
လျှာပေါ်တွင် မှက်ခရုပေါက်ခြင်းသည် ပါးစပ်ထဲတွင် သဘာဝအတိုင်း ရှိနေသော Candida albicans ဟုခေါ်သော မှိုအကောင်များ ကြီးထွားလွန်းလာကာ ပါးစပ်ထဲတွင် စုလာသောကြောင့်ဖြစ်သည်။လက္ခဏာများအစပထမပိုင်းတွင် မှက်ခရု ရောဂါလက္ခဏာများကို သတိမထားမိသော်လည်း ဖြစ်စေသောအကြောင်းပေါ်မူတည်၍ လက္ခဏာများ တဖြည်းဖြည်းပေါ်လာတတ်သလို၊ ရုတ်တရက်ပေါ်လာသည်များလည်းရှိသည်။ဖြစ်ပွားရသောအကြောင်းရင်းများပုံမှန်ဆိုလျှင် လူ့ခန္ဓာကိုယ်၌ ခုခံအားစနစ်မှနေ၍ ပိုးမွှားများကို ကာကွယ်ပေးထားသော်လည်း ခုခံအားကျဆင်းသော လူများတွင်မူ ကာကွယ်နိုင်စွမ်း နည်းပါးနေ၍ Candida များ ပွားလာကာ မှက်ခရုပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ခုခံအားကျဆင်းသော ရောဂါများ ဖြစ်သော HIV/AIDS, ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် မိန်းမကိုယ်အတွင်း ပိုးဝင်ရောက်ခြင်းရောဂါများနှင့် ခုခံအားကျစေသော ဆေးဝါးများ သောက်သုံးနေသူများတွင်အဖြစ်များတတ်ပါသည်။နောက်ဆက်တွဲ ပြဿနာများခုခံအားကျဆင်းသူများတွင် မှက်ခရုပေါက်ပါက ခန္ဓာကိုယ်၏ တခြားနေရာများဖြစ်သောအစာလမ်းကြောင်း၊အဆုတ်၊အသည်းနှင့် နှလုံးအဆို့ရှင်များသို့ပျံ့နှံသွားတတ်ပြီး ပါးစပ်နှင့်အစာရေမျိုပြွန်များတွင် ပြင်းထန်စွာဖြစ်ပါကအစာစားရာတွင် နာကျင်ခြင်းကြောင့်အခက်အခဲရှိတတ်ပါသည်။ ထို့ပြင်အူလမ်းကြောင်းထဲသို့ပျံ့သွားပါက ပြည့်စုံလုံလောက်သောအာဟာရ မရရှိနိုင်ပေ။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များမှက်ခရုပေါက်ခြင်းသည် မကုုသဘဲထားပါက ဆိုးရွားလာစေနိုင်သည့်အပြင် ခုခံအားကျဆင်းခြင်းကြောင့် ဖြစ်နိုင်သည့်အတွက် ရောဂါများရှိမရှိ စစ်ဆေးရန် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။စစ်ဆေးမှုများမှက်ခရုပေါက်ခြင်းကို မျက်စိဖြင့် ကြည့်ရုံဖြင့် သိနိုင်သော်လည်း တစ်ခါတစ်ရံအနည်းငယ် ခြစ်ယူကာ မှန်ပြောင်းအောက်တွင် စစ်ဆေးကြည့်ရန် လိုအပ်ပါသည်။ ထို့ပြင် ဖြစ်ပွားရသောအကြောင်းရင်းကို ရှာဖွေရန် - သွေးစစ်ခြင်း၊ -အစာရေမျိုပြွန်ထဲထိ ပျံ့နှံ့နေပါက လည်ချောင်းထဲမှအနည်းငယ်ယူကာအကောင်မွေးခြင်း (Throat culture)၊ -အစာရေမျိုပြွန်ထဲသို့မှန်ပြောင်းထည့်ကြည့်ခြင်း (Endoscopic exam) များဖြင့် ရောဂါရှာဖွေနိုင်ပါသည်။ကုသခြင်းမှက်ခရုအားကုသရာတွင်အသက်အရွယ်အပိုင်းအခြား၊ ပင်ကိုယ် ကျန်းမာရေးနှင့် ရောဂါပေါ်မူတည်၍ ကုသနည်းမှာလည်းအမျိုးမျိုးကွဲပြားပေသည်။အကယ်၍ ကျန်းမာသော လူကြီးနှင့် ကလေးများတွင်ဖြစ်ပါက မှိုသတ်ဆေးများကို ဆေးပြားနှင့် ဆေးရည်ပုံစံများနှင့်ပါ သောက်နိုင်သည်။ ကလေးနို့တိုက်နေသော မိခင်များနှင့် နို့စို့ကလေးငယ်များတွင်ဖြစ်ပါက ကလေးအတွက်အပျော့စား မှိုသတ်ဆေးပေးပြီး မိခင်အတွက်မူ Antifungal cream (မှိုသတ်ဆေး ကရင်မ်) ကို ရင်သားတွင် လိမ်းပေးရမည်ဖြစ်သည်။ ထို့အပြင် နို့သီးခေါင်းများ၊ နို့ဘူးမှ နို့သီးခေါင်းနှင့် ချိုလိမ်များကို သန့်ရှင်းအောင် ထားပေးရမည်။ သို့သော် HIV ရောဂါရှိသူများတွင်မူအပျော့စားမှိုသတ်ဆေးများနှင့် မသက်သာဘဲအထူးမှိုသတ်ဆေးများ ပေးသင့်သည်။ သို့ရာတွင် ဘေးထွက်ဆိုးကျိုး ဆိုးရွားသောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်ပါသည်။ကာကွယ်ခြင်းမှက်ခရု ပေါက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ရင်ကြပ်သက်သာဆေးများ ရှူပြီးတိုင်း ပါးစပ်ကို စင်ကြယ်အောင်ဆေးခြင်း၊ သွားကို တစ်ရက်အနည်းဆုံး ၂ ကြိမ် တိုက်ပေးခြင်း၊ သွားတုများ တပ်ဆင်ပါကအချိန်မှန်သန့်ရှင်းပေးခြင်း၊ သွားဆရာဝန်ထံသို့ မှန်မှန်သွားပြခြင်း၊ သကြားနှင့် မှိုပါဝင်နိုင်သောအစာများစားခြင်းကို လျှော့ချပေးခြင်းနှင့် မိန်းမကိုယ် မှိုရောဂါဖြစ်နေပါက စောစီးစွာ ကုသမှုခံယူခြင်းအစရှိသည်တို့ကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။Ref: Mayo Clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။