အရေပြားနဲ့ ဆံပင်တွေရဲ့ ကျန်းမာရေးအတွက် မန်ကျည်းစေ့ရဲ့ အကျိုးကျေးဇူးများ
myanmaplatform.com
|
2022-10-25

မန်ကျည်းသီးကို စားတဲ့အချိန်မှာ အစိမ်းဆိုရင်တော့ ရေဆေးထောင်းပြီး အကုန်လုံး ကြော်ချက်စားကြပေမယ့် မန်ကျည်းမှည့်ဆိုရင်တော့ အသားတွေပဲ ယူပြီး အစေ့ကို ဖယ်ထုတ်ပစ်ကြတာ ဖြစ်ပါတယ်။ ဒါက မန်ကျည်းစေ့ ရဲ့ ကောင်းကျိုးတွေကို မသိသေးလို့ပါ။ မန်ကျည်းစေ့မှာက ဘယ်လို သတ္တုဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးကို ဘယ်လိုတွေ ထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

(၁) ဝမ်းရောဂါကို ကုသပေးခြင်း

မန်ကျည်းစေ့အနီရဲ့ အပြင်ဘက်အဖုံးက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဝမ်းကိုက်ရောဂါကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။


(၂) အလှပြင်ပစ္စည်းထုတ်လုပ်ခြင်း

မန်ကျည်းစေ့မှ ထုတ်ယူထားသော အလှကုန်များနှင့် ဆေးဝါးပစ္စည်းတွေမှာ xyloglycans ပါဝင်ပါတယ်။ ၎င်းက အရေပြားအဖုသေးသေးလေးများ ကုသရာတွင် အဓိက အသုံးပြုကြပါတယ်။ 


(၃) အဆစ်နာ

မန်ကျည်းစေ့မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိက အဆစ်အမြစ်ကိုက်ခဲခြင်းကိုသက်သာစေပြီး အထူးသဖြင့် အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရသူများ မန်ကျည်းစေ့လှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို ရေဖြင့် တစ်နေ့လျှင် နှစ်ကြိမ်သောက်ပေးပါက အဆစ်များ နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး ချောဆီများကိုလည်း မြှင့်တင်ပေးပါတယ်။ 


(၄) သွား

သွားများ အားနည်းပါက မန်ကျည်းစေ့အမှုန့်ကို သွားနှင့် သွားဖုံးများပေးတွင် ပွတ်ပေးပါ။ ၎င်းက သွားနှင့် ခံတွင်သန့်ရှင်းမှု အားနည်းခြင်းနှင့် အချိုရည်များ သောက်သုံးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နီကိုတင်းအနည်အနှစ် များ (သို့) စေးပျစ်ခြင်းနှင့် သွားချေးများ ရှိခြင်း၊ ဆေးလိပ်အလွန်အကျွံသောက်သူများအတွက် အကျိုးရှိပါတယ်။ မန်ကျည်းစေ့က လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။ မန်ကျည်းစေ့က သွားနဲ့ ပတ်သက်တဲ့ ပြဿနာအားလုံးကို ပျောက်ကင်းစေပြီး သွားများမှာ ကပ်နေတဲ့ နီကိုတင်းဓာတ်တွေကို သန့်ရှင်းစေနိုင်ပါတယ်။ မန်ကျည်းစေ့ကို ကြော်လှော်ပြီး ကြိတ်ချေကာ သွားပွတ်တံနဲ့ သွားတိုက်ပေးပါက သွားများကိုလည်း သန့်ရှင်းစေတဲ့အပြင် ကျန်းမာသန့်ရှင်းစေပါတယ။် 


(၅) အစာမကြေခြင်းကိုသက်သာစေခြင်း

မန်ကျည်းစေ့ဖျော်ရည်က အစာမကြေခြင်းကို ပျောက်ကင်းစေပြီး သည်းခြေရည်ထုတ်လုပ်မှုကို တိုင်းမြင့်စေတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကိုလက်စထရောကိုလျှော့ချပေးပါတယ်။ မန်ကျည်းစေ့ဖျော်ရည်က အစာခြေခြင်းကို အထောက်အကူပြုတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ ၎င်းက stomatitis ကို ကုသရန်နှင့် ဝမ်းချုပ်ခြင်းကိုသက်သာစေရန် အတွက်လည်း အသုံးဝင်လှပါတယ်။ 


