
မြေပဲထောပတ်မှာ ဗီတာမင် B5၊ ဗီတာမင်B6၊ ဗီတာမင်B3၊ ဗီတာမင်E ၊ပိုတက်ဆီယမ်၊ ဆီလီနီယမ်၊ သံဓာတ်နှင့် ဇင့်ဓာတ်တို့က ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဓာတ် များစွာ ပါဝင်ပါတယ်။ မြေပဲထောပတ်မှာ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး resveratrol ပါရှိပြီး နာတာရှည်ရောဂါများကို ကာကွယ်ခြင်းနှင့် ဆက်စပ်နေပါတယ်။ ဒါကြောင့် မြေပဲထောပတ်စားရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ်အလေးချိန်ကျစေခြင်း
မြေပဲထောပတ်ကို စားသုံးမှု တစ်ခုစီမှာ ကယ်လိုရီ ၂၀၀ ပေးစွမ်းနိုင်ပြီး အချိန်အခါမဟုတ်တဲ့ ဆာလောင်မှုကိုလည်း လျှော့စေပါတယ်။ မြေပဲထောပတ်မှာ အမျှင်ဓာတ်၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တာကြောင့် လူကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
မြေပဲထောပတ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါ (သို့) နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ ဆဲလ်သေဒဏ်ရာတွေကို ပြောင်းပြန်လှန်ပစ်ရာမှာ အလွန်ထိရောက် ပါတယ်။ ဒါပေမယ့် မြေပဲထောပတ်မှာ မပြည့်ဝဆီပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။

(၃) ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
မြေပဲထောပတ်က ကျန်းမာရေးအကျိုးအတွက် ကတိပေးထားတဲ့ အထောက်အထားမရှိသော်လည်း မြေပဲထောပတ်မှာ ပါဝင်တဲ့ ဗီတာမင်အီးသည် အူမကြီးကင်ဆာ၊ အစာအိမ်ကျန်းမာရေး၊ အဆုတ်ကျန်းမာရေး နှင့် အသည်း တိုမှာ ဝေဒနာဖြစ်နိုင်ခြေကို လျှော့ချပြီး ဆက်စပ်နေတဲ့ ကင်ဆာကို တိုက်ဖျက်ရာမှာ အလွန်ကို ထိရောက်ပါတယ်။

(၄) ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ(Neurodegenerative diseases)
မြေပဲတွင် Niacin (သို့) ဗီတာမင်B3 ပါရှိပြီး နိုင်ယာဟင်၏ အမြင့်ဆုံးအစားအစာ အရင်းအမြစ်ဖြစ်ပါတယ်။ ၎င်းက အာရုံကြောပျက်စီးမှုဆိုင်ရာရောဂါများတွင် အယ်လ်ဇိုင်းမားရောဂါအပါအဝင် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါများကို တိုက်ဖျက်ရာတွင် အလွန်အသုံးဝင်ပါတယ်။ Niacin သည် ပျက်စီးနေသော ဦးနှောက်ဆဲလ်များကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည့်အပြင် ဦးနှောက်မှတ်ဉာဏ်ဆိုင်ရာ ချို့ယွင်းမှုများစွာကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အကာအကွယ်ပေးရာတွင် အထောက်အကူဖြစ်စေပါတယ်။

(၅) ကြွက်သားတွေသန်မာလာစေခြင်း
ပုံမှန် အားကစားလုပ်တဲ့သူတွေ
Gym ဆော့တဲ့သူတွေအနေနဲ့ တစ်နေ့ နည်းနည်းနဲ့ ပုံမှန်စားသုံးပေးသင့်ပါတယ်။ မြေပဲထောပတ်က ကြွက်သားတွေကို သန်မာစေပြီး ကျန်းမာလာစေနိုင်ပါတယ်။ မြေပဲထောပတ်ကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကိုလဲ ပုံမှန်ဖြစ်လာစေနိုင်ပါတယ်။
ref: Peanut Butter