လက်သည်းနီဆိုးဆေးတွေက ကျန်းမာရေးအတွက် ဘယ်လောက်ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သလဲ
lifestylemyanmar.com
|
2022-08-20

လက်သည်းနီဆိုးဆေးတွေက လှပေမယ့်လည်း သူ့မှာပါတဲ့ ဓါတုပစ္စည်းတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့်လည်း အမှုမဲ့ အမှတ်မဲ့ နေလိုက်ကြတာများပါတယ်။ လက်သည်းနီဆိုးဆေးတွေကနေ ကျန်းမာရေးအတွက် ဘယ်လောက်ဆိုးဆိုးရွားရွား ထိခိုက်စေတယ်ဆိုတာ မျှဝေပေးချင်ပါတယ်။

ဟော်မုန်း မညီတာမျိုးဖြစ်စေပါတယ်။

လက်သည်းနီဆိုးဆေးတွေမှာပါတဲ့ Formaldehyde ဆိုတဲ့ ဓါတ်တစ်မျိုး ဟော်မုန်း မညီတာမျိုးဖြစ်စေပါတယ်။ ဟော်မုန်းထွက်တာမမှန်တာမျိုး ဖြစ်စေပါတယ်။ အထူးသဖြင့် လက်သည်းနီဆိုးဆေးအနံ့တွေကနေ ဖြစ်တာမို့ လက်သည်းနီဆိုးတဲ့ ဆိုင်တွေမှာ လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့ နှာခေါင်းမှာ အကာတစ်ခု ကာပေးထားသင့်ပါတယ်။


မှတ်ဉာဏ်ထိခိုက်စေခြင်း

လက်သည်းနီဆိုးဆေးတွေကို အလွန်အကျွံသုံးတာဟာ အသားအရေကို နီစေပြီး ဓါတ်မတည့်တာမျိုး မျက်လုံးထိခိုက်တာမျိုးဖြစ်စေတတ်ပါတယ်။ အဲဒီမှာပါတဲ့ ဓါတုပစ္စည်းတွေကို မကြာခဏထိတွေ့တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာသာမက မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။


လမစေ့ဘဲ မီးဖွားတာမျိုးဖြစ်စေတယ်။

လက်သည်းဆိုးဆေးတွေမှာပါတဲ့ ဓါတုစ္စည်းတွေဟာ မျိုးစက်ပွားဆိုင်ရာ ပြဿနာဖြစ်စေပြီး ကလေးကို လစောပြီး မွေးတာမျိုးဖြစ်စေသလို ကလေးကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ခေါင်းကိုက်တာမျိုး လည်း ဖြစ်စေနိုင်ပါတယ်။


အာရုံကြောစနစ်ကို ထိခိုက်စေခြင်း

လက်သည်းနီဆိုးဆေးတွေမှာ ပါဝင်တဲ့ Toluene ဆိုတဲ့ ဓါတုပစ္စည်းက အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်နိုင်တယ်။

လက်သည်းနီဆိုးဆေးကို အနံ့ခံတာဟာ အသက်ရှုမဝတာ အသက်ရှုမမှန်တာ စတဲ့ အသက်ရှုလမးကြောင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ပါတယ်။


Lifestyle_Myanmar

ref-huffpost




Some text some message..