ဇီးသီး စားပေးခြင်းဖြင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ
auntymay.com
|
2021-02-03

ဇီးသီးက တော့ လူနဲ့ တည့်တဲ့ အသီးတွေ ထဲက တစ်ခုပါ။ဈေးလည်း အရမ်းမကြီးတဲ့ မို့ လူတိုင်း ဝယ်ယူ စားသုံးနိုင်ပါတယ်။ဇီးသီးစားရင် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးတွေ အ ကြောင်းကို တော့ india.com မှာ အခုလို ဖော်ပြထားပါတယ်။

နှလုံးကျန်းမာရေးကောင်းစေ

Image:freepik.com/8photo

Antioxidant တွေ ပေါ ကြွယ်၀ စွာ ပါဝင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ဇီးသီးမှာပါတဲ့ Antioxidant တွေက နှလုံး နဲ့ လေဖြတ် ခြင်း မဖြစ် အောင် တားဆီး ပေးနိုင်ပါတယ်။ဒါ့ အပြင် ကိုလက် စထ ရောကိုပါ လျှော့ ချ ပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

၀မ်းချုပ် ရောဂါ ကို ပျောက်ကင်းစေ

Image:freepik.com/8photo

isatin နဲ့ sorbitol ပါဝင်တာ ကြောင့် အစာ ချေ စနစ်ကို ကောင်းမါန်စေပါတယ်။ဝမ်း သွားရတာ လွယ်ကူ စေပါတယ်။ဇီးသီး စိမ်းနဲ့ ဇီးသီးခြောက် ကို ပုံမှန် စားပေးမယ်ဆိုရင် တော့ အစာချေ စနစ် နဲ့ ပတ်သက်တာတွေ အပြင် ဝမ်းချုပ် တတ်တာ တွေ ကိုလည်း ဖြေရှင်း ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်၊သွေးလှည့် ပတ်မှု အားကောင်း
ဇီးသီးကို စားပေးမယ်ဆိုရင် တော့ ရင်သားကင်ဆာ၊သွားဖုံးခေါင်းပေါက် နဲ့ ခံတွင်း ကင်ဆာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။နောက် တစ်ချက်က တော့ သွေးလှည့် ပတ်မှု အားကောင်း စေပါတယ်။ဇီးသီးက သံဓါတ်ကို ကိုယ်ခန္ဓာက ပိုမို စုပ်ယူနိုင် အောင် ပြုလုပ် ပေးနိုင်ပါတယ်။သူ့အထဲမှာ လည်း သံဓါတ် ပါ ပါတယ်။

 

အသားအရေ နဲ့ အရိုး အတွက် ကောင်း

Image:freepik.com/cookie_studio

အသားအရေ လှချင်ရင် တော့ ဇီးသီးကို စားပေးသင့်ပါတယ်။အသားအရေ ကို ကြည်လင် လှပ တင်းရင်း စေပါတယ်။ဒါ့အပြင် ဇီးသီးမှာ ပါတဲ့ ဓါတ် တွေ က အရေး အကြောင်းတွေကို ကာကွယ် လျှော့ ချ ပေးနိုင် ပါတယ်။ဒါ ကြောင့် တစ်ချို့က အသားအ ရေ လှဖို့ ဇီးဖျော် ရည် သောက်တာ မျိုး တွေကို လုပ်တာပါ။နောက်တစ်ခုက တော့ အရိုး အတွက်ပါ။သူ့မှာပါတဲ့ Boron က တော့ အရိုးသိပ်သည်း မှု အတွက် အရမ်း ကောင်းပါတယ်။မိန်းမ တွေ ဆိုရင်အသက်ကြီးရင် အရိုးပွ လာနိုင် ပါတယ်။ဇီးသီးမှာ ပါတဲ့ flavonoids နဲ့ phenolic compound တွေ က အရိုး ပျက်စီးဆုံးရှုံး တာတွေ အတွက် ကောင်းပါတယ်။

ကိုလက်စထရောကို လျှော့ချ
သူ့မှာ ဆိုရင်တော့ အမျှင်ဓါတ် ပေါ ကြွယ်၀ စွာ ပါဝင်ပါတယ်။အသည်းမှာရှိတဲ့ ကိုလက်စထရော ပမာဏ ကို လျှော့ ချ ပေးနိုင်ပါတယ်။ဇီးသီးမှာရှိတဲ့ အမျှ င်ဓါတ် က ကိုလက်စထရော ထုတ်ပေးတာတွေ ကို စုပ်ယူ ပေးနိုင်ပါတယ်။သည်းခြေရည်တွေကို စုပ် ပေးလိုက်တဲ့ အခါ မှာတော့ အသည်းက ကိုလက်စထရော တွေကို သုံးပြီး ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်း ပေးကာ ကိုလက်စထရော ပမာဏ ကို လျှော့ချ ပေးနိုင်ပါတယ်။

အမာရွတ် အတွက် ကောင်း

Image:.freepik.com/stockking

ဇီးသီးက သွေးလှည့် ပတ်မှုကို ကောင်းစေပါတယ်။အသားအသစ် ဖြစ်တာကို အားပေး နိုင်သလို အမာရွတ် တွေကို လည်း ပျောက် ကင်းစေနိုင်တဲ့ အစွမ်း ရှိပါတယ်။အနာ ကျက် မြန် စေ သလို ဆဲလ် သေ တွေ ကို ဆဲလ် သစ် တွေ နဲ့ အလွယ် တကူ အစား ထိုး နိုင် ပါတယ်။အသားအရေ ကို တင်းရင်း စေနိုင်ပါတယ်။ဒါကြောင့် အရေပြား ပေါ်မှာ အမည်းစက် တွေရှိတာ၊တင်းတိပ် နဲ့ တခြားသော အရေပြား ပြဿနာ တွေ ကိုလည်း ဇီးသီးစားပေး ရင် သက်သာ လျော့ပါး ပျောက်ကင်း စေပါတယ်။

ဆံပင် နဲ့ ကိုယ်ခံစွမ်းအားကောင်း

Image:freepik.com/user10752789

ဆံပင်ကျွတ် တတ်တဲ့ သူတွေ အတွက်လည်း ဇီးသီးက ကောင်းပါတယ်။ဆံပင်ကို မြန်မြန် ရှင်သန် စေ ပါတယ်။ဇီးသီးမှာက သံဓါတ် ပါတာကြောင့် သွေးလှည့် ပတ်မှုကို အားကောင်းစေပါတယ်။ဆံပင်ပါးလို့ ဆံပင်ထူချင်ရင် ဇီးသီးစားပေးသင့်ပါတယ်။ဒါ့အပြင် ဇီးသီး စားခြင်းက ကိုယ်ခံစွမ်းအားကိုပါ မြင့်တက် စေပါတယ်။

#auntymay




Some text some message..