေးမွေးမှုနည်းစနစ် နှင့် သန့်ရှင်းစေရန်နည်းနာများကို လိုက်နာဆောင်ရွက်ရပါမည်။သားဆက်ခြားခြင်းမီးဖွားပီးစ ၂၁ရက်အတွင်း သားဆက်ခြားခြင်းသည် မရှိမဖြစ် မလိုအပ်ပါ။-ဟော်မုန်းပါသော သားဆက်ခြားနည်းလမ်းများကို ၃ပတ်ကျော်သည်နှင့်အသုံးပြုနိုင်ပါသည်။ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြားဆေးသည် မိခင်နို့တိုက်ကျွေးခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်သောကြောင့် သားဖွားမီးယပ်နှင့်သေချာတိုင်ပင်သုံးစွဲသင့်ပါသည်။-သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ကို မီးဖွားပီးစ ၄၈ နာရီအတွင်းနှင့် ၄ ပတ်ကျော်ပြီးလျှင်အသုံးပြုနိုင်ပါသည်။-သားကြောဖြတ်ခြင်းကို မီးဖွားပြီး ၆ ပတ်ကြာလျှင်အသုံးပြုနိုင်ပါသည်။မိခင်နို့တိုက်ကျွေးခြင်းဖြင့် သန္ဓေတားခြင်းသည် --ရာသီသွေး (လုံးဝ) လုံး၀ မဆင်းလျှင်-မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးလျှင်-ကလေးအသက် ၆ လအောက်ဖြစ်လျှင်စိတ်ချရမှုသည် ၉၈% ရှိပါသည်။DR.THIHA (7887 HEALTH CARE CALL CENTER)REFERENCE FROM-WWW.PATIENT.INFOသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။