Polycystic Ovarian Syndrome - PCOS (သားဥအိမ်တွင် ရေအိတ်တည်ခြင်း)
healthcare.com.mm
|
2018-12-22

မျိုးဆက်ပွားနိုင်သည့်အရွယ်အမျိုးသမီးများတွင် ဟော်မုန်း ချို့ယွင်းမှုကြောင့် သားဥအိမ်အတွင်းအရည်အိတ်များဖြစ်ခြင်းကို သားဥအိမ်ရေအိတ်တည်ခြင်း (Polycystic Ovarian Syndrome) ဟုခေါ်သည်။လက္ခဏာများအပျိုဖော်ဝင်စအရွယ်တွင်အဖြစ်များသည်။ ရောဂါလက္ခဏာများအနေဖြင့်- ရာသီပုံမှန်မလာခြင်း၊ တခါတရံ လေးလနှင့်အထက် ရာသီသွေး ပျောက်သွားတတ်ခြင်း၊- ရာသီပေါ်ပြန်လျှင်လည်း ရက်ပေါင်းများစွာ ပေါ်တတ်ခြင်း (Prolonged period)- ယောကျ်ားဟော်မုန်း (Androgen) များသောကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်တွင်အမွှေးများပေါက်ခြင်း၊ ဝက်ခြံများထွက်ခြင်း၊ ထိပ်ပြောင်ခြင်း တို့ဖြစ်နိုင်သည်။ဖြစ်ပွားရသောအကြောင်းရင်းများဖြစ်စေသောအကြောင်းရင်းကို သေချာစွာ မသိရသေးပေ။ သို့သော် - မုန့်ချိုအိတ် (Pancreas) ဟော်မုန်း - Insulinအထွက်များသူ (due to Insulin resistance)-အဝလွန်သူနှင့်- မိသားစုဝင်များတွင် သားဥအိမ်ရေအိတ် တည်ဖူးသူများတွင်အဖြစ်များသည်ကို တွေ့ရသည်။နောက်ဆက်တွဲ ပြဿနာများ အဝလွန်သူများတွင် သားဥအိမ်ရေအိတ်တည်ပါက နောက်ဆက်တွဲအနေဖြင့်- ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ- သွေးတွင်းအဆီဓာတ်နှင့် ကိုလက်စ်ထရော များခြင်း- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်လွယ်ခြင်း-အသည်းထဲတွင်အဆီများစုခြင်းကြောင့်အသည်းရောင်ခြင်း- မျိုးမအောင်ခြင်း-အိပ်ပျော်ချိန်တွင်အသက်ရှူရပ်ခြင်း- စိတ်ရှုတ်ထွေးခြင်း၊ စိတ်ဓာတ်ကျခြင်း- ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း- သားအိမ်ကင်ဆာ နှင့်- ကိုယ်ဝန်ဆောင်ကာလတွင် သွေးတိုးခြင်း၊ သွေးချိုဆီးချို တက်ခြင်း တို့ဖြစ်နိုင်ပါသည်။စစ်ဆေးမှုများ- ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း- သားအိမ်တွင်း၊ မိန်းမကိုယ်အတွင်းအလုံးအကျိတ်များရှိမရှိကို စမ်းသပ်ခြင်း- ရာသီသွေး ပုံမှန်မပေါ်သည့်အကြောင်းရင်းနှင့် ယောကျ်ားဟော်မုန်း များနေခြင်း တို့ကို သိနိုင်ရန် သွေးစစ်ခြင်း- သွေးတွင်းရှိအဆီဓာတ်နှင့် ကိုလက်စ်ထရောဓာတ်များကို စစ်ဆေးခြင်း- သားဥအိမ်၏ ပုံသဏ္ဍာန်နှင့် သားအိမ်အထူကို သိနိုင်ရန် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ကုသခြင်း- ကယ်လိုရီနည်းသောအစာများကို ရွေးချယ်စားသုံးခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။- ရာသီသွေးပုံမှန်ပေါ်ရန်၊ သားဥကြွေရန်နှင့်အမွှေးများပေါက်ခြင်းကို သက်သာစေရန် ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးနိုင်ပါသည်။Ref: Mayoclinic





Some text some message..