
Platelet (သွေးတိတ်စေတဲ့ သွေးဆဲလ်) ကို thrombocytes လိုလည်း သိကြပါတယ်။ သွေးဆဲလ် အမျိုးအစား တစ်ခုပါ။ ဒီ သွေးဆဲလ်လေးတွေက ရိုးတွင်းခြင်ဆီထဲမှာ ရှိနေနိုင်သလို အရိုးထဲက ရေမြှုပ်လိုမျိုး တစ်ရှူးထဲမှာလည်း ရှိနေနိုင်ပါတယ်။ ဒီသွေးဆဲလ်လေးတွေရဲ့ အဓိက တာဝန်က သွေးတိတ်စေဖို လုပ်ဆောင်ပေးတာပါ။
ပုံမှန်အားဖြင့် သွေးကြော တစ်ခုခု ထိခိုက်မိတဲ့အခါ သွေးတွေ စထွက်လာပါတယ်။ ဒီအခြေအနေမှာ သွေးဆဲလ်လေးတွေက သွေးကို ခဲသွားစေဖို လုပ်ဆောင်ပေးပြီး ထိခိုက်မိသွားတဲ့ သွေးကြောကို ပိတ်သွားအောင် လုပ်ဆောင်ပေးရင် သွေးတိတ်စေဖို လုပ်ဆောင်ပါတယ်။ ပေါက်သွားတဲ့နေရာကို သွေးခဲအောင်လုပ်ပြီး ဖာထေးပေးတဲ့ သဘောပေါ့။
Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ ဆိုတာ
သွေးတွေကို အမျိုးမျိုးသော သွေးဆဲလ်တွေ (သွေးနီဥဆဲလ်၊ သွေးဖြူဥဆဲလ်နဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်) စတာတွေနဲ့ ဖွဲစည်းထားပါတယ်။ ဒီသွေးဆဲလ်တွေက သွေးရည်ကြည် (plasma) ထဲမှာ အတူတကွ ရှိနေတာပါ။
သွေးတိတ်စေတဲ့ သွေးဆဲလ်တွေက အပေါ်မှာ ပြောခဲ့သလို ထိခိုက်မိတဲ့အခါ သွေးတိတ်စေဖို လုပ်ဆောင်ပေးတာပါ။ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေက ပင်မဆဲလ်တွေကနေ ဖွဲစည်းထားတဲ့ ရိုးတွင်းခြင်ဆီတွေပါ။ ရိုးတွင်းခြင်ဆီ ဆဲလ်တွေက ဖြစ်ပေါ်လာပြီးတဲ့အခါ ကြီးရင့်လာကြတယ်။ အဲနောက်မှာ သေဆုံးကြပါတယ်။ ဒီလို မသေဆုံးခင်မှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။
ဒီသွေးဆဲလ်တွေက သွေးကြောထဲမှာ လှည့်ပတ် စီးဆင်းနေပြီး ပိုလျှံနေတဲ့အရာတွေကိုတော့ သရက်ရွက်ထဲမှာ သိမ်းဆည်းထားပါတယ်။ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေက ခန္ဓာကိုယ်ထဲမှာ တစ်ပတ်ကျော်ကြာ ရှင်သန်ပြီး အဲနောက်မှာတော့ သွေးဆဲလ်တွေကို ဖျက်ဆီးပစ်လို အသစ် ဖြစ်ပေါ်စေပါတယ်။ ဒီအခြေအနေတွေ ပုံမှန် မဟုတ်တဲ့ အနေအထားကို Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာလို ခေါ်တာပါ။
Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ အမျိုးအစားများ
သွေးတိတ်စေတဲ့ သွေးဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ အမျိုးမျိုးရှိနိုင်ပါတယ်။

သွေးထဲမှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ များနေတာ (Thrombocythaemia)
Platelets တွေ နည်းလွန်းတဲ့အခါ သွေးထွက်လွန်တာ ဖြစ်တတ်သလို Platelets တွေများလွန်းနေတဲ့ အခါကျ သွေးခဲတွေ ဖြစ်သွားတတ်ပါတယ်။ ဒီသွေးခဲ တွေ ပြုတ်သွားတဲ့အခါ ဦးနှောက်သွေးကြောမှာ သွားပိတ်ရင် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောမှာ သွားပိတ်ရင် နှလုံးကြွက်သားပုပ်တာတွေ ဖြစ်နိုင်ပါတယ်။

သွေးထဲမှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ နည်းနေတာ (Thrombocytopenia)
Plateletsတွေ ရှိသင့်တဲ့ ပမာဏအောက် ရောက်နေတဲ့ အခါ ထိခိုက်ဒဏ်ရာသေးသေးလေးကနေ သွေးအများကြီးထွက်ပြီး မတိတ်တော့တာ ဖြစ်နိုင်ပါတယ်။

