Pre eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)
healthcare.com.mm
|
2018-12-24

အကျဉ်းရှင်းလင်းချက်ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းသွေးတိုးခြင်းကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။မူလကသွေးပေါင်ချိန်ပုံမှန်အတိုင်းရှိသောအမျိုးသမီးတစ်ဦး ကိုယ်ဝန်၅လကျော်(၂၀ပတ်) မှ သွေးပေါင်တက်လာလျှင် ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်သည်။မကုသဘဲထားပါက မိခင်ရော ကလေးပါ သေစေနိုင်တဲ့အထိနောက်ဆက်တွဲဆိုးကျိုးများရနိုင်ပါတယ်။ကလေးကို မွေးထုတ်လိုက်မှသာ သွေးတိုးတာသက်သာသွားမှာဖြစ်ပါတယ်။  လက္ခဏာများ-သွေးပေါင်တက်ခြင်း(သွေးပေါင်တက်ခြင်းသည် ပထမဆုံးသော လက္ခဏာဖြစ်သည်။ကိုယ်ဝန်ဆောင်နေသည့်ကာလတွင်သွေးပေါင်သည် တဖြည်းဖြည်းချင်းတိုးလာတတ်သည်။ဒါကြောင့်သွေးပေါင်ကို ကိုယ်ဝန်ဆောင်စဉ်ကာလတွင် တောက်လျှောက်တိုင်းထားရန်လိုအပ်သည်။အနည်းဆုံး နှစ်ကြိမ်တိုင်းပြီး သွေးပေါင် ၁၄၀/၉၀ နှင့်အထက်ရှိနေပါက ပုံမမှန်ဖြစ်နေခြင်းဖြစ်သည်။ကိုယ်ဝန်ဆိပ်တက်သည့် လက္ခဏာများပေါ်လာနိုင်သည်။)-အခြားလက္ခဏာများမှာ-=ဆီးတွင်အသားဓာတ်များပါခြင်း(ဆီးတွင်အနည်များပါခြင်း)=ခေါင်းအဆမတန်ကိုက်ခြင်း=အမြင်ဝါးခြင်းအလင်းရောင်စူးစူးမကြည့်နိုင်ခြင်း၊ ရုတ်တရက်အမြင်အာရုံဆုံးရှုံးနိုင်ခြင်း=ဗိုက်အပေါ်ပိုင်းအောင့်ခြင်း=ပျို့အန်ခြင်း=ဆီးနည်းသွားခြင်း=သွေးထဲတွင် သွေးခဲစေသော သွေးဥမွှားများ နည်းသွားခြင်း=အသည်းပျက်စီးခြင်း=အဆုတ်ထဲတွင် ရေများဝင်လာသောကြောင့်အသက်ရှူကျပ်ခြင်း၊မောခြင်း=မျက်နှာနှင့် ခြေလက်များဖောရောင်လာခြင်းဖြစ်ပွားရသောအကြောင်းရင်းများ     ဖြစ်ပွားရသည့်အကြောင်းရင်းကိုအတိအကျမသိပေ။သို့သော်ပညာရှင်များကအချင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ကိုယ်ဝန်ဆိပ်တက်သည့်အမျိုးသမီးများ၏အချင်းတွင် သွေးကြောများကောင်းစွာ မဖွံ့ဖြိုးတာကို တွေ့ရတတ်သည်။အဆိုပါသွေးကြောများသည် ပုံမှန်ထက်ကျဉ်းမြောင်းနေတတ်ပြီးအချင်းမှတဆင့်ကလေးဆီသို့သွေးရောက်ရှိမှုကို နည်းစေသည်။     ထိုသို့ပုံမမှန်ခြင်းကိုဖြစ်စေနိုင်သည့်အကြောင်းရာများမှာ--သားအိမ်သို့သွေးထောက်ပံ့မှု လုံလောက်စွာမရခြင်း-သွေးကြောများပျက်စီးခြင်း-ကိုယ်ခန္ဓာ၏ ခုခံအားဓာတ်ပုံမမှန်ခြင်း-မျိုးရိုးဗီဇပုံမမှန်ခြင်းကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းကိုဖြစ်စေသောအခြားအကြောင်းရာများမှာ--ကိုယ်ဝန် ၅လ (၂ဝပတ်)ကျော်မှသွေးတိုးလာခြင်း -ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရှိနေခြင်း-ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရှိနေသူများတွင် သွေးပေါင်ထပ်တိုးပြီး ကိုယ်ဝန်ဆိပ်တက်သည်အထိဖြစ်ခြင်းဖြစ်နိုင်ချေများသူများ-အရင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ဖူးသည့် ရောဂါရာဇဝင်ရှိခြင်း-သက်ဦးကိုယ်ဝန်ဆောင်ခြင်း-နောက်အိမ်ထောင်၏ ပထမဆုံးကိုယ်ဝန်ကိုဆောင်ခြင်း-အသက်၄၀ကျော်မှကိုယ်ဝန်ဆောင်ခြင်း-အဝလွန်ခြင်း-အမွှာကိုယ်ဝန်ဆောင်ခြင်း-ကလေး၁ယောက်နှင့်၁ယောက် ၁၀နှစ်ခန့်ခြားပြီးမှ ကိုယ်ဝန်ဆောင်ခြင်း-သွေးတိုးအခံရှိခြင်း၊ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ဆီးချိုရှိခြင်း၊ကျောက်ကပ်ရောဂါ၊အရေပြားလေးဖက်နာရောဂါများရှိခြင်းနောက်ဆက်တွဲ ပြဿနာများ-ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်လနုစဉ်မှာဖြစ်လေလေ သန္ဓေသားကို