သိပ္ဗံပညာရှင်တစ်ဦးကအပူလောင်နာတွေအတွက် ပတ်တီးတွေအစား ငါးရေခွံတွေကိုအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ငါးရေခွံတွေဟာ ကုန်ကျစရိတ်နည်းတဲ့အပြင် နာကျင်မှူဝေဒနာလည်း သက်သာစေတယ်လို့ သိရပါတယ်။အထူးသဖြင့် မီးလောင်ဝေဒနာတွေအတွက် တီလားပီးယားငါးကိုအသုံးများကြပါတယ်။
အဆိုပါငါးရဲ့အရေခွံမှာ လူ့အရေပြားထဲ တွေ့ရတဲ့ ပရိုတိန်းသဣာန်တူ ကော်လာဂျင်တစ်မျိုးလည်းပါတာကြောင့် လူ့ရဲ့ ကိုယ်ခံအားစနစ်နဲ့ လျင်မြန်စွာ ဓာတ်ပြုပြီးအနာရောဂါကို သက်သာစေနိုင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူနာဦးရေ ( ၃၀၀ ) ကျော်တို့ဟာ ထိုထူးခြားတဲ့ ကုထုံးကို ကုသခံနေကြပြီး ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ ငါးရေခွံရဖို့အတွက်တော့ ငါးအကြေးခွံတွေဖယ်၊ ပိုးသတ်ပြီးမှအသုံးပြုကြတာ ဖြစ်ပါတယ်။

Wikipedia
ဘရာဇီးနိုင်ငံမှအာရုံကြောပညာရှင် ဒေါက်တာ ရိုချာကတော့ ဆေးရုံကို တီလာပီးယားငါးအရေခွံနဲ့ ကုသမှူခံယူဖို့လာကြတဲ့ လူနာတွေ တဖြည်းဖြည်းများလာကြောင်း ဆိုပါတယ်။ ကလေးတွေကတော့ ငါးအရေခွံသဣာန်တူအရေပြားကြောင့် သူတို့ကိုယ်သူတို့ စူပါဟီးရိုး Aquaman နဲ့ တူတယ်ဆိုပြီး ကျေနပ်နေကြောင်း ဆိုပါတယ်။
တီလားပီးယားငါးရေခွံတွေကို ပိုးသတ်ပြီးတာနဲ့ တစ်ပြိုင်နက် ငါးရေခွံကိုအကြွင်းအကျန်ဗိုင်းရပ်စ်တွေ ရှိမနေစေအောင် ဓာတ်ရောင်ခြည်နဲ့ တဖန် သန့်စင်ပါတယ်။အားလုံးသန့်ရှင်းပြီးတဲ့အခါအအေးခဲခန်းထဲမှာ ၎င်းအရေခွံကို ( ၂ ) နှစ်နဲ့အထက် သိမ်းထားနိုင်ပါတယ်။ ငါးရေခွံကိုတော့ လိုသလို ဖြတ်တောက်ပြီး မီးလောင်အပူလောင်နာတွေပေါ်မှာ ပတ်တီးအစားထိုးသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

PBS
နေ့စဉ် လဲလှယ်ဖို့လည်း မလိုအပ်သလို တစ်ပတ်လောက်အကြာမှာတော့ ငါးအရေခွံကို ဖယ်ရှားနိုင်ပြီ ဖြစ်ပါတယ်။ တီလားပီးယားငါးရေခွံဟာ ယခင်တုန်းကအသုံးပြုခဲ့တဲ့ ဝက်အရေခွံထက်စာရင် ပိုမိုကြံ့ခိုင်ပြီး ဆွဲဆန့်အား ပိုကောင်းပါတယ်။ ငါးရေခွံကို မီးလောင်နေရာတွေပေါ်မှာအသုံးပြုခဲ့ကြတဲ့ လူနာတွေကတော့ ဒီနည်းဟာ ဒဏ်ရာအကျက်မြန်တဲ့အပြင် နာတာလည်း လျော့ပါးသက်သာပါတယ်လို့ ဆိုပါတယ်။အခုလို ငါးရေခွံသုံးပြီးအပူလောင်နာကုသတဲ့နည်းကို ဘရာဇီးလူမျိုးအလှအပရေးရာ ခွဲစိတ်ပညာရှင် ဒေါက်တာ မာဆယ်လိုဘော့ဂျ်ကအကြံရခဲ့တာပါ။ တီလားပီးယားငါးရေခွံနဲ့အိတ်တွေ၊ ခါးပတ်တွေ၊ ဖိနပ်တွေ ထုတ်လုပ်ကြောင်း ဖတ်မိရာက ဒေါက်တာမာဆယ်ကအခုလို နည်းသစ်ထွင်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
လင်းလင်း (ShweMom)
Ref: Dailymail