ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အသီးဖျော်ရည်များအကြောင်း
mmload.com
|
2023-01-16

အအေးသောက်တဲ့အခါမှာ Energy Drink တွေ သောက်မယ့်အစား ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အသီးဖျော်ရည်တွေကိုသာ သောက်သင့်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေကို ဖျော်သောက်တဲ့အခါမှာ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ပေါင်ချိန် 20 အထိ ကျဆင်းသွားနိုင်ပါတယ်။ ဘယ်ဖျော်ရည်တွေက ဘာစွမ်းလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင် … 

မုန်လာဥနီ ဖျော်ရည်


မုန်လာဥနီက သွေးပေါင်ကိုလည်း ကျဆင်းစေပါတယ်။ အမျှင်ဓာတ်များစွာရရှိစေတာကြောင့် ဆာလောင်မှုမရှိပဲ ဝမ်းဗိုက်ကို ပြည့်တင်းနေစေပါတယ်။ အချိုရည်တွေသောက်သုံးတာထက် သကြားဓာတ်နဲ့ ကယ်လိုရီရရှိမှုကို လျော့နည်းစေပါတယ်။

လိမ္မော်သီး ဖျော်ရည်


နံနက်စာစားတဲ့အခါတိုင်း လိမ္မော်ရည်တစ်ခွက် ပါဝင် အောင် သောက်ပေးတာက ကိုယ်အလေးချိန် လျှော့ချရာမှာ ထိရောက်မှုရှိပါတယ်။ လိမ္မော်ရည်က ဗီတာမင်စီ များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါ့ပြင် အရိုးအဆစ်ကိုလည်း သန်မာစေပါတယ်။

ပန်းသီးဖျော်ရည်


ပန်းသီးဖျော်ရည်တစ်ခွက်သောက်သုံးတိုင်း သင့်အတွက် အချိုဓာတ်များစွာရရှိနိုင်ပါတယ်။ 

ခရမ်းချဉ်သီး ဖျော်ရည်


အသီးအရွက်တွေကို ဖျော်ရည်လုပ်သောက်တာဟာ အဟာရဓာတ်တွေကို ပြည့်ဝစွာရရှိစေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ရဲ့ အစွမ်းက ကိုယ်အလေးချိန်လျော့ကျနိုင်တဲ့အပြင် ဆီးကျိတ်ကင်ဆာကိုလည်း လျှော့ချပေးပါတယ်။

အနီရောင်စပျစ်သီး ဖျော်ရည်


ဝိုင်နီက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဝိုင်နီထုတ်လုပ်တဲ့ အနီရောင် စပျစ်သီးက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အာနိသင်တွေရှိပါတယ်။ 

ဆီးသီးခြောက် ဖျော်ရည်


ဆီးသီးခြောက်ဖျော်ရည်က ဝမ်းချုပ်တာကို သက်သာ စေတဲ့ အိမ်သုံး ဆေးဝါးတစ်ခုပါ။ ဆီသီးခြောက်ဖျော်ရည်မှာ အင်ဒီအောက်ဆီးဒင့်၊ သံဓာတ် နဲ့ ပိုတက်စီယမ်တွေလည်း များစွာပါဝင်ပါတယ်။

သလဲသီးဖျော်ရည်


သလဲသီးဖျော်ရည်က အာဟာရရရှိမှုမှာ ထိတ်တန်းစာရင်းမှာ ပါဝင်တဲ့ ဖျော်ရည်တစ်ခုပါ။ သလဲသီးဖျော်ရည် ရှစ်အောင်စ သောက်သုံးပေးပါက ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါတယ်။




Some text some message..