
အင်းဆက်တွေလို့ပြောလိုက်တာနဲ့အသည်းယားတဲ့အသံနဲ့ အော်ကြမှာ မြင်ယောင်ပါသေးတယ်။ ရွံစရာကြီးတွေကို စားစရာလားလို့ ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ စားစရာပါ။အင်းဆက်အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်ကအခုဆို မသေးတဲ့ဈေးနှုန်းနဲ့ မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပြီမို့ပါ။ မြန်မာပြည်မှာက
ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေကအင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။အင်းဆက်တွေကအာဟာရဓာတ်ကြွယ်ဝပြီးအစာကြေလည်းလွယ်တယ်၊ ဓာတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊အဓိကအသားဓာတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေကအထောက်အထားတွေ့ရှိထားတာကြာပေါ့။
အသားဓာတ်အရင်းအမြစ်
အင်းဆက်တွေကအသားဓာတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့
ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့အင်းဆက်တွေကို ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာ စားသုံးသူများတဲ့အပြင် ပင့်ကူ၊ ကင်းမြီးကောက်စတဲ့အဆိပ်ရှိအကောင်တွေကိုပါ နှစ်ခြိုက်စွာစားသုံးကြပါသေးတယ်။အခုဆိုအင်းဆက်တွေနဲ့ မီနူးအသစ်တွေဖန်တီးပြီးအတော်ခေတ်စားလာတာကအနောက်နိုင်ငံတွေနဲ့ ဥရောပမှာပါ။ ဟမ်ဘာဂါမှာအသားပြားတွေအစားအင်းဆက်ကြော်ကို ထည့်သွင်းစားသုံးတာလည်းရှိသလို သရေစာမုန့်အဖြစ်နဲ့အင်းဆက်ကြော်တွေထုတ်လုပ်လာပါတယ်။လေ့လာမှုတစ်ခုအရ ပုရစ်ကရတဲ့ ပရိုတင်းဓာတ်ဟာ
းတွေကိုအားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ သိရပါတယ်။အနီရောင်အသားတွေက ပရိုတင်းရရှိမှုများတာ သိထားကြပြီးဖြစ်မှာပါ။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ပုရစ်မှာ ပါဝင်တဲ့ပရိုတင်းက ပိုများနေတာကိုပါ။အသား ၁၀၀ ဂရမ်မှာ ပရိုတင်း ၂၀ ဂရမ်ပါဝင်နိုင်ပေမယ့် ပုရစ် ၁၀၀ ဂရမ်မှာတော့ ပရိုတင်း ၆၀ ဂရမ် ပါဝင်ပါတယ်တဲ့။စိတ်ဝင်စားစရာမကောင်းဘူးလား။ ဒီအတိုင်းဆိုအမဲသားမစား၊ ခြေလေးချောင်းသားရှောင်တဲ့သူတွေအတွက်အင်းဆက်တွေနဲ့အသားဓာတ်ဖြည့်တင်းပေးနိုင်ပြီလေ။ ပုရစ်မှာ ပရိုတင်းများတဲ့အပြင် မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်စစ်ဓာတ်တွေနဲ့ ပိုတက်ဆီယမ်တွေလည်း ပါဝင်ပါတယ်။
စားလို့အသင့်တော်ဆုံးအင်းဆက် (၄) မျိုး
ဝါးပိုးနဲ့အားဖြည့်ပါ

ဝါးပိုးကြော်ဆိုအမြည်းသမားတွေပိုသိကြမှာပါ။ ရွရွလေးကြော်ထားတဲ့ ဝါးပိုး ၁၀၀ ဂရမ်ကနေ ပရိုတင်း ၃၀ ဂရမ် ရရှိနိုင်ပါတယ်။ ကယ်လိုရီက ၄၃၀ လောက်အထိ ရရှိနိုင်လို့ ခွန်အားရှိစေပါလိမ့်မယ်။
သွေးတိုးကျအောင် ပုရစ်ကြော်စားမယ်

ပုရစ်ကြော် ၁၀၀ ဂရမ်က ပိုတက်ဆီယမ် ၃၄၇ မီလီဂရမ် ပေးစွမ်းနိုင်ပါတယ်။ ဒီပမာဏဟာ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ထင် ၁၁ မီလီဂရမ်ပိုများနေတာပါ။
ရဲ့ကောင်းကျျိုးက သွေးပေါင်ကျစေတာပါပဲ။ ပိုတက်ဆီယမ်က လေပွခြင်းကို သက်သာစေတဲ့ကောင်းကျိုးလည်းရှိလို့ လေပွတာ၊ရင်ကယ်တာ သက်သာချင်ရင် ပုရစ်ကြော်သာစားပေတော့။
အရိုးသန်မာစေမယ့် ပိုးစာကြော်

ထိုင်းကဝင်တဲ့ ပိုးစာကြော်ကအွန်လိုင်းမှာအရောင်းသွက်နေတဲ့ စားစရာတစ်ခုဖြစ်နေပါတယ်နော်။ ဆိမ့်တဲ့အရသာနဲ့မို့ နှစ်ခြိုက်ကြတဲ့ ထိုင်းပိုးစာကြော်က ၁၀၀ ဂရမ်မှာ
၉၃၄ မီလီဂရမ် ပါဝင်နေတယ်ဆိုတော့ ဟန်ကျပြီလေ။အရိုးသန်မာစေဖို့ နွားနို့တွေချည်း လှိမ့်သောက်နေဖို့မလိုတော့ဘူး။ ဇင့်နဲ့ သံဓာတ်ပါဝင်မှုကလည်း ဆယ်လ်မွန်၊ ကြက်သားနဲ့အမဲသားထက်ပိုများနေတော့ သွေးအားနည်းတာ မဖြစ်စေနိုင်တော့ဘူး။
ပိုးဟပ်ပေါက်လေးတွေက ဆံပင်သန်တယ်၊အသားလှတယ်၊ လက်သည်းကျန်းမာတယ်
ပုံမပြတော့ဘူးနော်။ ဒီတစ်မျိုးကိုတော့ သိပ်အားပေးချင်ကြမယ်မထင်ပါဘူး။ ပိုးဟပ်ဆို ရွံကြ၊ကြောက်ကြတယ်ဆိုပေမယ့် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကလည်း တကယ်ပါပဲ။အရသာလည်းရှိတယ်တဲ့နော်။ ပိုးဟပ် ၁၀၀ ဂရမ်မှာ
၂၄ မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ရင် သွေးအားနည်းခြင်း၊နှလုံးရောဂါနဲ့အာရုံကြောစနစ်ထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ ပိုးဟပ်ရဲ့ ဗီတာမင် B12 ကြောင့်အသားအရေလှမယ်၊
မယ်၊
းကျန်းမာလှပမယ့်အပြင်အရေပြားဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။