ရေကူးခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်သလဲ
myanmaplatform.com
|
2022-11-14

ရေကူးလေ့ကျင့်ခန်းက ခန္ဓာကိုယ်ရဲ့ ချွေးထွက်ခြင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး အကျိုးကျေးဇူးအရှိဆုံး လေ့ကျင်ခန်းကတော့ ရေကူးခြင်းပဲ ဖြစ်ပါတယ်။ ရေကူးခြင်းက အသက်အရွယ်နဲ့ အရည်အချင်းကို မခွဲခြားဘဲ လူတိုင်းနဲ့ သင့်လျော်တာကြောင့် ရေကူးလေ့ကျင့်ခန်းကို ကျွမ်းကျင်သူတွေက အကြံပေးတိုက်တွန်းထားကြပါတယ်။ ဒါကြောင့် ရေကူးခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

(၁) ကိုယ်အလေးချိန်လျော့ကျအောင် ကူညီပေးခြင်း

ရေကူးခြင်းက ကယ်လိုရီများကို လောင်ကျွမ်းစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီတွေ များများလောင်ကျွမ်းလေ၊ အဆီပိုတွေ စုလာလေ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ အဆီပိုတွေကို ဆုံးရှုံးသွားပါတယ်။ သိပ္ပံပညာရှင်တွေက အဝလွန်တဲ့ ကလေးငယ်တွေနဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ရာ ရေကူးခြင်းက အခြားသော အရာတွေထက် ပိုပြီး ကယ်လိုရီတွေကို လောင်ကျွမ်းအောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။ 


(၂) အရိုးသန်မာစေခြင်း

အမျိုးသမီးတွေက အသက်ကြီးလာသည်နှင့်အမျှ အရိုးထုထည်လျော့နည်းလာကြပါတယ်။ ရေကူးခြင်းက အသက်အရွယ်နှင့် အခြားသော အေရိုးဗစ်လေ့ကျင့်ခန်း ပုံစံများကြောင့် ဖြစ်လာတဲ့ အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ။် အဆစ်အမြစ်ကိုက်ခဲခြင်း (သို့) အဆစ်အမြစ်ရောင်ရောဂါ ရှိသူများ အတွက်လည်း အသုံးဝင်ပါတယ်။ ရေကူးခြင်းက အရိုးပွခြင်းကို သက်သာစေပြီး အရိုးထုထည်ကို မြှင့်တင်ပေးပြီး အရိုးတွေကို သန်မာစေပါတယ်။ 


(၃) နှလုံးကျန်းမာရေးကို တိုးတက်စေခြင်း

နှလုံးရောဂါ ခံစားနေရသူတွေရဲ့ အရေအတွက်ဟာ တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင် အထိုင်များတဲ့လူနေမှု ပုံစံတွေကြောင့် GYM ကို သွားပြီး ကစားကြပါတယ်။ အချို့သော သူတွေက GYM ကို သွားရမှာ စိုးရိမ်နေတတ်ကြပါတယ်။ ဒါကြောင့် GYM ကို သွားမယ့်အစား ရေကူးကန်သွားပြီး ပျော်ပျော်ပါးပါး ကစားကြည့်ပါ။ ဒီရေကူးလေ့ကျင့်ခန်းက နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပြီး ဖြစ်နိုင်ချေရှိတဲ့ နှလုံး သွေးကြောဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ ရေကူးခြင်းက နှလုံး ကျန်းမာရေးကို အကောင်းဆုံး ဖြစ်အောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံး လေကျင့်ခန်းဖြစ်ပါတယ်။ 


(၄) Cerebral Palsy ရှိတဲ့ ကလေးများကို ကူညီပေးခြင်း

Cerebral Palsy ဖြစ်တဲ့ ကလေးများတွင် အဖြစ်များတဲ့ လှုပ်ရှားမှု မသန်မစွမ်းဖြစ်ပြီး ၎င်းက မွေးကင်းစကလေး ၁၀၀၀ မှာ ၄ ယောက်လောက် ဖြစ်တတ်ပါတယ်။ ရေကူးလေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ချို့ယွင်းနေတဲ့ ကလေးတွေကို သူတို့ရဲ့ လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ရေကူးခြင်းက ပျော်ရွှင်စရာကောင်းတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် ကလေးများအား အပြုသဘောဆောင်တဲ့ အတွေ့အကြုံများ ပေးစွမ်းရန် လုပ်ဆောင်ရန်လည်းလိုအပ်ပါတယ်။ ရေကူးခြင်းက ဦးနှောက်ချို့ယွင်းတဲ့ ကလေးများ ရေကူးခြင်းကို နှစ်သက်ကြပြီး ပင်ပန်းနွမ်းနယ်မှုလည်း မခံစားရကြောင်းကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။ 


(၅) Flexibility ကိုတိုးတက်စေခြင်း

Flexibility က အဆစ်များကို အကွာအဝေး အပြည့်သို့ ရွှေ့ပေးနိုင်ပါတယ်။ ရေကူးတဲ့အခါမှာ ခန္ဓာကိုယ်ကို ရေသို့ တွန်းပို့ကာ ရေပေါ်ပေါ်နေစေရန် ခြေလက်အင်္ဂါများနှင့် အူတိုင်များကို အသုံးပြုပါတယ်။ နေ့စဉ့် ရေကူးခြင်းက တစ်ကိုယ်လုံး ပျော့ပျောင်းမှုကို တိုးတက်စေပြီး အဆစ်အမြစ်ကိုက်ခဲခြင်း (၈) မျိုးကိုလည်း လျော့ပါးစေပါတယ်။ 


(၆) ခန္ဓာကိုယ်ပေါင်းစပ်ညှိနှိုင်းမှုကို တိုးတက်စေခြင်း

ရေကူးခြင်းက ခြေထောက်၊ လက်များ၊ ဦးခေါင်း၊ ရင်ဘတ်နှင့် မျက်လုံးတို့အကြား ပေါင်းစပ်ညှိနှိုင်းမှုများစွာ လိုအပ်ပါတယ်။ ရေကူးခြင်းက အပန်းဖြေရန်၊ ကုသရန်၊ ယှဉ်ပြိုင်ရန်အတွက် ရေကူးခြင်းကို လုပ်ကြတာဖြစ်ပါတယ်။ ရေကူးခြင်းက ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမှုနှင့် ခြေလက်အင်္ဂါများ အူတိုင်များကြား ပေါင်းစပ်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ 


(၇) ပန်းနာရင်ကျပ်ရောဂါကိုလျှော့ချပေးနိုင်ခြင်း

ပန်းနာရင်ကျပ်ရောဂါက လေပြွန်အတွင်းရောင်ရမ်းခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းတို့ကို ပိတ်ဆို့ကာ အသက်ရှုရခက်ခဲစေပါတယ်။ ရေကူးခြင်းက ပန်းနာရင်ကျပ်ရောဂါကို လျှော့ချပေးနိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့တာကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသူများ ရေကူးပေးသင့်ပါတယ။် 


(၈) စိတ်ကျန်းမာရေးကို ထောက်ပံ့ပေးခြင်း

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းတွေက ဘယ်တော့မှ လျစ်လျူမရှုသင့်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ ရေကူးခြင်းက စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတို့ကို ကုသပေးနိုင်ပါတယ်။ 

ဒါကြောင့် အခြားသော လေ့ကျင့်ခန်းတွေထက် ရေကူးခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကိုပိုပြီး တိုတက်ကောင်းမွန်စေနိုင်ပါတယ်။ 

ref Swimming And Exercises For Fitness




Some text some message..