ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံခြင်းအကြောင်း သိကောင်းစရာများ
healthcare.com.mm
|
2018-12-27

ဘာကျန်းမာရေးချွတ်ယွင်းမှုမှ မရှိသ၍ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံတာပြသနာ မဟုတ်ဘူးလို့ ဆရာဝန်တွေ ပြောကောင်းပြောပါလိမ့်မယ်။ ကလေးမွေးပြီး လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ပေးနေကျအကြံက သားဖွားပြီး ၄ ပတ်ကနေ ၆ ပတ်ခန့်ဖြစ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကေလးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီးအမျိုးသမီးများ သိချင်တဲ့အချက်တချို့ ရှိနေပါသေးတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကိုယ်ဝန်ဆောင်စဉ် oral sex လုပ်ပါက မွေးလမ်းကြောင်းသို့ လေမှုတ်သွင်းခြင်းအပြင်းအထန် တားမြစ်ထားပါတယ်။ ဗလုံစီက သွေးကြော ပိတ်ဆို့နိုင်ပြီး မိခင်နဲ့ကလေးနှစ်ဦးလုံးအသက်သေတဲ့အထိ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကို ဘယ်လိုအချိန်မှာ တားမြစ်သလဲကိုယ်ဝန်ဆောင်စဉ် သင်လိင်ဆက်ဆံခြင်းပြုမပြု ဆရာဝန်က စစ်ဆေးအကဲဖြတ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလ လိင်ဆက်ဆံခြင်းမှသင့်ကိုတွန့်ဆုတ်စေနိုင်မယ့်အချက်တချို့ရှိပါတယ်။အဲ့ဒါတွေကတော့ - သားလျှောခြင်း -အချင်းအရမ်းနိမ့်ဆင်းခြင်း - (၃၇) ပတ်မပြည့်မီ ကလေး စောမွေးခြင်း - သားအိမ်ခေါင်းပျော့ပြီး ကားထွက်လာခြင်း - မွေးလမ်းကြောင်းသွေးယိုပြီး သားလျောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ - ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း -အမျိုးသမီးများ သွားဖွားပြီးနောက် ဟော်မုန်းပြောင်းလဲမှု ကြုံရပြီး မွေးလမ်းကြောင်း ခြောက်သွေ့မှု ဖြစ်စေပါတယ်။ ယင်းသို့ခြောက်သွေ့ရခြင်းနဲ့ မွေးလမ်းကြောင်းချောမွတ် မနေပဲ ဖြစ်ရတဲ့ နောက်အကြောင်းအရင်းတစ်ခုက ကလေးနို့တိုက်ရလို့ဖြစ်ပါတယ်။အဲဒါက လိင်ဆက်ဆံတဲ့အခါ နာကျင်စေတဲ့အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ယင်း မသက်မသာဖြစ်မှုကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝတဲ့ ချောဆီကိုအသုံးပြုနိုင်တယ်။ သားဖွားခြင်းကြောင့် မွေးလမ်းကြောင်းတစ်ရှူး ကျယ်လာပြီး နဂိုအတိုင်း ဘယ်တော့မှ ပြန်ဖြစ်မလာနိုင်ပေမယ့် ဒါက စိုးရိမ်စရာမရှိပါဘူး။ မွေးလမ်းကြောင်း တစ်ရှူးတွေက မွေးဖွားပြီး လအနည်းငယ်ကြာမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာလေ့ ရှိပါတယ်။ မွေးလမ်းကြောင်းရှိ ကြွက်သားတောင့်တင်းမှု လျော့နည်းလာမယ်။ ဒါပေမယ့်အဲဒါက ယာယီသာဖြစ်ပါတယ်။ Credit : Trend Myanmarသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..