အမျိုးသမီးကွန်ဒုံးကအမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်စရာ နည်းလမ်းတခု
healthcare.com.mm
|
2018-12-27

မျိုးဆက်ပွား ကျန်းမာရေးအတွက် ကွန်ဒုံးသုံးပါလို့ ဆိုလိုက်ရင်အမျိုးသားကွန်ဒုံးကိုပဲ မြန်မာလူမှုပတ်ဝန်းကျင်မှာ ယဉ်ပါး ကြပြီးအမျိုးသမီးကွန်ဒုံး ရှိသလားဆိုတာတောင် မသိတဲ့ မြန်မာအမျိုးသမီးတွေ ဒုနဲ့ဒေးရှိပါတယ်။ လိင်ဆက်ဆံမှုကို မပြောဆို သင့်တဲ့ ရှက်ဖွက်အကြောင်းအရာအဖြစ် ရေငုံနှုတ်ပိတ်နေလေ့ရှိတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာအမျိုးသမီး ကွန် ဒုံး တွေက တွင်ကျယ်မှု နည်းပါးနေပါတယ်။အမျိုးသမီးကွန်ဒုံးကို တွင်ကျယ်အောင် ကြိုးပမ်းနေတဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်း တွေ ရှိနေပေမယ့်လည်း ဒီအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းချက်က သိပ်ပြီးတော့အရာမထင်သေးပါဘူး။အမျိုးသမီး ကွန်ဒုံးဆိုတာ သားဆက်ခြားချင်တဲ့ မြန်မာအမျိုးသမီးတွေ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်ရွေးချယ်စရာ နည်းလမ်း တခု ဖြစ်ပါ တယ်။အမျိုးသမီးကွန်ဒုံးတွေကအမျိုးသား ကွန်ဒုံးတွေထက်တော့ ဈေးပိုကြီးပါတယ်။အမျိုးသမီးကွန်ဒုံးအကြောင်း ကျန်းမာရေးဆိုင်ရာအသိပညာပေးတခုအဖြစ် ဖော်ပြလိုက်ပါတယ်။အမျိုးသမီး ကွန်ဒုံးဆိုတာဘာလဲအမျိုးသမီး ကွန်ဒုံးဆိုတာ ပဋိသန္ဓေတားဆီးဖို့နဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက်အသုံးပြုတဲ့အိတ်ငယ်တခုဖြစ်ပါတယ်။ ထိပ်နှစ်ဘက်မှာ ဆန့်နိုင်ကျုံ့နိုင်တဲ့ ကွင်းတွေရှိပါတယ်။ လိင်ဆက်ဆံမှု မပြုလုပ်ခင်အမျိုးသမီးရဲ့ လိင်အင်္ဂါထဲကို ထည့်သွင်းရပါတယ်။ ပိတ်ထားတဲ့ ကွင်းကိုအတွင်းဖက်ကိုထည့်သွင်းရမှာ ဖြစ်ပြီးတော့ ပွင့်နေတဲ့ ဘက်ကွင်းကတော့အပြင်မှာ ရှိနေရပါမယ်။အမျိုးသမီး ကွန်ဒုံးက ဘယ်လိုအလုပ်လုပ်သလဲအမျိုးသမီးအင်္ဂါအတွင်းဘက်ကိုအမျိုးသား သုက်ရည်မဝင်အောင် ကာကွယ်ပေးခြင်းအားဖြင့်အမျိုးသမီး ကွန်ဒုံးက ပဋိသန္ဓေတားဆီးပေးပါတယ်။ လိင်ဆက်ဆံမှုကနေတဆင့် ရောဂါကူးစက်မှုကိုလည်း လျော့ကျစေပါတယ်။အမျိုးသမီး ကွန်ဒုံးက ဘယ်လောက်ထိရောက်မှုရှိစေသလဲအမျိုးသမီး ကွန်ဒုံးကအခြားသားဆက်ခြားနည်းလမ်းတွေလိုပဲ နည်းလမ်းမှန်ကန်စွာအသုံးပြုမယ်ဆိုရင် ပိုမိုထိရောက် စေနိုင်ပါတယ်။ တကယ်လို့အမျိုးသမီးတွေကအမြဲတမ်း နည်းလမ်းမှန်ကန်စွာအသုံးပြုမယ်ဆိုရင်အမျိုးသမီး ၁၀၀ မှာ ၅ ဦးသာ ကိုယ်ဝန်ရှိနိုင်တဲ့အတွက် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ HIVအပါအဝင် လိင်ဆက်ဆံမှုကနေ တဆင့် ရောဂါကူးစက်မှုကိုလည်း လျှော့ချပေးပါတယ်။အမျိုးသမီး ကွန်ဒုံးက