ဆေးလိပ်သောက်တဲ့သူတွေ စားသင့်တဲ့ အစားအစာ (၅) မျိုး
mmload.com
|
2023-02-21

ဆေးလိပ်မှာနီကိုတင်းပါဝင်တာကြောင့် သောက်တာ ကြာလာတဲ့အမျှစွဲလာပြီး ဖြတ်ရခက်လာပါတယ်။ ဒါပေမယ့်ဆေးလိပ်ကကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ကို ဘာကောင်းကျိုးမှ မပေးတာကြောင့် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။   ဖြတ်ဖို့ ကြိုးစားနေတဲ့သူတွေ ဆေးလိပ်ဖြတ်ဖို့ အာသီသ ပြတ်အောင်ပဲ ဖြစ်ဖြစ်၊ မဖြတ်ခင် စပ်ကြားမှာ နီကိုတင်းပမာဏကိုလျှော့ချင်ရင်ပဲ ဖြစ်ဖြစ် အခုဖော်ပြပေးမယ့် အစားအစာ (၅)မျိုးကို စားပေးဖို့ လိုပါတယ်။

ကြက်သွန်


ကြက်သွန်ဆိုရာမှာ အဖြူ နှင့် အနီ နှစ်မျိုးစလုံးပါဝင်ပါတယ် ။ ကြက်သွန်က အဆုတ်ကို သန့်စင်ပေးနိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ် ။ အသက်ရှူလမ်းကြောင်း မှာ ရှိနေတတ်တဲ့ ချွဲသလိပ် ၊ အညစ်အကြေးတွေကိုလည်းဖယ်ထုတ်ပေးနိုင်ပြီး အဆုတ်ကိုလည်း ကျန်းမာသွက်လက်စေပါတယ်။

ဟင်းနုနွယ်ရွက်


ဖောလစ်အက်စစ်နဲ့ဗီတာမင်တွေ ပါဝင်တဲ့ ဟင်းနုနွယ်ရွက်ဟာ ဆေးလိပ်အရသာကို မခံနိုင်အောင် ကူညီပေးပါတယ်။ဒါ့ပြင် ကျန်းမာရေး အတွက် သင့်တော်တဲ့ အရွက်လည်းဖြစ်သလို ဆေးလိပ်မြန်မြန်ပြတ်စေတဲ့နည်းတစ်မျိုးပါပဲ။

ပန်းဂေါ်ဖီစိမ်း(Broccoli)


Broccoliမှာပါဝင်တဲ့ (Sulphoraphane) compound တစ်မျိုးက သွေးဖြူဆဲလ်တွေကို ကောင်းမွန်စေပြီးအဆုတ်မှာ ရှိတတ်တဲ့ အန္တရာယ်ရှိ ပိုးမွှားများနဲ့ အခြား အပျက်အစီးများကို ဖယ်ရှားပေးနိုင်ပါတယ်။ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး လူအများစုမှာ မကြာခဏဖြစ်တတ်တဲ့ အဆုတ်နဲ့ပတ်သတ်တဲ့ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ်။

မုန်လာဥဖျော်ရည်


နီကိုတင်းဟာအဆုတ်တင်မကဘူး၊ အရေပြားကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ မုန်လာဥမှာ ဗီတာမင် အေ၊ စီ၊ ကေနဲ့ဘီတွေ ပါဝင်တဲ့အတွက် အရေပြားကို ကျန်းမာစေပါတယ်။ ဒါ့ပြင် ကိုယ်ထဲက နီကိုတင်းကိုပါ စွန့်ထုတ်ပေးပါတယ်။

လိမ္မော်သီး


လိမ္မော်သီးအပါအဝင် ဗီတာမင် စီကြွယ်ဝတဲ့ အစားအစာတွေဟာ ဆေးလိပ်သောက်တဲ့သူတွေ စားသင့်တဲ့ အစားအစာထဲမှာပါပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေက များသောအားဖြင့် ဗီတာမင်စီ ချို့တဲ့တာ များပါတယ်။ သူကmetabolismကို မြန်စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေ ပျက်စီးတာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

သင်ကဆေးလိပ်သောက်တတ်ရင် ဒီ အစားအစာ ၅ မျိုးကိုတော့ မရှောင်မလွှဲဘဲ စားဖြစ်အောင် စားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ကိုယ့် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တတ်တဲ့သူရှိရင်လည်း ဝေမျှပေးလိုက်ပါဦးနော်.. .။




Some text some message..