
ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးမှာ အာဟာရပြည့်ဝတဲ့ အစားအစာများကို စားသုံးခြင်းက ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးပါ နှစ်ဦးလုံး ကျန်းမာရေးကိုကောင်းမွန်စေဖို့ပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အစာစားချင်စိတ်တွေ ဝင်လာပြီဆိုရင် ပြောင်းဖူးကို လိုချင်တောင့်တ တတ်ကြပါတယ်။ ပြောင်းဖူးက ကိုယ်ဝန်ဆောင်တွေအတွက် ဘေးကင်းရဲ့လားဆိုပြီး တွေးပူတတ်ကြပါတယ်။ တကယ်ရော စားလို့ရဲ့လား။
ပြောင်းဖူးမှာ ဘာတွေ ပါဝင်သလဲ
ပြောင်းဖူးမှာ သတ္တုဓာတ်နှင့် ဗီတာမင်များ ကြွယ်ဝစွာ ပါဝင်တဲ့ လူကြိုက်များတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် စီ၊ ဘီ1၊ ဘီ5 ၊ အမျှင်ဓာတ်နဲ့ မဂ္ဂနီစီယမ်တို့ ပါဝင်ပါတယ်။ ပြောင်းဖူးက အာဟာရဓာတ် ကြွယ်ဝတဲ့အပြင် အလွန်လည်း အရသာရှိလှပါတယ်။
ကိုယ်ဝန်ဆောင်တွေ ပြောင်းဖူးစားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ

(၁) ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း
ပြောင်းဖူးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေပြဿနာများကိုလည်း သက်သာစေနိုင်ပါတယ်။

(၂) မွေးကင်းစကလေး ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
ပြောင်းဖူးမှာ Spina Bifida ကဲ့သို့သော မွေးကင်းစကလေးငယ်တွင် မူမမှန်ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပြီး ပြောင်းဖူးမှာ ဖောလစ်အက်ဆစ်ပါရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ စားသုံးပေးသင့်ပါတယ်နော်။

(၃) သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းဖူးစားပေးခြင်းက သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

(၄) ကလေးမျက်လုံးကို ကောင်းမွန်စေခြင်း
ပြောင်းဖူးမှာ Lutein ကဲ့သို့ antioxidants များ ကြွယ်ဝစွာ ပါဝင်ပြီး မွေးကင်းစကလေးငယ်တွေရဲ့အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

(၅) ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးခြင်း
ပြောင်းဖူးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ရင်သားကင်ဆာအပါအဝင် အခြားကင်ဆာအမျိုးအစား အချို့ဖြစ်ပွားမှုကိုလည်း ဟန်တားနိုင်တယ်လို့ ပညာရင်တွေက ယုံကြည်ကြပါတယ်။

(၆) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း
ပြောင်းဖူးမှာ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အရေပြားကိုကျန်းမာစေပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မှတ်ဉာဏ်စွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

(၇) အကျိတ်ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
ပြောင်းဖူးမှာ အကျိတ်ဖြစ်နိုင်ချေကို လျှော့ချပေးသည့် ဖာရူလစ်အက်ဆစ်ကဲ့သို့ ဖီနိုလစ်ဒြပ်ပေါင်းများပါဝင်ပါတယ်။

(၈) ကောင်းတဲ့ ကိုလက်စထရောကို တိုးစေခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ ပြောင်ဖူးကို စားသုံးပေးခြင်းက ပလာစမာ LDL ကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွင်းကောင်းတဲ့ ကိုလက်စထရောပါဝင်မှုကို တိုးမြင့်စေပါတယ်။
တစ်ခုသတိထားရမှာကတော့ တန်ဆေး လွန်ဘေး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အလွန်အကျွံမစားဖု့ိတော့ သတိပေးလိုက်ပါတယ်နော်။
ref: Eating Corn During Pregnancy – Is It Safe