သူတို့ရဲ့ relationship တွေကို ပျက်စီးစေဖို့ တမင်ဖျက်ဆီးနေမိသော စုံတွဲတွေရဲ့ အမှားများ
lifestylemyanmar.com
|
2021-01-18



၇၅ ရာခိုင်နှုန်းသော လူတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ပြိုကွဲမှုတွေများစွာကို ကြုံတွေ့ခဲ့ကြရပါတယ်။ လမ်းခွဲခြင်းနှင့် အသည်းကွဲခြင်းကို ခံစားရခြင်းက ကျွန်မတို့ရဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုမဟုတ်ပါ။ ဒါ့ကြောင့် တည်ဆောက်ထားပြီးသား relationship တစ်ခုကို အတတ်နိုင်ဆုံးထိန်းသိမ်းသင့်ပါတယ်။ တစ်ခါတလေမှာ relationship တွေ လမ်းခွဲခြင်းရဲ့ နောက်ကွယ်မှာ ဒီလိုအကြောင်းအရင်းတွေရှိနေတတ်ပါတယ်။

၁။ တစ်ယောက်ကို တစ်ယောက် အချိန်မပေးခြင်း




နှစ်ဦးသား အတူတကွအချိန်ပေးဖို့ (သို့) အချိန်ကို ပြည့်ပြည့်ဝဝအသုံးချပေးဖို့ အင်မတန်အရေးကြီးပါတယ်။ စုံတွဲတွေဟာ သူတို့ရဲ့ relationship အတွင်းမှာ ပိုပြီးစိတ်ကျေနပ်မှုရစေမယ့် အရာလေးတွေ လုပ်သင့်ပါတယ်။ ပိုပြီး နီးကပ်စေဖို့ သူတို့ကို သယ်ဆောင်လာတဲ့ အတွေ့အကြုံတွေကို အချင်းချင်းမျှဝေသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆက်သွယ်မှုပြတ်တောက်နေခြင်းက relationship တစ်ခုပြတ်စဲဖို့အတွက် အရေးကြီးဆုံးအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ရုပ်ရှင်အတူကြည့်ခြင်း၊ သင်ရဲ့ ကိုယ်ပိုင်စီးပွားရေးတွေအကြောင်း မစဉ်းစားဘဲ နှစ်ဦးသဘောတူအနာဂတ်အကြောင်းတွေကို ဆွေးနွေးတာမျိုးတွေလုပ်သင့်ပါတယ်။ ဂိမ်းကစားခြင်း၊ အတူတူလမ်းလျှောက်ခြင်းစသည် အပြန်အလှန်ပံ့ပိုးကူညီပေးနိုင်မယ့် အရာမျိုးတွေလည်း လုပ်သင်ပါတယ်။

၂။ ကိုယ်ပိုင်နယ်နိမိတ်တွေကို လေးစားမှုမရှိခြင်း




လူတွေဆိုတာက ဘယ်လိုရင်းနှီးမှုမျိုးကြောင့်ပဲဖြစ်ဖြစ် တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို တစ်ခြားတစ်ယောက်က လုံးဝလေးစားသင့်ပါတယ်။ relationship စတင်ပြီး သိပ်မကြာခင်ကာလအထိ တစ်ယောက်အပေါ် လေးစားခဲ့ပြီး ရင်းနှီးလာတာနဲ့အမျှ တစ်ဖက်လူအပေါ် လေးစားမှုပျောက်ဆုံးလာတယ်ဆိုရင် relationship တစ်ခု ပြတ်စဲတော့မယ့် အရိပ်တွေ ပေါ်လွင်လာပါလိမ့်မယ်။

သင့်ကောင်လေးရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတိုင်းကို စပ်စုတာမျိုး မလုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဘယ်လောက်ပဲ ရင်းနှီးနေပါစေ၊ လူနှစ်ဦးက ဘယ်တော့မှ လူတစ်ဦးမဖြစ်နိုင်ပါဘူး။ သူကလည်း သူ ၊ ကိုယ်ကလည်း ကိုယ်ပါပဲ။ ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာ နယ်နိမိတ်တွေကို လေးစားပါ။

