
စပ်တဲ့အစားအစာတွေဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေကိုလည်း အများကြီး ပေးနိုင်ပါတယ်။
၁။ ဝိတ်ကျစေခြင်း
ဝိတ်ချနေတဲ့သူတွေ ထည့်သွင်းစားသောက်သင့်တဲ့အစားအစာတွေထဲမှာ ငရုတ်သီးလည်း ပါဝင်ပါတယ်။ ငရုတ်သီးထဲမှာ ပါဝင်တဲ့ အဓိက ကွန်ပေါင်းဓာတ်ဟာ ကယ်လိုရီ လောင်ကျွမ်းဖို့ အထောက်အကူ ဖြစ်ပေးပြီး အဆာခံနိုင်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက ဓာတုနည်းအတိုင်း ဓာတ်ပြောင်းလဲဖွဲ့စည်းခြင်းတွေကိုလည်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။
၂။ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
လေ့လာမှုတွေအရ အစပ်များတဲ့အစားအစာတွေ စားသုံးတာက ဦးနှောက်သွေးကြောပြတ်ခြင်းနဲ့ နှလုံးဖောက်ခြင်းတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ငရုတ်သီးတွေက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစိနိုင်ခြေကို လျှော့ချပေးနိုင်တာပါ။
၃။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
ငရုတ်သီးဟာ သွေးကင်ဆာနဲ့ တချို့သော ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကင်ဆာရောဂါပျံ့ပွားနှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၄။ သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း
ငရုတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် အေနဲ့ စီ ဟာ နှလုံးကြွက်သားနံရံတွေကို သန်မာစေပြီး ခန္ဓာကိုယ်တစ်လျှောက် သွေးလည်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။
၅။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်း
စပ်တဲ့အစားအစာတွေဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ဟော်မုန်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပင်ပန်းခြင်းတွေကိုလည်း သက်သာစေပါတယ်။