ကျောက်ကပ်အားနည်းခြင်း
healthcare.com.mm
|
2018-12-26

ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် ကအညစ်အကြေးအဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။ ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေတဲ့တစ်လုံးကောင်းမွန်ရင် ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း ဆီးဆိပ်များ ပုံမှန်အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင်အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင်အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်များ လာရင် ထုံဆေးနဲ့ ဝမ်းဗိုက်ထဲကို ပိုက်ငယ်တစ်ခု ထည့်ပြီး တပ်ဆင်ဆေးကြော ကုသခြင်း နဲ့ ပုံမှန်ဆေးကြောခြင်း၊ကျောက်ကပ် တုသွေးသန့်စက်ဖြင့် ဖယ်ရှားသန့်စင် ကုသခြင်းနဲ့ ကျောက်ကပ်အစားထိုး ကုသခြင်းတို့ ပြုလုပ်နိုင်တယ်။ ရေရှည် ကျောက်ကပ်အလုပ်မလုပ်တဲ့ လူနာတွေမှာ ဆီးဆိပ်များပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများက တဖြည်းဖြည်းချင်း ပျက်စီးချို့ယွင်းလာတယ်။ကြာတော့အသက်ဆုံးရှုံးရခြင်းဖြစ်ရတယ်။ကျောက်ကပ်အားနည်းလို့ လူနာဟာ မစားချင်မသောက်ချင်ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ နေ့အခါအိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက် ယားယံခြင်း စတဲ့ ခံစားချက်များ ခံစားရရင် ခန္ဓာ ကိုယ်ထဲမှာ ဆီးဆိပ်တွေ ပမာဏ လေး၊ ငါးဆပိုပြီး စုပုံလာလို့ ဖြစ်ပါ တယ်။အချို့လူနာများမှာ ကျောက်ကပ်ဘေး ဖြစ်စေတဲ့ ဆေးဝါး၊အစားအစာ (တညင်းသီး စားသုံးခြင်းစသည်)အခြားရောဂါ (ဥပမာ ဝမ်းလျှောများခြင်း၊ သွေးပေါင်ကျခြင်း၊သွေးပေါင်တက် လွန်းခြင်းများ) ကြောင့် တဖြည်းဖြည်း နာတာရှည် ကျောက်ကပ်အားနည်း သွားကာ ဆီးဆိပ်များ လျင်မြန်စွာ တိုးတက်လာတယ်။နာတာရှည် ကျောက်ကပ်အလုပ်မလုပ်တဲ့ လူနာတွေမှာ ရေရှည် ဆီးဆိပ် ဖယ်ရှားကုသဖို့နဲ့ သွေးသန့်စင်ဖို့လို ပါတယ်။ ကျောက်ကပ် ဆေးပေးရမယ်။ တစ်ပတ်ကို သုံးကြိမ်အနည်းဆုံး နှစ်ကြိမ်ဆေးပေးလို့မှ ကျောက်ကပ်အလုပ်လုပ်မှု မကောင်းရင် ကျောက်ကပ်လဲလှယ် ကုသသင့်ပါတယ်။ ကျောက်ကပ် ခေတ္တအလုပ်မလုပ်တဲ့ ရောဂါကို ကျောက်ကပ်ဆေးခြင်းဖြင့်ပြန်ကောင်းမွန် လာစေပြီး ရေရှည် ကျောက်ကပ်အလုပ်မလုပ်ရင် ဆီးအညစ်အကြေးများကြောင့် ဦးနှောက်၊ နှလုံးသွေး၊အစာလမ်းကြောင်း၊အရိုး စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီးအသက်ဆုံးရှုံးနိုင်တယ်။ တစ်ခါတစ်ရံ ပြန်ကောင်း သလိုရှိပြီး ပြန်လည်ယို ယွင်း ပျက်စီးနိုင်တယ်။ ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးလာရင် နောက်ထပ် ကောင်းမွန်လာအောင် မလုပ်နိုင်ပါဘူး။ဆေးဝါးများနဲ့အတိုင်းအတာ တစ်ခုအထိသာ ဆောင်ရွက်နိုင်တယ်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားလျှင် လိုသည်ထက် ပို၍အမြှုပ်ထခြင်း၊ ဆီးစစ်ကြည့်လျှင် ဆီးထဲ၌အသားဓာတ် ပါခြင်း၊ ကျောက်ကပ်အလုပ်လုပ်တဲ့ ပမာဏကို သာမန် သွေးစစ်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုတိကျတဲ့ နည်းများနဲ့ တိုင်းတာခြင်း စသည်ဖြင့်ကျောက်ကပ် စတင်ပျက်စီးခြင်းကို စောစီးစွာသိရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ဖု့ိအရေးကြီးပါတယ်။ကျောက်ကပ်ရောဂါ မဖြစ်အောင် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါဖြစ်ရင် သေချာတိကျတဲ့ ဆေးညွှန်းအတိုင်း ကုသပြီး ဆေးသောက်ပါ။ ငယ်ငယ်က ကျောက်ကပ်ရောင် ရောဂါဖြစ်ရင် ရာသီ ဥတုဒဏ်မခံနိုင်လို့ စွန့်စားတဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်တွေကိုရှောင်။ သောက်ဆေး စတီးရွိုက်ကို နေ့စဉ်အညွှန်းအတိုင်း သောက်ပါ။ ကိုယ့်သဘောနဲ့ ဆေးဖြတ်ခြင်းမလုပ်သင့်ပါ။ ဆီးကို သွားချင်တဲ့ ဆန္ဒရှိရင် သွားပေးပါ။အောင့်မထားပါနဲ့။ တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ပါ။ ကျောက်ကပ် ကျောက်တည်ခြင်း ဆီးလမ်းကြောင်း ကျောက်တည်ခြင်း တို့ကို သေချာစွာ ကုသရန် လိုအပ်ပါသည်။ Ref:Original Writer သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..