ဘယ်လောက်စိတ်ချရသလဲအမျိုးသမီးတိုင်းနီးပါး စိတ်ချလုံခြုံစွာအသုံးပြုနိုင်ပါတယ်။အသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မှာလဲအမျိုးသမီး ကွန်ဒုံးကိုအသုံးပြုခြင်းက ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရပါတယ်။အသုံးပြုသူတွေက ဘာကြောင့် နှစ်သက် ကြသလဲဆိုတော့ ဘေးအန္တရာယ်ကာကွယ်မှုမှာအမျိုးသမီးတွေကလည်း ခွဲဝေတာဝန်ယူခြင်းဖြစ်စေပါတယ်။ ရော်ဘာနဲ့ ဓာတ်မတည့်သူတွေလဲအသုံးပြုနိုင်ပါတယ်။ ရေကိုအခြေခံပြီး ပြုလုပ်ထားတာ ဖြစ်စေ၊ ဆီနဲ့ပြုလုပ်တာဖြစ်စေ ချောဆီများနဲ့လည်းအသုံးပြုနိုင်ပါတယ်။အမျိုးသမီးတွေရဲ့ သဘာဝဟော်မုန်းကိုလည်း ထိခိုက်မှု မဖြစ်စေပါဘူး။ ဆရာဝန်ရဲ့ ဆေးစာလည်းမလိုပါဘူး။ ပြင်ပကွင်းက လိင်ဆက်ဆံတဲ့အချိန်မှာအမျိုးသမီးရဲ့စိတ်ကို ပိုမိုတက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။အမျိုးသမီး ကွန်ဒုံးရဲ့အားနည်းချက်က ဘာတွေလဲတချို့အမျိုးသမီးတွေနဲ့အမျိုးသားတွေကတော့အမျိုးသမီးကွန်ဒုံးကို သဘောမကျကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လိင်အင်္ဂါတွေမှာ ကျိန်းစပ်မှုဖြစ်စေပါတယ်။ လိင်ဆက်ဆံစဉ်အတွင်းမှာအမျိုးသမီးအင်္ဂါထဲကို ဝင်သွားနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်မှာ ခံစားမှုကို လျော့ကျစေနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ တကယ်တော့အနည်းငယ်အလေ့အကျင့် ပြုလုပ်ရုံမျှနဲ့အလွယ်တကူအသုံးပြုနိုင်ပါတယ်။အမျိုးသမီးကွန်ဒုံး ထည့်သွင်းမယ်ဆိုရင် ပိတ်နေတဲ့ဘက်ရဲ့အပြင်ပိုင်းမှာ သုက်ပိုးသေဆေး သို့မဟုတ်ချောဆီ သုတ်လိမ်းပါ။ သက်တောင့်သက်သာ ရှိမယ့် ကိုယ်အနေအထားကို ရွေးချယ်ပါ။ ကုလားထိုင်ပေါ်ကို ခြေတဘက်တင်ပြီး ဖြစ်စေ။ ကုလားထိုင်အစွန်းမှာ ထိုင်ပြီးတော့ ဖြစ်စေ၊ လဲလျောင်းပြီး ဖြစ်စေ၊ ဒူးကွေးပြီး တဝက်ထိုင်အနေအထားနဲ့ဖြစ်စေ ထည့်သွင်းနိုင်ပါတယ်။ ပိတ်နေတဲ့ ကွင်းဖက်ကနေဖျစ်ညှစ်ထားပြီးတော့အမျိုးသမီးအင်္ဂါအတွင်းကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။အတွင်းဘက် ကွင်းကို သားအိမ်ခေါင်းရောက်တဲ့အထိအထဲကိုရောက်နိုင်သမျှရောက်အောင် ထိုးသွင်းပါ။ ပြီးရင် လက်ကိုပြန်ထုတ်လိုက်ပါ။အပြင်ဘက်ကွင်းကအမျိုးသမီးအင်္ဂါရဲ့အပြင်မှာ တလက်မလောက် ထွက်နေရမှာ ဖြစ်ပါတယ်။အမျိုးသမီး ကွန်ဒုံးကို ပြန်ထုတ်တဲ့အခါမှာတော့အပြင်ဘက်ကွင်းကို လုံအောင်လို့အဝကိုလိမ်ပြီးတော့ ပိတ်ပါ။ ညင်သာစွာအပြင်ကို ဆွဲထုတ်ပါ။ပြီးရင်စွန့်ပစ်ပါ။အိမ်သာခွက်ထဲကိုထည့်ပြီး ရေဆွဲချတာမျိုး မလုပ်ပါနဲ့။အသုံးပြုပြီးသား ကိုလည်း ပြန်မသုံးပါနဲ့။ Ref: ပြည်မြန်မာသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..