ပျိုမေတွေရဲ့ ဘဝမှာ ကြုံလာခဲ့ရင် လုံးဝလက်မလွှတ်သင့်တဲ့ ယောကျာ်းလေးပုံစံ(၄)မျိုး
auntymay.com
|
2021-01-24

ယောကျာ်းလေးတွေမှာ ပုံစံမျိုးစုံရှိတတ်ပါတယ်။ တစ်ချို့ပုံစံတွေကတော့ ကိုယ်နဲ့ လုံးဝကွဲလွဲနေတဲ့ ပုံစံမျိုးတွေ ရှိတတ်ပေမယ့် တစ်ချို့ယောကျာ်းလေးတွေကတော့ ကိုယ့်အကြိုက်နဲပ တော်တော်တူတဲ့ ပုံစံမျိုးတွေလည်း ရှိတတ်ပါတယ်။ ယောကျာ်းလေးတစ်ယောက်ကို ကိုယ့်ရဲ့ ချစ်သူရည်းစား ဒါမှမဟုတ် လက်တွဲဖော်တစ်ယောက်အဖြစ် ရွေးချယ်ရတယ တော်တော်လေးကို risk များလွန်းလှပါတယ်။ ဘာကြောင့်လဲဆိုတာ့ တစ်ခါရွေးပြီးသွားရင် ကိုယ်ရွေးချယ်လိုက်တဲ့ ယောကျာ်းလေးဟာ ဆိုးဆိုးကောင်းကောင်း၊ အဲဒီဒဏ်တွေကို ကိုယ်ပဲ ခံရမှာဖြစ်တာကြောင့်ပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ ယောက်ျားလေး ပုံစံ ၄ မျိုးတော့ ပျိုမေတွေဘဝမှာ တွေ့ခဲလှတဲ့ ယောက်ျားလေး ပုံစံတွေပါ။ ဒါ့ကြောင့် ဒီလိုလူမျိုးနဲ့ တွေ့ရင်ပဲဖြစ်ဖြစ်၊ လက်ရှိကိုယ်နဲ့ တွဲနေရင်ပဲဖြစ်ဖြစ် လုံးဝလက်လွှတ်မခံသင့်တဲ့ ယောကျာ်းလေးမျိုးတွေပဲ ဖြစ်ပါတယ်။


Pixabay-Babienochka


၁။ ကိုယ်နဲ့ပတ်သတ်တဲ့အရာမှန်သမျှကို အသေးစိတ်ဂရုစိုက်တတ်တဲ့ ယောကျာ်း

ကိုယ့်ရဲ့ မွေးနေ့ကအစ period လာတဲ့ နေ့အဆုံး အကုန်လုံး ဂရုတစိုက်မှတ်ထားတဲ့ ယောကျာ်းမျိုးဟာ တော်တော်ရှားပါတယ်။ ယောကျာ်းတစ်ယောက်က ကိုယ်တဲ့ ပတ်သတ်တာမှန်သမျှ အသေးအမွှားလေးကအစ လိုက်ဂရုစတိုက်နေရင် အဲဒီယောကျာ်းဟာ ကိုယ့်အပေါ် တစ်ကယ်ချစ်တဲ့ စိတ်ရှိနေလို့ပါပဲ။ ကိုယ့်ကိုမချစ်တဲ့ ယောကျာ်းတစ်ယောက်က အဲဒီလောက် ဦးနှောက်အစားခံပြီး အသေးစိတ် လိုက်မမှတ်ထားတတ်ပါဘူး။


၂။ ကိုယ်လိုအပ်တဲ့ ပုံစံမျိုးစုံပြောင်းပြီး ကိုယ့်ကိုချစ်နေပေးတဲ့ ယောကျာ်း

ကိုယ်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ပုံစံမျိုးနဲ့ ရှိပေးနိုင်တဲ့ ယောကျာ်းမျိုးကလည်း တော်တော်ရှားပါတယ်။ ကိုယ့်အနားမှာ အဖေတစ်ယောက်လိုမျိုး၊ အကိုတစ်ယောက်လိုမျိုး၊ သူငယ်ချင်းတစ်ယောက်လိုမျိုး အစရှိသဖြင့် ကိုယ်လိုအပ်တဲ့အချိန်တိုင်း လိုအပ်သလို ရှိပေးနိုင်တဲ့ ချစ်သူယောကျာ်းလေးမျိုး ပိုင်ဆိုင်ထားရရင်တော့ ဘာမှစဉ်းစားမနေပါနဲ့။ သူ့ကိုသာ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်လိုက်ပါ။


Pixabay-1475341


၃။ လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောကျာ်း

ယောကျာ်းတစ်ယောက်ကို ချမ်းသာတိုင်း အထင်ကြီးစရာမလိုအပ်သလို ဆင်းရဲတိုင်းလည်း အထင်သေးစရာမလိုပါဘူး။ ပိုက်ဆံရှိတဲ့ ယောကျာ်းတွေထဲမှာ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ယောက်ျားတွေ တစ်ပုံကြီးပါပဲ။ ယောက်ျားတစ်ယောက်ဟာ မချမ်းသာရင်တောင် အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောက်ျားမျိုးဟာ အကောင်းဆုံးပါပဲ။ ဒါမှလည်း အိမ်ထောင်တစ်ခုကို နိုင်နိုင်နင်းနင်းနဲ့ ဦးစီးဦးဆောင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။


၄။ ကိစ္စတိုင်းမှာ ကိုယ့်ကိုဦးစားပေးပြီး ပွဲထုတ်လေ့ရှိတဲ့ ယောကျာ်း

အရာရာတိုင်းမှာ သူ့ကိုယ့်သူထက် ကိုယ့်ကို အစစအရာရာ ဦးစားပေးတဲ့ ယောက်ျားမျိုးဟာ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ယောကျာ်းအများစုဟာ အတ္တကြီးတတ်ပါတယ်။ အရာရာတိုင်းကို သူတို့လုပ်နိုင်တယ်၊ မိန်းကလေးတွေကဘာမှမလုပ်နိုင်ပါဘူး အစရှိတဲ့ ခေါင်းစဉ်အောက်မှာ မိန်းကလေးတွေကို ဦးစားမပေးတတ်ကြပါဘူး။ ဒါ့ကြောင့် နေရာတိုင်းမှာ ကိုယ့်ကို အမြဲဦးစားပေးတတ်ပြီး ပွဲထုတ်လေ့ရှိတဲ့ ယောက်ျားတစ်ယောက်ဟာ မိန်းကလေးတွေအတွက် ရင်ခုန်စရာလည်းကောင်းသလို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ ယောကျာ်းလေးထဲမှာလည်း ပါဝင်ပါတယ်။


Pixabay-StarFlames

phk




Some text some message..