နှိုးစက်သံကြားပြီး မျက်လုံးပွင့်တာနဲ့ အိပ်ရာပေါ်က ချက်ချင်းထနိုင်ဖို့ လိုက်နာရမယ့်နည်းလမ်းများ
lifestylemyanmar.com
|
2022-07-06

အားလုံးပဲမင်္ဂလာပါ။ မနက်မိုးလင်းတာနဲ့ ကျောင်းသွား၊ ရုံးတက်ဖို့အတွက် မနည်းကုန်းရုန်းထနေရသူတွေ ရှိမှာပဲနော်။ ၅ မိနစ်၊ ၁၀ မိနစ်လောက် ထပ်အိပ်လိုက်ဦးမယ်ဆိုပြီး အရှိန်လွန်ပြီး အလုပ်နောက်ကျ၊ ကျောင်းနောက်ကျတာမျိုးရော ကြုံဖူးကြပါသလား။ ဒါဆိုရင်တော့ နာရီနှိုးစက်သံကြားပြီး မျက်လုံးနှစ်လုံးပွင့်တာနဲ့ အိပ်ရာပေါ်က ချက်ချင်းထနိုင်ဖို့အတွက် ဒီနည်းလမ်းလေးတွေကိုတော့ လိုက်နာပေးဖို့ လိုမယ်နော်။

၁။ သင်လက်လှမ်းမမှီတဲ့နေရာမှာ နှိုးစက်နာရီကိုထားပါ

Snooze တစ်ခါလုပ်လိုက်၊ မိနစ်အနည်းငယ်လောက်ထပ်အိပ်လိုက်ခြင်းက သင့်ကို အိပ်ရေးဝဖို့ကူညီပေးမှာမဟုတ်ပါဘူး။ အချိန်မှန်အိပ်ရာဝင်ပြီး ပုံမှန်ချိန်အတိုင်းအိပ်ရာထတဲ့အခါမှာ ခန္ဓာကိုယ်ကကျင့်သားရလာပြီး ညဘက်ဆိုရင်လည်း အိပ်ချိန်ရောက်တာနဲ့ ခန္ဓာကိုယ်က အလိုအလျောက် အချက်ပြလာပါလိမ့်မယ်။


၂။ အလင်းရောင်အကူအညီရယူပါ

အိပ်ရာကနိုးလာပြီဆိုတာနဲ့ လိုက်ကာစတွေဖွင့်လိုက်ပါ။ သဘာဝအလင်းရောင်က သင့်ဦးနှောက်ကို ထိဖို့အချိန်တန်ပြီး တက်ကြွဖို့လိုပြီဆိုတာကို လှမ်းအသိပေးပါလိမ့်မယ်။

၃။ စိတ်ပျော်စေမယ့် အလေ့အကျင့်လေးတစ်ခုပြုလုပ်ပေးပါ

မနက်ပိုင်းမှာ သူငယ်ချင်းများ၊ ချစ်သူခင်သူတွေနဲ့ ပန်းခြံထဲမှာ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ မနက်စာ စားနေရင်းနဲ့ မိမိနှစ်သက်တဲ့ဂျာနယ်ဖတ်တာပဲဖြစ်ဖြစ် ကိုယ်စိတ်ပျော်တဲ့အရာကို ပြုလုပ်ပေးမယ်ဆိုရင် သင့်ဦးနှောက်က မနက်နိုးလာတဲ့အခါပျော်ရွှင်ခြင်းတွေ ခံစားရတော့မှာဖြစ်ကြောင်း အသိပေးပြီး စောင်တွေကြားထဲမှာပဲ ကွေးနေချင်တဲ့စိတ်ကို ဖယ်ရှားပေးမှာပါ။


၄။ မနက်စာစားပါ

မနက်စာ စားချင်စိတ်မရှိဖြစ်နေပါသလား။ ပေါင်မုန့်ကို မိရောနိစ်လေးသုတ်ပြီး ကြက်ဥ Half-fried ညှပ်စားလိုက်ရုံနဲ့ ပေါ့ပေါ့ပါးပါးမနက်စာတစ်ခုကို သုံးဆောင်နိုင်ပြီး တစ်နေ့တာလုံး အာရုံစူးစိုက်နိုင်မှုမြင့်မားအောင် ပြုလုပ်ပေးပါလိမ့်မယ်။ အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်ကကျင့်သားရလာပြီး မနက်ထရတာ အခက်အခဲတစ်ခုလိုဖြစ်မှာ မဟုတ်တော့ပါဘူး။


၅။ မီးရောင်မှိန်ထားပါ

မအိပ်ခင်တစ်နာရီလောက်အလိုမှာ အခန်းထဲက မီးကို မှိန်မှိန်လေးထားမယ်၊ ဖုန်းအလင်းရောင်နဲ့ အခြားလျှပ်စစ်ပစ္စည်းအလင်းရောင်တွေကိုလည်း ပိတ်ထားလိုက်ခြင်းက ညဘက်ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၆။ အိပ်ခါနီးမှာ စိတ်လက်ဖြေလျော့ထားပါ

မအိပ်ခင်တစ်နာရီလောက်အလိုမှာ စိတ်ရှုပ်ထွေးစရာ အီးမေးလ်တွေကို ဖွင့်စစ်ခြင်း၊ အရေးကြီးသောမိသားစုကိစ္စများ ဆွေးနွေးတိုင်ပင်ခြင်းကို ရှောင်ကြဉ်ပါ။ အိပ်ချင်စိတ်ဖြစ်လာဖို့အတွက် အခန်းမီးမှိန်မှိန်လေးမှာ စာဖတ်ခြင်း၊ အိပ်ရာမဝင်ခင် ရေနွေးနဲ့ရေချိုးခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။


Lifestyle_Myanmar

ref-healthline




Some text some message..