Platelets က ပုံမှန် အလုပ်မလုပ်တာ ( Dysfunction disorders)
သွေးထဲမှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ ရှိပေမယ့် ပုံမှန် အလုပ်မလုပ်တာမျိုးပါ။ တချို ပုံစံမမှန်တဲ့ Platelets တွေ များနေရင် သွေးတိတ်စေတဲ့ လုပ်ငန်းကောင်းကောင်း မလုပ်နိုင်တော့တာကြောင့် သွေးထွက်လွန်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေတွေက သွေးခဲမှု ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေပြီး ပုံမှန် မဟုတ်တဲ့ သွေးခဲတာ၊ သွေးထွက် များတာတွေကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ မူမမှန်တာက လက္ခဏာတွေ ခပ်ဆင်ဆင်ပါပဲ။ ထိခိုက်မိတဲ့အခါ သွေးတော်တော်နဲ့ မတိတ်တာ၊ ပါးစပ်၊ နှာခေါင်းစတဲ့ နေရာတွေကနေ သွေးထွက်တာ၊ အစာခြေစနစ်မှာ သွေးယိုစိမ့်တာ၊ ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ သွေး မတိတ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးမတိတ်တာတွေ ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေက မွေးဖွားပြီး ချက်ကြိုးဖြတ်တဲ့အချိန်မှာ သိနိုင်သလို ကလေးဘဝ မှာကတည်းက သိနိုင်ပါတယ်။

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ ဘာကြောင့်ဖြစ်
Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သိုမဟုတ်) သန္ဓေပြောင်းတာပါ။ လူသားတွေမှာ မတူကွဲပြားတဲ့ မျိုးဗီဇ ၃၀၀၀၀ ကနေ ၄၀၀၀၀ အထိ ရှိပါတယ်။ ဒီ မျိုးဗီဇ တစ်ခု တိုင်းမှာ လုပ်ငန်းစဉ် တစ်ရပ်စီ ရှိပါတယ်။ ဒီမျိုးဗီဇ တစ်ရပ်စီမှာ ခရိုမိုဆုန်း ၂၃ ခုစီ ပါဝင်နေပါတယ်။ ဒီတွဲစပ်မှုတွေက မှားယွင်းတဲ့အခါ Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ ဖြစ်လာရပါတယ်။
သန္ဓေပြောင်းတာကတော့ မိဘဆီကနေ သားသမီးဆီကို လက်ဆင့်ကမ်းတဲ့အချိန်မှာ ဖြစ်ပေါ်တာပါ။ တစ်ခါတလေ မိဘတွေမှာ လက္ခဏာမပြဘဲ သူတိုဆီကနေ ကလေးဆီကို လက်ဆင့်ကမ်းလိုက်တဲ့ မျိုးဗီဇတွေမှာမှ ပါလာတာမျိုးလည်း ရှိနိုင်ပါတယ်။ မျိုးရိုးထဲက တစ်ယောက်ယောက်မှာ ခံစားရဖူးတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဘယ်လို လက္ခဏာတွေ ရှိနိုင်လဲ
သွေးတိတ်စေတဲ့ သွေးဆဲလ် များနေမယ်ဆိုရင် ပုံမှန်မဟုတ်ဘဲ သွေးမြန်မြန်ခဲတာ၊ သွေးခဲတွေ ဖြစ်တာ၊ ခြေထောက်က သွေးပြန်ကြောမှာ သွေးခဲပြီး ခြေထောက်တွေ ရောင်တာ၊ ထုံကျဉ်တာ၊ အားနည်းတာ၊ ဦးနှောက်ထဲမှာ သွေးခဲပြီး လေဖြတ်တာမျိုး ခံစားရနိုင်ပါတယ်။
ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ
သွေးတိတ်စေတဲ့ သွေးဆဲလ် ပြဿနာကို သွေးဆဲအရေအတွက် စစ်ဆေးမှုလုပ်ဆောင်ခြင်း (CBC) စစ်ဆေးမှုကနေတဆင့် သိနိုင်ပါတယ်။ သွေးကို ထုတ်ယူပြီး သွေးထဲက သွေးဆဲလ် အရေအတွက်ကို စစ်ဆေးတာပါ။ Platelets က ပုံမှန် အလုပ်မလုပ်တာ ( Dysfunction disorders) အတွက်တော့ အထူးစမ်းသပ်စစ်ဆေးမှုတွေ လိုအပ်မှာပါ။

ဘယ်လို ကုသနိုင်မလဲ
သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာက ဖြစ်ခဲပါတယ်။ သွေးဗေဒပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ကုသမှုတွေ ပေးပါလိမ့်မယ်။ ကုသမှု အနေနဲ့ ပုံမှန် လုပ်လေ့မရှိဘဲ ထိခိုက်ဒဏ်ရာ ရတဲ့ အခါမျိုးနဲ့ ခွဲစိတ်ကုသမှု ခံယူတဲ့ အခါမျိုးမှာ လုပ်လေ့ရှိပါတယ်။ အသုံးများတဲ့ ကုသနည်းက DDAVP® လို သိကြတဲ့ desmopressin ကုထုံးပါ။ ဒီကုထုံးက အရေပြား အောက်ဘက် ဒါမှမဟုတ် သွေးပြန်ကြောနဲ့ နှာခေါင်းထဲကို ဆေးထိုးတာမျိုးပါ။
နောက်ထပ် နည်းလမ်း တစ်ခုကတော့ သွေးခဲစေတဲ့ ပရိုတင်းတွေ သွေးထဲမှာ တိုးလာစေဖိုအတွက် tranexamic acid လိုခေါ်တဲ့ ဆေးတစ်မျိုးကို သောက်တာ၊ အရေပြားမှာ လိမ်းတာမျိုးတွေ လုပ်ပေးတာပါ။
ဒီရောဂါအခြေအနေက ပြင်းထန်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင် ကုသမှုကို ခံယူဖို လိုပေမယ့် သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင် နေ့စဉ် နေထိုင်မှုပုံစံကို ပြောင်းလဲပြီး အကောင်းဆုံး ဂရုစိုက်ဖို လိုပါမယ်။