ပေါင်ပွန်းတတ်သူတွေအတွက် ၅ မိနစ်ပဲ အချိန်ပေးရမယ့် လေ့ကျင့်ခန်း (၃) ခု
mystylemyanmar.com
|
2021-03-31

ဝလာတဲ့အချိန် သတိထားမိတဲ့ ခံစားမှု တစ်ခုကတော့ ပေါင်ပွန်းတာပါပဲ။ ပေါင်တွင်းသား အဆီ များလာတဲ့အခါ လမ်းလျှောက်တဲ့အချိန် အသားနှစ်ခု ပွတ်တိုက်ကာ ဒဏ်ရာ ရလာတတ်ပါတယ်။ ဒီလို ဖြစ်တဲ့အချိန် ခံစားချက်က ဘယ်လိုမှ အဆင်မပြေပါဘူး။ သင်က လက်ရှိ ဒီလို ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်အိမ်မှာပဲ ၅ မိနစ် အချိန်ပေးပြီး လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ ဒီတော့ ဘယ်လို လေ့ကျင့်ခန်းတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ Inner Thigh Lift (ညာ+ဘယ်)




Photo Source: Pinterest
ဘေးစောင်း လှဲလျက် အနေအထားနဲ့ ဘယ်ဘက် ခြေထောက်ကို ကွေးထားရပါမယ်။
ပြီးနောက် ညာဘက်ကို ဆန့်လျက်နဲ့ အပေါ် မြှောက်ပေးရပါမယ်။
ဒါကို စက္ကန့် ၄၀ လုပ်ရပါမယ်။
စက္ကန့် ၂၀ နားပြီးနောက် ဘယ်ဘက်ကိုလည်း ဒီလိုပဲ လုပ်ပေးရပါမယ်။

၂။ Sumo Squat Pulse




Photo Source: Gfycat
ခြေဖျားထောက်လျက် အနေအထားနဲ့ ထိုင်ထ လုပ်ရပါမယ်။
ပေါင်ကြွက်သားကို အားပြုကာ အပေါ်အောက် ထိုင်ထ လုပ်ပေးရပါမယ်။
စက္ကန့် ၄၀ လုပ်ရပါမယ်။

၃။ Cossack Squat (ညာ+ဘယ်)




Photo Source: Spotebi
ပေါင်ကားလျက် အနေအထားနဲ့ မတ်တပ်ရပ်ပေးရပါမယ်။
ပြီးနောက် ညာဘက်ကို ဒူးကွေးပေးရပါမယ်။
ဒီလို ကွေးတဲ့အချိန် ဘယ်ဘက်ကို ဆန့်ထားပေးရပါမယ်။
ပြီးနောက် ဘယ်ဘက်ကို ထပ်ကွေးရပါမယ်။ ညာဘက် ခြေထောက်ကို ဆန့်ထားရပါမယ်။
ဒါကို စက္ကန့် ၄၀ လုပ်ရပါမယ်။

By MyStyle Myanmar




Some text some message..