ငှက်ပျောသီးတစ်နေ့တစ်လုံးစားခြင်းရဲ့ ရလဒ်အကျိုးကျေးဇူးများ
popolay.com
|
2018-12-21

ငှက်ပျောသီးတစ်လုံးမှာ ပိုတက်ဆီယမ်၊ ပြည့်ဝတဲ့အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ B6 တို့ပါဝင်ပါတယ်။ ဒီမှာပရိတ်သတ်ကြီးအတွက် နေ့စဉ် ငှက်ပျောသီးတစ်လုံးစားခြင်းရဲ့အကျိုးကျေးဇူးတွေကိုဝေမျှပေးလိုက်ပါတယ်။


၁။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ်ကိုဖြည့်ဆည်းပေးခြင်း





ပိုတက်ဆီယမ်ဓာတ်ဆိုတာ ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များအတွက်မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့တာအတွက် ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို မလစ်ဟင်းအောင်လုပ်ဆောင်ပေးတဲ့ ဓာတ်တစ်မျိုးဆိုလဲမမှားပါဘူး။ နှလုံးခုန်နှုန်းကိုလဲ ပုံမှန်ဖြစ်စေပြီး သွေးထဲမှာရှိတဲ့ ဂလူးကို့စ်(သကြားဓာတ်) ပမာဏကိုထိန်းပေးဖို့အင်ဆူလင်တွေ ထုတ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးပါ။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး တစ်နေ့တစ်လုံးစားခြင်းဟာ သွေးဖိအားကိုသင့်တင့်မျှတစေပါတယ်။


၂။ ကင်ဆာရောဂါရန်မှ ကာကွယ်ပေးခြင်း





ငှက်ပျောသီးတစ်လုံးမှာပါဝင်တဲ့ ဗီတာမင်စီဟာ ကိုယ်ခန္ဓာတွင်းအမြစ်တွယ်ဖို့ကြိုးစားနေတဲ့   ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ၎င်းမှာပါဝင်တဲ့အမျှင်ဓာတ်ကလဲ ကင်ဆာဆဲလ်တွေ တိုးပွားလာခြင်းမှကာကွယ်ပေးပါတယ်။


၃။ ဝိတ်ကျစေဖို့အထောက်အကူပြုခြင်း





ငှက်ပျောသီးတစ်လုံးမှာပါဝင်တဲ့အမျှင်ဓာတ်ဟာအစာချေဖျက်တဲ့နေရာမှာအထောက်အကူဖြစ်ပြီး ခန္ဓာကိုယ်ထဲကမလိုအပ်တဲ့အဆီတွေကိုအမြန်ဆုံးဖယ်ရှားပေးနိုင်ပါလိမ့်မယ်။


၄။ နှလုံးရောဂါသည်တွေအတွက်အထောက်အကူပြုခြင်း







နှလုံးရောဂါဝေဒနာကိုခံစားနေရသူတွေဟာ နှလုံးအောင့်ရောဂါနှင့် သွေးတိုးရောဂါကို ကုသရာတွင်သောက်သုံးတဲ့ဆေးဝါးတွေအစား ငှက်ပျောသီးတစ်လုံးကိုသာ နေ့စဉ်စားသင့်တယ်လို့ဆိုပါတယ်။အဆိုပါဆေးတွေဟာ ပိုတက်ဆီယမ် ဓာတ်ကိုပိုတိုးမြှင့်လာစေပေမဲ့ ဆေးဝါးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး တွေရှိလာနိုင်ပါတယ်။ ငှက်ပျောသီးကတော့ သဘာဝသစ်သီးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေရှိမလာနိုင်ပါဘူး။ သို့ပေမဲ့ လူတစ်ယောက်မှာ ပိုတက်ဆီယမ်ဓာတ်လိုတာထက် ပိုများလာတဲ့အခါကျောက်ကပ်ကိုအန္တရာယ်ပေးနိုင် တာကြောင့် ငှက်ပျောသီးကိုအလွန်အကျွံတော့မစားသင့်ပါဘူး။ တစ်နေ့ကိုအများဆုံး ၈ လုံးထိသာစားနိုင်တယ်လို့ ကျန်းမာရေးသုတေသီတွေကသတ်မှတ်ထားပါတယ်။


၅။ နှလုံးခုန်နှုန်းပုံမှန်ဖြစ်စေခြင်း







ဆိုဒီယမ်ဓာတ်ဟာလူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုမူမမှန်ဖြစ်စေပါတယ်။ ကိုယ်ခန္ဓာမှာ ပိုတက်ဆီယမ်ဓာတ်များပြားလာခြင်းဟာဆိုဒီယမ်ဓာတ်ကို သိသိသာသာ လျော့နည်းစေပြီး နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါဝေဒနာတွေဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးကိုဒုက္ခပေးနေတဲ့ ဆိုဒီယမ်ဓာတ်ကို လျော့ချနိုင်ဖို့ ပိုတက်ဆီယမ်အများဆုံးပါဝင်တဲ့ငှက်ပျောသီးများများစားဖို့လိုပါတယ်။




Some text some message..