(၆) ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း

မန်ကျည်းစေ့မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး ရောဂါများစွာနဲ့ ကိုယ်ခံအားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 


(၇) အူမကြီးကင်ဆာကို ကာကွယ်ပေးခြင်း

မန်ကျည်းစေ့ဖျော်ရည်က အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ 


(၈) Antibacterial

မန်ကျည်းစေ့က အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများ Typhus နှင့် Staphylococcus aureus တို့မှ ကာကွယ်ပေးနိုင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ၎င်းက အရေပြားပိုးဝင်ခြင်းအပြင် အူလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ 


(၉) ခံတွင်းကောင်းစေခြင်း

မန်ကျည်းစေ့ဖျော်ရည်က ခံတွင်းကို ကောင်းစေနိုင်ပါတယ်။ လည်ချောင်းနာတာကို သက်သာစေဖို့ မန်ကျည်းရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။ အာသီးရောင်ခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အခြားလည်ချောင်းပိုးဝင်ခြင်းများကို ကုသရန် ဂျင်းနှင့် သစ်ကြံပိုးခေါက်တို့ကို ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။


(၁၀) ဆီးချိုရောဂါ၊ နှလုံးကျန်းမာစေခြင်း

မန်ကျည်းစေ့က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ၎င်းက အင်ဆူလင်ထုတ်လုပ် သည့်ဆဲလ်များကို အရွယ်အစားတိုးလာစေပြီး ပန်ကရိယကို ကာကွယ်ပေးပါတယ်။ မန်ကျည်းစေ့မှာ ပိုတက်ဆီယမ်ပါဝင်ပြီး သွေးတိုးရောဂါနှင့် နှလုံးရောဂါဝေဒနာရှင်များအတွက် အသုံးဝင်ပါတယ။် 


(၁၁) အရိုးကျိုးခြင်း

အရိုးကျိုးခြင်းကို ကုသရန်အတွက် မန်ကျည်းစေ့ကို ထူထူသွေးလိမ်းပေးပါ။


(၁၂) မျက်စဉ်းဆေး

မန်ကျည်းစေ့ကိုဖျော်ရည်အဖြစ် ထုတ်ယူပြီး မျက်လုံးကို အစိုဓာတ် ရရှိစေရန် အစက်အနည်းငယ်ထည့်ပါ။ ဖျော်ရည်ကို အပူပေးပြီး မျက်မြှေးရောင်တာကို ကုသပေးနိုင်ပါတယ်။ 


(၁၃) အရေပြားကျန်းမာရေး

မန်ကျည်းစေ့က အသားအရည်ထိန်းသိမ်းမှုအတွက် အကျိုးပြုပါတယ်။ မန်ကျည်းစေ့က အသားအရေတင်းရင်းမှုကို မြှင့်တင်ပေးပြီး ရေဓာတ်ကို ဖြည့်တင်ပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။ ၎င်းတွင် hyaluronic acid ပါဝင်တာကြောင့် အရေပြားအစိုဓာတ်ကို ထိန်းပေးပြိး အရေးအကြောင်းများကို ချောမွေ့စေပါတယ်။ မန်ကျည်းစေ့က ရေတွင် ပျော်ဝင်နိုင်တာကြောင့် serums ၊ gels ၊ facial toners ၊ moisturizer နှင့် mask များအတွက် အသုံးပြုပါတယ။် ၎င်းက အိုမင်းရင့်ရော်မှုကို ဆန့်ကျင့်သည့် ဖော်မြူလာတစ်ခုအဖြစ်လည်း လုပ်ဆောင်ပါတယ်။ 


မန်ကျည်းစေ့မှာလည်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိနိုင်တာကြောင့် လိုအပ်သလို အသုံးပြုပေးလို့ ရပါတယ်။ ကျန်းမာရေးအတွက်ကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ref: Best Benefits Of Tamarind Seeds




Some text some message..