ခရမ်းရောင်ကန်စွန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2022-11-16

ခရမ်းရောင်ကန်စွန်းဥဟာ အရသာရှိလှတဲ့အပြင်ထူးခြားတဲ့ အရောင်လဲ ရှိပါတယ်။ ခရမ်းရောင်ကန်စွန်းဥမှာ  ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ပါတယ်။ ၎င်းမှာ ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြှင့်တင်ပေးခြင်း၊ အနာကျက်မြန်စေပါတယ်။ ဒါ့အပြင် ခရမ်းရောင်ကန်စွန်းဥဟာ ဘယ်လိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

(၁) သွေးလည်ပတ်မှုကောင်းအောင်ကူညီပေးခြင်း

ခရမ်းရောင်ကန်စွန်းဥမှာ ပိုတက်စီယမ်လို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ပိုတက်စီယမ်က သွေးကြောများကို တက်ကြွစေပြီး သွေးစီးဆင်းမှုကို မြှင့်တင်ပေးနိုင် ပါတယ်။ ဒါ့အပြင် ခရမ်းရောင်ကန်စွန်းဥမှာ တွေ့ရတဲ့ ခရမ်းရောင် anthocyanin က သွေးလည်ပတ်မှုအတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ anthocyanin  ကြွယ်ဝတဲ့ အစားအစာများက သွေးကြောကျန်းမာရေးကို တိုးတက်စေပါတယ်။ 


(၂) အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကုသရာတွင် ကူညီပေးနိုင်ခြင်း 

ခရမ်းရောင်ကန်စွန်းဥမှာပါတဲ့ pectin( ပျော်ဝင်နိုင်တဲ့ ဖိုင်ဘာ) က အစာချေဖျက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ အမျှင်ဓာတ်က အူလမ်းကြောင်းလှုပ်ရှားမှုကို မြှင့်တင်ပေးပြီး ဝမ်းချုပ်ခြင်းအတွက် ထိရောက်တဲ့ ကုသရေးနဲ့ တားဆီးရေး ပြုလုပ်ထားပါတယ။် Pectin က အူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများကို ကာကွယ်ရန် အတွက် ကုသပေးနိုင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ 


(၃) ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း

ခရမ်းရောင်ကန်စွန်းဥမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ဗီတာမင်စီက ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေပြီး ဖရီးရယ်ဒီကယ်များကို ဖယ်ရှားရန် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်စီကဲ့သို့သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ဓာတ်ပြုအောက်စီဂျင် မျိုးစိတ်များကို ဖယ်ထုတ်ကာ DNA ပျက်စီးမှုနှင့် အခြားသော ကင်ဆာရောဂါဆိုင်ရာ သက်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ 


(၄) ကိုယ်အလေးချိန်လျှော့ချရာတွင် ကူညီပေးနိုင်ခြင်း

ခရမ်းရောင်ကန်စွန်းဥမှာ အမျှင်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လိုရီစားသုံးမှုကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်က ဗိုက်ပြည့်စေပြီး အဝလွန်ခြင်းကို သက်သာစေ ပါတယ်။ ခရမ်းရောင်ကန်စွန်းဥမှာ ကယ်လိုရီနည်းပါးတာကြောင့် ကိုယ်အလေးချိန်လျော့ကျဖို့အတွက် ကူညီပေးနိုင်ပါတယ်။ 


(၅) ဦးနှောက်ကျန်းမာရေးကို တိုးတက်စေခြင်း

ခရမ်းရောင်ကန်စွန်းဥမှာ anthocyanins ကြွယ်ဝစွာ ပါဝင်ပါတယ်။ anthocyanins က ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများလည်း ပါဝင်ပါတယ်။ anthocyanins က ဆဲလ်သေများကို လျော့ကျစေပြီး အာရုံကြော ကာကွယ်မှု(၉) မျိုးရှိကြောင်းကို တွေ့ရှိရပါတယ်။ ခရမ်းရောင်ကန်စွန်းဥက ဦးနှောက်လုပ်ဆောင်ချက်နှင့် အာရုံကြောကြီးထွားမှုဆိုင်ရာ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Diosgenin ပါဝင်ပါတယ်။ Diosgenin က အာရုံကြောဆိုင်ရာ စိတ်လှုပ်ရှားမှုနှင့် မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါတယ်။ 


ဒါကြောင့် ခရမ်းရောင်ကန်စွန်းဥက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် အရသာရှိလှတဲ့ အစားအစာဖြစ်တာကြောင့် လူတိုင်းစားသင့်ပါတယ်။ 

ref: Health Benefits Of Purple Yam




Some text some message..