ထိခိုက်မှုပိုများလေလေဖြစ်သည်။ ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကလေးကို မွေးထုတ်လိုက်မှသာပျောက်ကင်းသွားမည်ဖြစ်သည်။-အချင်းမှတစ်ဆင့် ကလေးဆီသို့သွေးရောက်ရှိမှုနည်းခြင်း၊ သန္ဓေသားမှာ ပေါင်မပြည့်ခြင်း၊ ဝမ်းဗိုက်တွင်းသန္ဓေသားသေဆုံးခြင်း၊ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊ကလေးအသေမွေးခြင်း-အချင်းကွာခြင်း-HELLP ရောဂါစု- သွေးနီဥများပေါက်ခြင်း၊အသည်းအင်ဇိုင်းများတက်ခြင်း၊ သွေးဥမွှားပမာဏလျော့ကျခြင်း(ရောဂါလက္ခဏာများမှာ- ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း)-တက်ခြင်း (ကိုယ်ဝန်ဆိပ်တက်ခြင်း တစ်နည်းအားဖြင့် ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းကို မထိန်းချုပ်နိုင်လျှင် လူနာမှာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းပြင်းထန်စွာအောင့်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊အမြင်ဝါးလာခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်လာခြင်း၊ ဂယောင်ဂတမ်းများပြောခြင်း၊နောက်ဆုံးတွင် တက်သွားသည်အထိဖြစ်နိုင်ပါတယ်။ ထိုအခြေအနေရောက်လာပြီဆိုရင်တော့ ကလေးလစေ့သည် ဖြစ်စေ၊မစေ့သည်ဖြစ်စေ ကလေးကို မွေးထုတ်ပစ်ရမှာဖြစ်ပါတယ်)-နှလုံးရောဂါဖြစ်နိုင်ချေများခြင်းဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ     ကိုယ်ဝန်စဆောင်စဉ်ကတည်းကပင် ကိုယ်ဝန်ကိုသေချာအပ်နှံပြီး သွေးပေါင်ကို တောက်လျှောက် တိုင်းတာနိုင်လျှင်အကောင်းဆုံးဖြစ်ပါတယ်။ ခေါင်းအပြင်းအထန်ကိုက်ခြင်း၊အမြင်ဝါးခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိလာလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကိုအမြန်ဆုံးသွားရမှာဖြစ်ပါတယ်။စစ်ဆေးမှုများ-သွေးစစ်ခြင်း(အသည်း၊ကျောက်ကပ်နှင့် သွေးဥမွှားပမာဏကောင်းမကောင်းကိုအဓိကထားစစ်ဆေးခြင်း)-ဆီးစစ်ခြင်း( ဆီးထဲရှိအသားဓာတ်ကို စစ်ဆေးခြင်း)-အာထရာဆောင်းရိုက်ခြင်းကုသခြင်း-ကိုယ်ဝန်ဆိပ်တက်ခြင်းကိုအရှင်းပျောက်ကင်းအောင် ကုသနိုင်သောတစ်ခုတည်းသောနည်းလမ်းမှာ ကလေးကို မွေးထုတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။-အကယ်၍ ကိုယ်ဝန်လနုသေးရင်တော့ ကလေးကို မွေးထုတ်လိုက်ခြင်းသည်အကောင်းဆုံးနည်းလမ်းမဟုတ်တော့ပါ။၁။သွေးပေါင်ထိန်းဆေးများဖြင့်ကုသခြင်း၂။စတီးရွိုက်များဖြင့်ကုသခြင်း(အဆိုပါဆေးများသည် လမစေ့သောကလေးများတွင်အဆုတ်၏လုပ်ဆောင်ရည် ပြည့်ဝစေရန်ကူညီပေးခြင်း၊  HELLP ရောဂါစုဖြစ်လာသည့်အချိန်တွင်အသည်းနှင့် သွေးဥမွှားတို့၏ လုပ်ဆောင်ရည်ကို ခဏာတာတက်အောင်လုပ်ဆောင်ပေးပါတယ်။)၃။အတက်ကျဆေးများဖြင့်ကုသခြင်း၄။ကုတင်ပေါ်တွင်သာနားနေပါ။၅။ကလေးမွေးဖွားခြင်းကာကွယ်ခြင်း-ဆားလျှော့စားပါ။-တိရိစ္ဆာန်အဆီများလျှော့စားပါ။-ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝသောအစားအသောက်များများစားပါ။-သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။-ကိုယ်အလေးချိန်လျှော့ချပါ။ကိုယ်ခန္ဓာအလေးချိန်ကို ရှိသင့်သည့်အနေအထားတွင်းရောက်အောင် ထိန်းထားပါ။-ကိုယ်ဝန်ဆောင်မည်ဟု စိတ်ကူးကတည်းကပင် မိမိတွင်သွေးတိုးရှိမရှိကို စမ်းသပ်စစ်ဆေးထားသင့်သည်။-ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကိုယ်ဝန်မှန်မှန်အပ်ခြင်း၊သွေးပေါင်ချိန်တိုင်းခြင်းများကို ပုံမှန်လုပ်ဆောင်ထားသင့်ပါတယ်။Translated by Dr.Khin JyuJyu KoRef: Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..