ချွဲသလိပ်အကြောင်း သိကောင်းစရာ
ondoctor.com.mm
|
2022-01-24

လေထဲမှတစ်ဆင့် အသက်ရူလမ်းကြောင်းထဲသို့ ဖုန်မှုန့်များနှင့် ရောဂါပိုးမွှားများ ၀င်ရောက်လာပါက အသက်ရူလမ်းကြောင်းတစ်လျှောက်တွင်ရှိသော‌ချွဲသလိပ်များနှင့် ကပ်ငြိသွားတတ်သည်။ ထို့နောက် သလိပ်များနှင့်အတူ   ကိုယ်ခန္ဓာတွင်းမှနေ၍ ဖုန်မှုန့်များနှင့် ရောဂါပိုးမွှားများကိုအပြင်သို့ ပြန်လည်စွန့်ထုတ်လိုက်သည်။ ထို့ကြောင့် သလိပ်ထွက်ခြင်းသည် ကောင်းသောလက္ခဏာ ဖြစ်သည်။

ရောဂါပိုးမွှားများ အဆမတန်များပြားနေပါက ချွဲသလိပ်များလည်း ပမာဏများပြားစွာထွက်ရှိမည်ဖြစ်သည်။ ထို့နောက် ချွဲသလိပ်များအလွန်အမင်းထွက်ကာ ချွဲကျပ်ခြင်းများ ဖြစ်တတ်သည်။ အလွန်အမင်းများပြားလာခြင်းကား အသက်ရူလမ်းကြောင်း၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ပြီး အသက်ရှူရကျပ်လာခြင်း၊ အသက်ရူမ၀ခြင်းများ ဖြစ်ပေါ်  လာတတ်သည်။

ထိုအခြေအနေမျိုးတွင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရမည်ဖြစ်သည်။ ချွဲသလိပ် ပျော် စေသော ဆေးများ သောက်သုံးကာ ‌သလိပ်များကို ထုတ်ပစ်တာ၊ ချွဲသလိပ်များကို ဖြစ်ပေါ်စေသော အကြောင်းရင်းကို ဖယ်ရှားပစ်ဖို့လိုသည်။

ကလေးငယ်များတွင် အအေးမိခြင်းနှင့် အသက်ရူလမ်းကြောင်းအတွင်း ရောဂါပိုး ၀င်ရောက်ပါက ချွဲသလိပ်များ ထွက်သည်နှင့် အတူ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းများနှင့် တွဲနေတတ်သည်။ လူကြီးများတွင်မူ ဆေးလိပ်သောက်ခြင်းနှင့် စက်ရုံအလုပ်ရုံများမှ ထွက်သော မီးခိုးငွေ့များ တာရှည်ရူရှိုက်ရသော အခါ  ချောင်းဆိုးကာ ချွဲသလိပ်များ ထွက်နေတတ်သည်။  မီးခိုးငွေ့များတွင်ပါ၀င်သော အမှုန်အမွှားများသည် ချွဲသလိပ်ထွက်ခြင်းကို အားပေးသည်။

ဓာတ်မတည့်တတ်သူများတွင်လည်း ချောင်းဆိုးကာ ချွဲသလိပ်များထွက်တတ်ပေသည်။ ပန်း၀တ်မှုန်နှင့် ဓာတ်မတည့်သူများ၊ တိရစ္ဆာန် အမွှေးအမျှင်များ၊ ဖုန်မှုန့်များနှင့် ဓာတ်မတည့်သူများသည်လည်း ချောင်းဆိုးကာ ချွဲသလိပ်များ ထွက်တတ်သည်။ ထို့ကြောင့် မိမိနှင့် ဓာတ်မတည့်သည်များကို မှတ်သားထားပြီး အမြဲရှောင်ကြဥ်သင့်သည်။ အဆိုးဆုံးကား အသက်ရူလမ်းကြောင်း ရောဂါပိုး၀င်ခြင်းဖြစ်သည်။ အဖျားတက်မည်။ ချောင်းဆိုးမည်။ သလိပ်ထွက်မည်။ အသက်ရှူမြန်နေမည်ဖြစ်သည်။

သလိပ်တွင်သွေးပါပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့သွားကာ  ကုသမှုခံယူရမည်ဖြစ်သည်။ ထိပ်ကပ်နာရောဂါ ခံစားနေရသူများတွင်လည်း နှာခေါင်းမှတစ်ဆင့် အသက်ရူလမ်းကြောင်းထဲ သလိပ်များကျသွားကာ ချွဲသလိပ်အဖြစ်ပြန်ထွက်တတ်သည်။ ချွဲသလိပ်များ၏ အရောင်များကား အဖြူရောင်အရည်ကျဲကျဲလေးများဖြစ်ပေသည်။

သို့သော် အ၀ါရောင် နှင့် အစိမ်း‌ ရောင် ချွဲသလိပ်များ ထွက်လာပြီဆိုလျှင် သတိထားရမည့်အရမည့်အခြေအနေ ဖြစ်သည်။ ချွဲသလိပ်များ အချိန်ကြာမြင့်စွာ ထွက်နေမည်ဆိုပါက မည့်သည့မည့်သည့် အကြောင်းရင်းကြောင့်ဖြစ်ပွားနေသည်ကို သိရှိရန် ဆရာ၀န်နှင့် တိုင်ပင်ကာ သေချာစမ်းသပ်ကုသမှသာ ချွဲသလိပ်ထွက်ခြင်းမှ  သက်သာနိုင်မည်ဖြစ်သည်။

Author: Dr. Aye Chan Moe




Some text some message..