ကိုယ့်ကို စိတ်ဆိုးနေတဲ့ ချစ်သူကောင်မလေးကို ဘယ်လိုချော့မလဲ
mystylemyanmar.com
|
2021-01-30

တစ်ခါတလေ မိန်းကလေးတွေက အကြောင်းမရှိဘဲ စိတ်ကောက်တတ်ပါတယ်။ ကိုယ့်ဘက်က ဘာမှားမှန်းမသိဘဲ သူတို့က စိတ်ကောက်သွားတတ်ပါတယ်။ တကယ်တော့ အမြဲတမ်းအကြောင်းအရင်း တစ်ခုရှိပြီးသားပါ။ သင်က သင့်ကောင်မလေး စိတ်ဆိုးအောင် လုပ်မိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီစာကို ဖတ်ရှုနေသူက မိန်းကလေးတစ်ယောက်ဆိုရင် ကိုယ့်ကောင်လေးကိုအလိုက်သိအောင် ဒီအကြောင်းအရာကို Share ထားပါနော်။

တချို့ကောင်လေးတွေက ကိုယ့်ကောင်မလေး စိတ်ဆိုးနေမှန်းသိရင်တောင် ဘယ်လိုချော့ရမလဲ မသိတတ်ကြပါဘူး။ ဒီတော့ ဒီအကြောင်းအရာတွေကို သူတို့ သိထားဖို့ရာ လက်တို့လိုက်ဦးနော်-

၁။ မာနကို ဘေးချထားပြီးသူမကို စကားပြောပါ




သူ့ဘက်ကလည်း စိတ်ဆိုးလို့ စကားမပြော ကိုယ့်ဘက်ကလည်း မှန်တယ်ထင်လို့ ဘာမှမပြောတဲ့အခါ နှစ်ယောက်ကြား တင်းမာနေတတ်ပါတယ်။ မိန်းကလေးနဲ့ ယောကျာ်းလေးမှာ ဖြစ်နိုင်ရင်တော့ ယောကျာ်းလေးဘက်က အရင် စခေါ်သင့်ပါတယ်။ သူ့ဘက်က မှားနေတယ်ဆိုရင်တောင် ကိုယ်က သဘောထားကြီးကြီးနဲ့ စကားစပြောသင့်ပါတယ်။

၂။ တောင်းပန်ပါ




ငါက လူတစ်ယောက်ကို ဘယ်တော့မှ မတောင်းပန်ခဲ့ဖူးဘူးဆိုတဲ့ အတ္တတွေကို ခဏ ဘေးချထားသင့်ပါတယ်။ ဖြစ်ခဲ့တဲ့ကိစ္စအတွက် သူမနားလည်အောင် ရှင်းပြပြီး တောင်းပန်သင့်ပါတယ်။ မိန်းကလေးတစ်ယောက်က “မောင် တောင်းပန်ပါတယ်၊ ကို တောင်းပန်ပါတယ်” ဆိုတဲ့ စကားလေးတွေကို သဘောကျတတ်ကြပါတယ်။

၃။ သူမ ပြောတာကို နားထောင်ပါ

တစ်ခါတလေ ကိုယ်နဲ့ သူ စကားလုပြောမနေဘဲ သူပေါက်ကွဲသမျှကို သည်းခံပြီး နားထောင်ပေးပါ။ လူတိုင်းမှာ Point Of View တွေရှိတတ်ပါတယ်။ သူမဘက်က မှားနေတယ်ဆိုရင်တောင် သူမရဲ့ ခံစားချက်တွေကို သင့်ဆီ ထုတ်ပြောလိုက်ရတာမို့ သက်သာသွားပါလိမ့်မယ်။




၄။ သူမကို ပွေ့ဖက်ပါ

ပွေ့ဖက်ခြင်းက နွေးထွေးမှု တစ်မျိုးကို ဆောင်ကြဉ်းနိုင်ပါတယ်။ သူမက အတင်းရုန်းနေရင်တောင် သူမလက်ကို ကိုင်ပြီး နွေးနွေးထွေးထွေးလေး ကြင်နာပေးသင့်ပါတယ်။

၅။ သူမ ကြိုက်တာကို ဝယ်ကျွေးပါ




မိန်းကလေးအများစုက အစားအသောက် စားရတာကို နှစ်ခြိုက်တတ်ကြပါတယ်။ သူမ စိတ်ဆိုးနေတဲ့အချိန် သူမကြိုက်တဲ့ မုန့်တစ်ခုခု ဝယ်ကျွေးလိုက်တဲ့အခါ သင့်ကို စိတ်ဆိုးပြေသွားပါလိမ့်မယ်။ မုန့်ကျွေးရင်း ချော့ရင်း တစ်ခါတည်း ကြိုးစားသင့်ပါတယ်။

၆။ သူမ ရယ်မောအောင် လုပ်ပါ

ရယ်လိုက်တဲ့အခါ ရင်ထဲက အပူတွေ ငြိမ်းသွားတတ်ပါတယ်။ သင်က ဟာသဉာဏ် ကြွယ်တယ်ဆိုရင် သူမ သဘောကျလောက်မယ့် ရယ်စရာ ကိစ္စလေးတွေပြောတာ၊ သူမကို စနောက်တာ ပြုလုပ်သင့်ပါတယ်။

၇။ သင်က သူမကို ချစ်ကြောင်း သက်သေပြပါ




သင်နဲ့ သူ စကားများတဲ့အချိန်မှာတောင် သူမကို လေးစားပါ။ နားလည်ပေးပါ။ သူမဘက်က ဖြည့်တွေးပေးပါ။ ဒီလို တွေးပေးတာက သင်သူ့ကို ဒေါသထွက်နေခဲ့ရင်တောင် ဒေါသလျော့သွားပါလိမ့်မယ်။

၈။ သူမ မျက်လုံးထဲကိုကြည့်ပြီး ပြုံးပြပါ

သင်က သူ့ကို ချော့ချင်တယ်ဆိုရင် သူမ မျက်လုံးထဲကို ကြည့်ပြီး အစွမ်းကုန် ပြုံးပြလိုက်ပါ။ သင့်အပြုံးက သူမကိုပါ လိုက်ပြုံးစေပါလိမ့်တယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..