ကျန်းမာရေးအပြင် ဘတ်စကတ်ဘော ကစားခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
lifestylemyanmar.com
|
2022-11-02

ဘတ်စကက်ဘော ကစားခြင်းမှ ကိုယ်ခန္ဓာ ကျန်းမာခြင်း၊ အရိုးအဆစ်များ ကြံ့ခိုင်သန်စွမ်းခြင်း၊ စတဲ့အကျိုးကျေးဇူးတွေ အများကြီးရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါဆို ဘတ်စကက်ဘော ကစားခြင်းက ရရှိတဲ့  အခြားကြီးမားတဲ့ အကျိုးကျေးဇူးတွေက ဘာပါလဲ။

၁။ အာရုံစူးစိုက်မှုနဲ့ ဦးနှောက် စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာစေခြင်း

ဘတ်စကတ်ဘော ကစားတဲ့အခါ ကစားသမားဟာ မိမိပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို အမြဲသတိရှိနေရပါမယ်။ ဒါက ကစားသမားရဲ့ စိတ်အာရုံစူးစိုက်မှုကို အထူးအားကောင်းစေပါတယ်။

ထို့အပြင် အခြားကစားသမားများရဲ့ တည်နေရာနှင့်လှုပ်ရှားမှု၊ ထို့နောက် ဘတ်စကတ်ဘော ဘောလုံးရဲ့ ရွေ့လျားမှု တို့ကိုကြည့်ပြီး ကစားသမားဟာ မိမိရဲ့ နောက်ဆက်တွဲလုပ်ဆောင်ရမည့် လှုပ်ရှားမှုများကိုလည်း အဆက်မပြတ် သတိထားလုပ်ဆောင် နေရပါမယ်။ ကစားပွဲအတွင်း မိမိရဲ့ဆုံးဖြတ်ချက်များကို စက္ကန့်ပိုင်းအတွင်း ပြုလုပ်ရမည်ဖြစ်ပြီး အခြား ပြိုင်ဘက်ကစားသမားများကိုလည်း တိကျလျင်မြန်စွာ တုံ့ပြန်ရန် လိုအပ်ပါတယ်။

ဘတ်စကတ်ဘော ကစားခြင်းဟာ ကစားသမားရဲ့ ထိုကဲ့သို့သော ခန္ဓာကိုယ် လှုပ်ရှားမှု နှင့်  ဦးနှောက်မှ  အာရုံကြောစနစ်များ အဆက်မပြတ် လှုပ်ရှားရခြင်းတို့ကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို လေ့ကျင့်ပေးနေသလိုဖြစ်စေပြီး တိုးတက်ကောင်းမွန်စေပါတယ်။ 


၂။ Mortor Skills များတိုးတက်လာခြင်း

ထို့အပြင် ဘတ်စကတ်ဘော ကစားခြင်းက ဘတ်စကတ်ဘော ကစားသမားများရဲ့ Mortor Skills နဲ့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပါတယ်။ Mortor Skills ဆိုတာကတော့ ပြေးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ တိကျတဲ့လုပ်ငန်း တာဝန်တစ်ခုဆောင်ရွက်ရန် ခန္ဓာကိုယ်ရဲ့ ကြွက်သားများ၏ လှုပ်ရှားမှုများပါ၀င်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

ဒီစွမ်းရည်ကို စွမ်းဆောင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်၊ ကြွက်သား၊ ဦးနှောက် စသော အစိတ်အပိုင်း အားလုံးဟာ အတူတူအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ထိုစွမ်းရည်တွေဟာ ဘတ်စကတ်ဘော ကစားခြင်းဖြင့် တိုးတက်ဖွံဖြိုးလာပါတယ်။

ဤကဲ့သို့ စွမ်းရည်တွေကို  မိမိဘဝရဲ့ တခြားကဏ္ဍတွေမှာပါ အသုံးချလာနိုင်တဲ့အခါ ဘဝမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှင့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွေမှာပါ တိုးတက်ကောင်းမွန်မှုတွေ ရှိနေတာကိုတွေ့ရပါလိမ့်မယ်။  


၃။ Confident နဲ့ Personal Value တိုးတက်လာခြင်း

ဘတ်စကက်ဘော ကစားခြင်းက ကစားသမားရဲ့ Confident နဲ့ Personal Value တိုးတက်စေရန် ကူညီပေးပါတယ်။ အိပ်စက်ခြင်း အလေ့အထကိုလည်း တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကိုလည်း လျှော့ချပေးပါတယ်။ ထို့ကြောင့် မိမိတို့ရဲ့လူနေမှုဘဝမှာ ပိုမိုပေါ့ပါး အဆင်ပြေလာစေပါတယ်။ 


၄။ စိတ်ကို ပျော်ရွှင်စေခြင်း

ဘတ်စကတ်ဘော ကစားတဲ့အခါ ဦးနှောက်က Dopamine နဲ့ Endorphins လိုမျိုး ‘ကောင်းမွန်သောခံစားမှု’ ကို ပေးစွမ်းတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါလိမ့်မယ်။ ထိုဟော်မုန်းတွေကြောင့် ဘတ်စကတ်ဘော ကစားခြင်းကို စွဲလမ်းစေပြီး စိတ်ပျော်ရွှင်မှုနဲ့ ပေါ့ပါးလွတ်လပ်မှုကိုပါ တပြိုင်နက်တည်း ခံစားရစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာပျော်ရွှင်မှုကို အမှန်တကယ် အထောက်အကူဖြစ်စေမှာမို့ ဘတ်စကတ်ဘော အားကစားသာမက မိမိ ဝါသနာပါရာ အခြားအားကစားနည်းတစ်မျိုးမျိုးကို အချိန်ပေးပြီး လုပ်ဆောင်သင့်ပါတယ်။


Lifestyle_Myanmar

ref-TalkBasket.net




Some text some message..