စမုံစပါး စားခြင်းကြောင့် ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2022-11-27

စမုံစပါးက ကမ္ဘာပေါ်ရှိ စားဖိုမှုးတော်တော်များများရဲ့ လက်စွဲတော်ပဲ ဖြစ်ပါတယ်။ စမုံစပါးစေ့ (ဇီယာစေ့)က ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလို့ ရသလို တိုင်းရင်းဆေးဝါးအဖြစ်လည်း အသုံးပြုကြပါတယ်။ စမုံစပါးအရွက်ကို ဟင်းရည်၊ အသားနဲ့ လုံးပြီးချက်တာ၊ ကြက်ဥနဲ့ ကြော်တာမျိုးစုံ လုပ်စားကြပါတယ်။ စမုံစပါးပင်အရွက်ကော၊ အစေ့ပါ အပြင် အမြစ်ကိုလည် ဟင်းချိုချက်တဲ့အချိန်တွေမှာ အသုံးပြုလို့ ရပါတယ်။ စမုံစပါးပင် ကို တစ်ပင်လုံး စားပေးလို့ ရတဲ့အပြင် အစေ့မှာလည်း ဂုဏ်သတ္တိများစွာ ပါဝင်နေပါတယ်။ 

စမုံစပါးအရွက်က အစာချေဖျက်ရာမှာ ကူညီပေးခြင်း၊ ဓာတ်ငွေ့ရှုမိခြင်ကို သက်သာစေခြင်း၊ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း၊ အနံ့အသက်ဆိုးတွေကို ဖယ်ရှာရန် ကူညီပေးခြင်း၊ ဆီးဖွဲ့စည်းခြင်းနဲ့ ဆီးအခြေအနေကို ကူညီပေးခြင်း၊ ဗိုက်အောင့်ခြင်းကို သက်သာစေနိုင်ခြင်း၊ ကလေးများ ရုတ်တရက် ဗိုက်နာခြင်း (colic) ကို သက်သာစေနိုင်ပြီး ဝမ်းချူဘူးတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် ဉာဏ်ရည်ကို တိုးတက်ကောင်းမွန်စေရန်အတွက် အသုံးပြုနိုင်ခြင်း၊ လိပ်ခေါင်းကို သက်သာစေခြင်း၊ ဖန်းဂတ်စ်ပိုးမွှားတွေကို တိုက်ဖျက်ရာမျာ အထောက်အကူဖြစ်စေခြင်း၊ အသည်းပြဿနာများကို ကူညီပေးခြင်း၊ ဦးနှောက်နဲ့ပတ်သက်တဲ့ချိုယွင်းချက်များကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် စမုံစပါးရွက်က ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။


(၁) အဆစ်ရောင်တာကို သက်သာစေခြင်း

စမုံစပါးက နာကျင် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို နာကျင်ရောင်ရမ်းနေတဲ့ အရိုးအဆစ်တွေကိုလည်း နာကျင်မှု လျော့ပါးစေနိုင်ပါတယ်။


(၂) ဆီးချိုရောဂါ

စမုံစပါးအရွက်က သွေးတွင်းဂလူးကို့စ်ပမာဏကို လျှော့ချရာတွင် အသုံးဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဂုဏ်သတ္တိကြောင့် ဆီးချိုရောဂါတွင် တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်မှု တိုးလာခြင်းကို လျှော့ချနိုင်ပါတယ်။ ဒ့ါအပြင် စမုံစပါးအရွက်က ဆီးချိုရောဂါတွင် တွေ့ရလေ့ရှိတဲ့ ကိုလက်စထရော ပမာဏကို လျှော့ချရာတွင် ကူညီပေးနိုင်ပါတယ်။ 


(၃) ချောင်းဆိုးတာနဲ့ နှာခေါင်းပိတ်တာကို သက်သာစေခြင်း

စမုံစပါးမှာ နှာခေါင်းထဲက ချွဲတွေကို ရှင်းပေးပြီး အသက်ရှူရလွယ်စေဖို့ ထောက်ကူပေးသလို အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ အဆုတ်ထဲက ချွဲတွေကို ဖယ်ရှားပေးနိုင်တာကြောင့် လေပြွန်တွေကိုလည်း ကျန်းမာစေပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ 


(၄) အစာခြေစနစ်ကို ကျန်းမာစေခြင်း

စမုံစပါးမှာ ပါဝင်တဲ့အင်ဇိုင်းတွေက အစာခြေအက်ဆစ်ကို တိုးစေနိုင်ပြီး အစာမကြေတာ၊ လေပွတာတွေကိုသက်သာစေနိုင်ပါတယ်။ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အစာအိမ်အနာ၊ အစာရေမျို၊ အစာအိမ်၊ အူတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ 


(၅) ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

စမုံစပါးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘက်တီးရီးယားတွေ ကို တိုက်ဖျက်ပေးပြီး အစာအဆိပ်သင့်တာကို ဖြစ်စေနိုင်ပြီး အစာအိမ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။


(၆) သွေးတိုးကျစေခြင်း

စမုံစပါးမှာ သွေးကြောတွေထဲကို ကယ်လ်ဆီယမ် မရောက်အောင် တားပေးပြီး သွေးကြောတွေကို ပြေလျော့စေတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးတာက သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။


(၇) သွားကိုက် သက်သာစေခြင်း

စမုံစပါးမှာ အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွားကိုက်တာတွေကြောင့် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ သွားဖုံးနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

ref: Dill Leaves




Some text some message..