၃။ သင့်ကိုယ်သင် ဂရုမစိုက်ခြင်း




ကိုယ့်ပါတနာရဲ့ ကိုယ်ရည်ကိုယ်သွေး(အတွင်း/အပြင်) ကို မကြိုက်တော့တာကလည်း လမ်းခွဲခြင်းရဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ သင့်ပါတနာက ဘာတွေကို သဘောကျတတ်တယ်ဆိုတာမျိုး (သို့) ကိုယ့်ကို ဘယ်အရာကြည့်ပြီး သဘောကျခဲ့တယ်ဆိုတာမျိုးတွေကို စိတ်ထဲမှာ မှတ်ထားပါ။ ဘယ်လောက်ပဲ ”မင်းမို့လို့ ချစ်ခဲ့တာပဲပြောပြော” relationship တစ်ခုတည်ဆောက်ပြီးတဲ့အခါ နှစ်ဦးစလုံးမှာ တာဝန်ဝတ္တရားတွေက ရှိလာစမြဲပါပဲ။ မဟုတ်ရင် ပြတ်ဖို့ကို ကြိုတင်မျှော်လင့်ထားပါ။ တကယ်တော့ အမှန်တကယ်ချစ်ကြသူတိုင်း ကိုယ်ချစ်သူရသူအတွက် ပြောင်းလဲပေးကြပါတယ်။ ကျန်းမာစွာ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်ပိုင်တိုးတက်မှုတွေကို ကြိုးစားပါ။

၄။ ကိုယ့်ကိုယ်ကိုယ်လေးစားမှု လျှော့ကျခြင်း




မိမိကိုယ်ကိုယ်လေးစားမှုနိမ့်ကျခြင်းက ဆက်ဆံရေးတစ်ခုအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနိမ့်ကျသူတွေဟာ ငြင်းပယ်ခံရခြင်းကို ကြောက်ရွံ့ကြပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်သာ လုပ်ဆောင်တတ်ကြပါတယ်။ သူ့တို့ရဲ့ ပါတနာက သူတို့ကို တကယ်ချစ်မြတ်နိုးတယ်ဆိုတာ မယုံကြည်နိုင်တော့ဘဲ သံသယတွေ၊ မနာလိုမှုတွေနဲ့ ပြည့်နှက်နေတာမျိုးပါ။ ဒါဟာ relationship တစ်ခုပြတ်စဲဖို့ ၈၀ ရာခိုင်နှုန်းအထိ သေချာနေပါတယ်။ တစ်ဖက်က ဘယ်လောက်ချစ်ချစ် တရားခံစစ် စစ်တာတွေကို ဘယ်သူကမှ အချိန်အကြာကြီး မခံနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှုနိမ့်ကျလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သတိထားပါ။

၅။ ပဋိပက္ခတွေကို ရှောင်ဖယ်ခြင်း




အပြင်ပန်းကြည့်မယ်ဆိုရင် ပဋိပက္ခတွေကို ရှောင်ကြဉ်တာက ဆက်ဆံရေးကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်မယ်လို့ ထင်ရပါတယ်။ ပြဿနာတိုင်းကို ရှောင်ရှားခြင်းက ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ထားခြင်းနှင့် ကိုယ့်ရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှခြင်းတစ်မျိုးဖြစ်ပါတယ်။ ဘယ်သူကမှ ဘဝတစ်ခုလုံး ဒီလိုပြဿနာတိုင်းကို ရှောင်ပြီး မနေနိုင်ပါ။ တကယ်တော့ ပြဿနာတစ်ချို့က သင်တို့နှစ်ဦးကို ပိုပြီးရင်းနှီးစေပါလိမ့်မယ်။ သင့်ရဲ့ ပါတနာက သင့်စိတ်ထဲမှာ ဖြစ်နေသမျှ အရာအားလုံးကို မသိနိုင်တာကြောင့် ဘာပဲဖြစ်ဖြစ် သင်ပြောပြသင့်တဲ့ အကြောင်းအရာတစ်ချို့လည်း ရှိနေပါသေးတယ်။ ပြဿနာတွေကို အတူတကွဖြေရှင်းသင့်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-brightsideme




Some text some message..